အာဆီယံ အီးဗီ ထိုင်းနှင့် အင်ဒိုနီးရှား ဦးဆောင်


အာဆီယံ အီးဗီ ထိုင်းနှင့် အင်ဒိုနီးရှား ဦးဆောင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

လျှပ်စစ်ကားများ ရောင်းချမှုမှာ တစ်ကမ္ဘာလုံးတွင် စျေးကွက်ဝေစု ဆက်လက် တိုးမြှင့်ရရှိနေသည်။ အာဆီယံတွင် ထိုင်းနှင့် အင်ဒိုနီးရှားတို့သည် အာဆီယံအတွင်း အဓိကကျသော စျေးကွက်များ ဖြစ်လာသည်။

ကမ္ဘာ့ရောင်းအား

"အိမ်စီးကားအသစ် ကမ္ဘာ့ရောင်းအားတွင် အီးဗီဝေစု ၂၀၂၂ မှာ ၁၄% ရရှိခဲ့ရာမှ ၂၀၂၆ တွင် ၃၀% သို့ ခုန်တက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု BloombergNEF ၏ အာရှ-ပစိဖိတ် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အကြီးတန်း လေ့လာဆန်းစစ်သူ Allen Tom Abraham က ပြောကြားသည်။
လျှပ်စစ်ကားများ ရောင်းအားသည် အထူးသဖြင့် တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံအများအပြားတွင်  အရှိန်အဟုန် မြင့်တက်လာနေသည်။
တရုတ်နိုင်ငံတွင် အီးဗီများသည် စျေးကွက်ဝေစု ၅၂% ရရှိထားသည်။ ဉရောပတွင် ၄၂% ရရှိထားသည်။ အချို့ဥရောပနိုင်ငံများတွင် ရောင်းအား ဝေစု ၈၉% အထိ ရရှိသည်။ 

အမေရိကန်တွင်လည်း အီးဗီ ရောင်းအား သိသာထင်ရှားစွာ မြင့်တက်လာသည်။ သို့သော် တရုတ်နှင့် ဥရောပတို့နှင့် နှိုင်းယှဉ်လျှင် ‌ဝေစုကြီးထွားနှုန်း အတော်နှေးသည်။ ၂၀၂၇ တွင် ၂၈% ရရှိမည်ဟု ခန့်မှန်းထားသည်။ ယမန်နှစ်က ၇.၆% သာ ရှိသည်။

အီးဗီ ကမ္ဘာ့ရောင်းအားတွင် အားလုံးနီးပါးသည် အိမ်စီးကားများ ဖြစ်သည်။ အိမ်စီးအီးဗီ ကမ္ဘာ့ရောင်းအားသည် ၂၀၂၂  ခုနှစ်တွင် အစီးရေ ၁၉.၅ သန်း ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်တွင်  အစီးရေ ၂၇ သန်းနီးပါးအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

အာဆီယံ ရောင်းအား

အာဆီယံတွင် ထိုင်းနှင့်အင်ဒိုနီးရှားတို့သည် အီးဗီ စက်မှုလုပ်ငန်းအတွက် နိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုနှင့် နိုင်ငံ၏ လူဦးရေ အရွယ်အစားကြောင့် အာဆီယံ အီးဗီစျေးကွက်တွင် အဓိကကျသော ကစားသမားများဖြစ်လာမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ယမန်နှစ်က အီးဗီ ရောင်းအားမှာ အစီးရေ ၅၁,၀၀၀ ရှိခဲ့သည်။ ၂၀၄၀ ခုနှစ်တွင် အစီးရေ ၂.၉ သန်းအထိ ရှိမည်ဟု ခန့်မှန်းသည်။
ယမန်နှစ်အစောပိုင်းတွင် ထိုင်းအစိုးရအဖွဲ့သည် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တို့တွင်  အီးဗီသုံးစွဲမှုနှင့် ထုတ်လုပ်မှုကို မြှင့်တင်ရန် အခွန်သက်ညှာမှုများနှင့် ထောက်ပံ့ကြေးများ အပါအဝင် မက်လုံးအစီအစဉ်ကို အတည်ပြုပေးခဲ့သည်။ 

ထိုင်းအစိုးရ၏ မြှင့်တင်မှုကြောင့် ထိုင်းနိုင်ငံတွင် အီးဗီစျေးကွက်သည် လျင်မြန်စွာ ကြီးထွားလာသည်။

“ထိုင်းဟာ အာဆီယံ အီးဗီ စျေးကွက်မှာ ကြီးမားတဲ့ ကစားသမား ဖြစ်လာမှာပါ။ ဒါပေမဲ့ ၂၀၄၀  နောက်ပိုင်းမှာ အင်ဒိုနီးရှားက ပြည်တွင်းစျေးကွက် အရွယ်အစား ကြီးမားတာကြောင့် အိမ်စီးအီးဗီကဏ္ဍမှာ ဦးဆောင်နိုင်လိမ့်မယ်” ဟု Mr Abraham က ပြောကြားသည်။

 Source Bangkokpost

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 335 times