ထူးခြားချက် တခုက EGR Stepper motor ပွင့်နေလျက် ကျပ်ပြီးဂျမ်းဖြစ်သွားတာပါ။
အဲ့လိုပွင့်လျက်ဂျမ်းဖြစ်သွားလျင် နိုးလို့ မရတော့ပါဘူး stepper motor ကဟပြီးပွင့်နေတော့ အိပ်ဆောငွေ့ တွေအင်ဂျင်ထဲ အရမ်းပြန်ဝင်နေပြီးနိုးမရတော့ပါဘူး။
ဆီလာတယ်မီးလာတယ် compressure ကောင်းတယ်ဒါပေမဲ့နိုးမရတော့ပါဘူး။ သော့ On ပြီး stepper motor ရဲ့ step position data ကိုကြည့်တော့လဲ 0 position ဘဲပြတော့ အတွေ့အကြုံမရှိရင် အခက်အခဲဖြစ်ပြီပေါ့။ ဒီပြသနာနဲ့ ပုံစံတူ ဖြစ်ရပ်မျိုး ကို 1azfse အင်ဂျင်မှာလဲ ဖြစ်ပါတယ်။ သူကနိုးလို့ရပါတယ်။ Dနဲ့ မီးပိုင့်မိတဲIdle အချိန်တွေမှာ Egr လိုက်ရောလို့ နဲနဲတုန်တာဘဲရှိပါတယ်။ ( ဒီအကြောင်းအရာကရေးပြီးသားပါ။) Atlas ဓာတ်ဆီBongo ဓာတ်ဆီအင်ဂျင်မှာလဲ egr stepper motor ပွင့်လျက် ဂျမ်းဖြစ်လျင် သူကနိုးလိုး့ရသော်လည်း idle တွင် အရမ်းတုန်ပါတယ်။ လီဘာနင်းထားရင်အတုန်သက်သာပါတယ်။ Egr SYSTEM နှင့် ယှဉ်စဉ်းစားပါ။
နောက်တခုကနော့ THROTTLE MOTOR LOCK ကျုခင်းပါ။ IDLE ဘဲနိုးရတယ် လီဘာနင်းရင်RPM ကလုံးဝမတက်ခြင်းပါ။ P1128 /P2118 တိုပေါ်ပြီလဲဖြစ်တယ်မပေါ ်ဘဲ လဲဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်သွားလျင် ကောင်းနေတဲ့ ကားက လေတံခါး ECU ပြောင်းထည့်သော်လဲမရဘဲ ဖြစ်နေတတ်ပါတယ်။ THROTTLE MOTOR ဝါယာကM+ နဲ့ M- နှစ်ချောင်းထဲရှင်းပါတယ်။ အဲ့လိုကား မျိုး 2013နဲ့2018 ကြားမှာ အစီး ၁၃ စီး လိုက်လုပ်ဘူးပြီးမှတ်တမ်းသေခြာရေးထားပါတယ်။
လုပ်ပုံလုပ်နည်းကိုပြောပြပါမည်။ electronic ဆရာများ wiring ဆရားများနဲ့ ပေါင်းပြီး အဖြေရှာကြည့်ပါသည်။တိကြတဲ့ အဖြေတော့မရခဲ့ပါ။ ကျွန်တော်လက်တွေ့လျောက်လုပ်ပြီး ကောင်းသွားတာတွေကိုပြောပြပါမည်။ Throttle position sensor ကို ဟိုချိန်ဒီချိန်လုပ်ပါသည်။ ပြီလျင်IG ON (ကားမနိုးပါ) ပြီး လီဘာကိုဖြည်းဖြည်းဆုံးအောင်နင်း ပြန်လွတ် အဲ့လို ၅/၆ ကြိမ်လောက်လုပ်ပြီးနိုးပြီးလီဘာနင်းတော့OK သွားတတ်ပါသည်။ ၃ စီးလောက်ကဒီနည်းနဲ့ ကောင်းသွားပါသည်။
( nissan group throttle setting ကို စက်မပါဘဲ လုပ်တဲ့နည်းပါ။ )။ အဲ့ဒါမှမရလျင် ecu ဖြုတ် ဟိုတိုင်းဒီတိုင်းလုပ်ပါတယ်။ m+ m- ကြိုး ပြတ်မပြတ် တိုင်း ecu ကို နာရီအချို့ ဖြုတ်ထား ။ အဲ့လိုတွေ လုပ်ပြီး ပြန်တတ်တော့ ကောင်းသွားပြီ ။ ဒီနည်းနဲ့ ၅ စီးလောက်ကောင်းသွားပါတယ်။ အဲ့ဒါမှမကောင်းသေးလျင် ECU ကိုဖွင့်ပြီး THINNER OR ဓာတ်ဆီ တွေနဲ့ သေခြာဆေးလေးမှုတ်သန့်စင် အပူးပေး အခြောက်ခံ ပြီးပြန်တတ်နိုးတော့ ကောင်းသွားပါပြီ ။
အဲ့ နည်းကနောက်ဆုံးကောင်းတဲ့ နည်းပါ။ အဲ့နည်းကိုလွယ်လွယ်နဲ့ရတာတော့မဟုတ်ပါဘူး။ ကျွန်တော်ကားတစ်စီး ၂ ရက်လောက်လုပ်တာမရတော့ မိတ်ဆွေ ELECTRONIC ဆရာ ဦးကျော်သူဟန် ကို ECU ပေးလိုက်ပြီး စစ်ခိုင်းလိုက်တယ်။ သူလဲ၂ရက်လောက် အသေးစိတ် စစ်ပြီး လာပြန်ပေးတယ်။ ELECTRONIC အမြင်နဲ့ ဘာ ပြစ်ချက်မှမတွေ့ ဘူး ။အဲ့ ECU ပြန်တတ်ပြီးနိုးတော့ OK သွားပြီ ။ ဟေ့ ခင်ဖိားဘာလုပ်သေးလဲ မေးတော့ THINNER နဲ့ သေခြာဆေးတာဘဲလုပ်ပါတယ် လို့ ပြောလို့ကျွန်တော်ကမှတ်ပြီး လိုက်လုပ်တာပါ။ 90% အောင်မြင်ပါတယ်။ (ဒီအကြောင်းအရာ SOURTH ကိုယူပြီး ပညာရှင်များတိကြတဲ့ အဖြေကိုဆက်ရှာစေခြင်ပါသည်။
ကျွန်တော်လိုက်လုပ်လို့ ကောင်းသွားတဲ့ ကားတွေမှာ လဲ ရသောပစ္စည်း မရှိပါ ။ LOCK ကျသောဖြစ်ရပ်ကို လီဘာနင်းနိုးသောကားများနှင့် Throttle position sensor ကို setting out အောင် လိုက်ချိန်ထားသေား 1jzfse အင်ဂျင်များတွင်အဖြစ်များကြောင်းကို အတွေ့ အကြုံအနေနဲ့ ( သီအိုရီတော့ မဟုတ်ပါ) ရေးသားရှင်းပြလိုက်ပါတယ်။
Source: Than Zaw (Facebook)