Maersk အိန္ဒိယတွင် အီးဗီအစီးရေ ၃၀၀ ဖြည့်ထည့်မည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Maersk သည် ၂၀၂၃ အောက်တိုဘာလတွင် အိန္ဒိယရှိ ၎င်း၏ယာဉ်စုသို့ အီးဗီ အစီးရေ ၃၀၀ ဖြည့်ထည့်ရန် စီစဉ်ထားကြောင်း ကမ္ဘာလုံးဆိုင်ရာ လော့ဂျစ္စတစ် လုပ်ငန်းကြီး Maersk က ဩဂုတ်လ ၂၁ တွင် ပြောကြားသည်။
Maersk သည် မြို့ကြီး ၁၅ မြို့တွင် အီးဗီ အစီးရေ ၂၀၀ ကျော် သုံးစွဲလျက်ရှိသည်။
မြို့ကြီး ၁၁ မြို့ ထပ်တိုးမည် ဖြစ်ပြီး အီးဗီ စုစုပေါင်း အစီးရေ ၅၀၀ ကျော် ဖြစ်လာမည်။
ယမန်နှစ် စင်တင်ဘာလတွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင် လျှပ်စစ် ၃ ဘီးယာဉ်များနှင့် ၄ ဘီးယာဉ်များကို စတင်သုံးစွဲခဲ့သည်။
Maersk သည် အိန္ဒိယနိုင်ငံရှိ ကြီးမားသော e-commerce ပလက်ဖောင်းတစ်ခုနှင့် မကြာသေးမီက ချိတ်ဆက်ခဲ့ကြောင်း၊ ၎င်းပလက်ဖောင်းမှ ပေးပို့သည့် ပစ္စည်းများ ပို့ဆောင်ရေးကို Maersk က ဝန်ဆောင်မှု ပေးအပ်ကြောင်း Maersk မှ ပြောကြားခဲ့သည်။
၎င်းဝန်ဆောင်မှုအတွက် ကုန်ပစ္စည်းများ အလေးချိန် ၅၅၀-၇၀၀ ကီလိုဂရမ် သယ်ယူပို့ဆောင်ပေးနိုင်ပြီး ခရီးတာ ကီလိုမီတာ ၁၂၀ ကျော်အထိ သွားနိုင်သည့် အီးဗီများ သုံးစွဲပါသည်။
Source ET
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL