ကာဝါစကီ ပထမဆုံး လျှပ်စစ်မော်တော်ဆိုင်ကယ် မကြာမီ စတင်ရောင်းချမည်


ကာဝါစကီ ပထမဆုံး လျှပ်စစ်မော်တော်ဆိုင်ကယ် မကြာမီ စတင်ရောင်းချမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ကာဝါစကီက အီတလီနိုင်ငံမှာ ကျင်းပခဲ့သည့် ၂၀၂၂ မီလန် မော်တော်ဆိုင်ကယ် ပြပွဲတွင် ၎င်း၏ ပထမဆုံး လျှပ်စစ်မော်တော်ဆိုင်ကယ် မော်ဒယ် ၂ မျိုးကို ပွဲထုတ်ပြသခဲ့သည်။

 Ninja e-1 နှင့် Z e-1 ဟု မော်ဒယ်အမည် ပေးထားသည်။ 
Ninja e-1 သည် ဓာတ်ဆီအင်ဂျင် Ninja 400 နှင့် လည်းကောင်း Z e-1 သည် ဓာတ်ဆီအင်ဂျင် Z400 နှင့်လည်းကောင်း ကိုယ်ထည်သွင်ပြင် ဆင်ဆင်တူသည်။ ဘီးနှင့်ဘရိတ်တို့သည် Ninja e-1 သည် Ninja 300 နှင့် ဆင်ဆင်တူပြီး  Z e-1 သည် Z300 နှင့် ဆင်ဆင်တူသည်။
ပါဝါ 11 kW (14.75 hp) အထိ ထုတ်ပေးနိုင်သည်။
အလေးချိန်မှာ  Z e-1 သည် 135 kg (298 lb.) ရှိပြီး Ninja e-1 သည် 140 kg (309 lb.) ရှိသည်။
ဘက်ထရီ ၂ လုံး ပေးထားမည်။ ဘက်ထရီကို အလွယ်တကူ ဖြုတ်/တပ် နိုင်သည်။ သို့ဖြစ်ရာ ဖြုတ်ယူပြီး အားသွင်းရမည်ဖြစ်သည်။ ဘက်ထရီတလုံး အားသွင်းနေစဉ် ကျန်တလုံးဖြင့် မောင်းနှင်နိုင်မည် ဖြစ်သည်။

ကာဝါစကီ၏ လျှပ်စစ်မော်တော်ဆိုင်ကယ်သည် ဂျပန်နိုင်ငံ၏ ပထမဆုံး street bike ဖြစ်လာမည်။

ဂျပန်နိုင်ငံ၏ မော်တော်ဆိုင်ကယ် ကြီး၄ကြီး Kawasaki, Honda, Yamaha, Suzuki တို့သည် လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုက်ဖို့ ဖင့်နွဲ့နေကြသည်။ လျှပ်စစ်မော်တော်ဆိုင်ကယ် ရှေ့ပြေးပုဲစံများ ပွဲထုတ်ပြီး ပြသကြသော်လည်း အ‌မြောက်အမြား ထုတ်လုပ်ခြင်း မရှိသေးပေ။ လျှပ်စစ်စကူတာအဆင့်မှာသာ ရောက်ရှိကြသည်။ 

Harley-Davidson နှင့် ၎င်းမှ သီးခြားခွဲထုတ်ပြီး ထူထောင်ထားသည့် LiveWire တို့သည် လျှပ်စစ် street bike ထုတ်လုပ်ရောင်းချနေသည်မှာ ၅ နှစ်နီးပါး ရှိပြီဖြစ်သည်။
အမေရိကန်ကုမ္ပဏီ Zero Motorcycles သည် လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုပ်ရောင်းချနေသည်မှာ ၁၀ နှစ်ကျော်ပြီဖြစ်သည်။

အီတလီမှ လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုပ်သူ Energica သည် ဈေးအမြင့်ဆုံး အတန်းအစားမှ Ducati အပါအဝင် အင်ဂျင်သုံး  sport bikes များနှင့်အပြိုင် လျှပ်စစ်မော်တော်ဆိုင်ကယ်များ ထုတ်လုပ်လျက်ရှိသည်မှာ ၁၀ နှစ်နီးပါး ရှိပြီ။
၎င်းလျှပ်စစ်မော်တော်ဆိုင်ကယ်များသည် အနည်းဆုံး 14 kWh ဘက်ထရီ သုံးထားကြသည်။ ကာဝါစကီ၏ လျှပ်စစ်မော်တော်ဆိုင်ကယ်များသည် 3 kWh ဘက်ထရီ သုံးထားသဖြင့် ဈေးကွက်ထဲ မျက်နှာငယ်ရလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ ဘက်ထရီအပြင် မော်တာကလည်း အမေရိကန်နှင့် အီတလီ လျှပ်စစ်မော်တော်ဆိုင်ကယ်များကို မမီချေ။


Source Electrek 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1540 times