၂၀၂၃ ဂျပန်နိုင်ငံ အီးဗီရောင်းအား တစ်ဆခွဲ မြင့်တက်


၂၀၂၃ ဂျပန်နိုင်ငံ အီးဗီရောင်းအား တစ်ဆခွဲ မြင့်တက်

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘာ့အကြီးမားဆုံး ကားအသစ်ဈေးကွက်မှာ တရုတ်နိုင်ငံဖြစ်ပြီး အမေရိကန်က ဒုတိယနှင့် အိန္ဒိယက တတိယ အကြီးမားဆုံးဖြစ်သည်။

ဂျပန်သည့် စတုတ္ထကမ္ဘာ့အကြီးမားဆုံး ကားအသစ်ဈေးကွက်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ‌အီးဗီရောင်းအားသည် ၂၀၂၂ ခုနှစ်ရောင်းအား၏ တစ်ဆခွဲသုိ့ မြင့်တက်ခဲ့ပါသည်။ ဂျပန်နိုင်ငံ မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း Japan Automobile Dealers Association မှ ထုတ်ပြန်သည့် အချက်အလက်များအရ အီးဗီ ၈၈,၅၃၅ စီး ရောင်းချခဲ့ပြီး အိမ်စီးကားအသစ်ရောင်းအား စုစုပေါင်း၏ ၂.၂% ရှိပါသည်။ 

၂၀၂၃ ခုနှစ်တွင် ပုံမှန်အရွယ်အစား အီးဗီ ၄၃,၉၉၁ စီး၊  ကီ kei ဟု ခေါ်သည့် အပေါ့စား မီနီကား အီးဗီ ၄၄,၅၄၄ စီး ရောင်းချခဲ့သဖြင့် ကီအီးဗီက ပုံမှန်ထက် ရောင်းအား ပိုကောင်းခဲ့ပါသည်။

• Nissan Motor အီးဗီများ အရောင်းရဆုံးဖြစ်ပြီး အစီးရေ ၅၄,၈၀၀ ရောင်းချခဲ့သည်။ ၎င်းအစီးရေတွင် ၆၈% သည် ကီမော်ဒယ် Sakura အမှတ်တံဆိပ်များ ဖြစ်သည်။

 

• Mitsubishi Motors အီးဗီများဖြစ်သည့် ကီမော်ဒယ် eK X EV ၇,၂၀၁ စီး ရောင်းချခဲ့ပြီး ဒုတိယအရောင်းရဆုံး ဖြစ်ပါသည်။

 

• Toyota Motor က အီးဗီ ၂,၉၂၉ စီး ရောင်းချခဲ့သည်။

 

• ပြည်ပမှ တင်သွင်းရောင်းချသည့် အီးဗီများ ၂၂,၈၄၈ စီး ရောင်းချခဲ့သည်။ 

 

 

တရုတ်နိုင်ငံမှ BYD သည် ၂၀၂၃ ခုနှစ်တွင် ဂျပန်ဈေးကွက်ထဲ စတင်ဝင်ရောက်လာခဲ့ပြီး Atto 3 နှင့်  Dolphin အီးဗီမော်ဒယ် ၂ မျိုး ပွဲထုတ်ပြသပြီး ရောင်းချခဲ့ရာ စုစုပေါင်း ၁,၄၄၆ စီး ရောင်းချခဲ့သည်။

 

၂၀၂၃ ခုနှစ်မှာ ဂျပန်ကားအသစ်ဈေးကွက်တွင် ပုံမှန်အရွယ်အစား အိမ်စီးကားအမျိုးမျိုး အစီးရေ   ၂.၇ သန်း ရောင်းချခဲ့ရာ သမားရိုးကျ ဟိုက်ဘရစ် အစီးရေ ၁.၅ သန်း ပါဝင်သည်။ ရာခိုင်နှုန်းအားဖြင့် ၅၅% ဖြစ်ပါသည်။ ဓာတ်ဆီကား ၃၆% ပါဝင်ပါသည်။

သို့ဖြစ်ရာ ဂျပန်ကားဈေးကွက်သည် ပလပ်ထိုး အားသွင်း မဟုတ်သည့် သမားရိုးကျ ဟိုက်ဘရစ်ကားများကို ခုံမင်သည်ဟု ကောက်ချက်ချနိုင်ပါသည်။

 

 Source Asia Nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 287 times