တိုယိုတာ မာ့ခ်အိက်စ်မှာ ဖြစ်တတ်တဲ့ ပြဿနာ ကိုးချက်


ပြည်တွင်းမှာ လူကြိုက်အများဆုံအမှတ်တံဆိပ်ကတော့တိုယိုတာ ပဲဖြစ် ပါတယ်။

တိုယိုတာ မာ့ခ်အိက်စ် (Toyota Mark X) ကိုလည်း ဇိမ်ခံကားအနေနဲ့ တန်ဖိုး ထား စီး တဲ့သူများပါတယ်။ အဲဒါကြောင့်  တိုယိုတာမာ့ခ်  အိက်စ်ကားအမျိုးအစားမှာ ဖြစ်တတ်တဲ့ ပြဿနာအချို့ကိုဖော်ပြပါတယ်။

၁။ ပါဝါစတီယာရင် ပြဿနာ
၂၀ဝ၆ မော်ဒယ်လ် Mark X မှာ  ပါဝါစတီယာရင် ချို့ယွင်းတဲ့ ပြဿနာအဖြစ်များပါတယ်။ စတီ ယာရင် အသုံးပြုရတာချောမွေ့မှုမရှိဘဲမာကျောကျောဖြစ်လာတာပါ။  ဒက်ရှ်ဘုတ်မှာရှိတဲ့ ပါ ဝါစတီယာရင်မီးလင်းလာပြီး ပါဝါစတီ ယာရင်ရဲ့အ စိတ်အပိုင်းတစ်ခုခု ချို့ယွင်းနေကြောင်း သ တိပေးပါတယ်။ အထူးသဖြင့် မိုးသည်းထန်အောင်ရွာလို့ လမ်းပေါ်မှာရေတွေများနေတဲ့အခါ ပါ ဝါစတီယာရင်ကို  အားစိုက်အသုံးပြုရတာကသိသာ ထင်ရှားစေပါတယ်။

၂။ ဒက်ရှ်ဘုတ်က အသံမြည်လာတာ
၂၀ဝ၅ မော်ဒယ်လ် Mark X ရဲ့ ဒက်ရှ်ဘုတ်အတွင်းက အသံမြည်လာတဲ့ ပြဿနာပါ။ ကားမော င်းနှင်နေစဉ်မှာ ကြားရတတ်ပါတယ်။  သိပ်ကျယ်လောင်တာမျိုးမဟုတ်လို့ သတိထား နားထောင် မှကြားရတတ်ပါတယ်။

၃။ အောက်ဆီဂျင် ဆင်ဆာပြဿနာ
၂၀ဝ၄ မော်ဒယ်လ် Mark X ရဲ့ အင်ဂျင်ချက်မီး (engine check light) လင်းလာတာပါ။ အဲဒါေ ကြာင့် diagnose tool နဲ့ ကွန်ပျူတာထိုးစစ်တဲ့အခါ Oxygen sensor က ချွတ်ယွင်းတယ်ဆို တာအဖြေထွက်ပါတယ်။ အမျိုးအစားတူညီတဲ့ အောက်ဆီဂျင် ဆင်ဆာအ သစ်နဲ့လဲလှယ် လိုက် တဲ့အခါ ချက်မီးငြိမ်းသွားပြီး ပုံမှန်အလုပ်လုပ်ပါတယ်။

၄။ အင်ဂျင်ချက် မီးလင်းတာ
၂၀ဝ၅ မော်ဒယ်လ် Mark X ရဲ့ အင်ဂျင်ချက်မီးလင်းတဲ့ ပြဿနာပါ။ ဘက်ထရီနဲ့ ချိတ်ဆက်တဲ့ နေရာကချို့ယွင်းတာဖြစ်နိုင်တဲ့အတွက်စစ်ဆေးပြီး ပြန်လည်တပ်ဆင်တဲ့အခါ အင်ဂျင်ချ က် မီးငြိမ်းသွားပါတယ်။  အင်ဂျင်ပလတ်တွေက ချို့ယွင်းတဲ့အတွက်  အင်ဂျင်ချက်မီးလင်း တာမျိုး လည်းရှိနိုင်ပါတယ်။ ချို့ယွင်းတဲ့ အင်ဂျင်ပလတ် (plug) ကိုလဲလှယ်ရမှာဖြစ်တယ်။

၅။ စက်နှိုးလို့ မရတဲ့ ပြဿနာ
၂၀ဝ၆ မော်ဒယ်လ် Mark X ရဲ့ ဘက်ထရီချို့ယွင်းတာကြောင့်  ဘက်ထရီအသစ်လဲလှယ်ပြီး နောက်ပိုင်းစက်ပြန်နှိုးလို့မရတာပါ။ အဆင့်မြင့် ကားတွေမှာကွန်ပျူ တာအလုပ်မလုပ်ရင်လည်း စက်နှိုးလို့မရတတ်ပါဘူး။ အဲဒါကြောင့် ကွန်ပျူတာကိုစစ်ဆေးဖို့လိုအပ်တာဖြစ်ပါတယ်။

၆။ ကားဟွန်းတီးလို့ မရတာ
၂၀၁၃ မော်ဒယ်လ် Mark X ရဲ့ ကားဟွန်း (horn) ကို  အသုံးပြုလို့မရတာပါ။ ဟွန်းခလုတ်ကို ကြိုးစားပြီး အကြိမ်ကြိမ်နှိပ်တဲ့အခါ မြည်လိုက် မမြည်လိုက် ဖြစ်နေတတ်ပါတယ်။  အင်ဂျင်ကို လုံးဝရပ်လိုက်ပြီး ပြန်နှိုးတဲ့အခါမှာတော့ ကားဟွန်းကပုံမှန်အလုပ်လုပ်နေပါတယ်။ ဟွန်းကိုပြုပြင် စရာမလိုဘဲ အင်ဂျင်အပိတ်အဖွင့်ပြုလုပ်တာနဲ့ ဟွန်းကို ပုံမှန်အလုပ်ပြန်လုပ်စေနိုင်ပါတယ်။

၇။ စီးကရက်လိုက်တာပေါက်သုံးမရတာ

၂၀ဝ၅ မော်ဒယ်လ် Mark X ရဲ့ စီးကရက်လိုက်တာပေါက်က အသုံးပြုလို့မရတာပါ။  အဲဒါက ဖျူ့စ်ဘောက်စ် (fuse box)မှာရှိတဲ့ စီးကရက်လိုက်တာပေါက်နဲ့ဆက်သွယ်တဲ့ ဖျူ့စ်(fuse)ပတ်ေ တာက်သွားတာဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်တဲ့ ဝါယာရင်းဆရာနဲ့ စစ်ဆေးလဲလှယ်ရမှာဖြစ်တယ်။

၈။ ခေါက်သံနဲ့ အတူ အင်ဂျင်ပူနွေးလာတာ
၂၀ဝ၄ မော်ဒယ်လ် Mark X တွေမှာ ခရီးဝေးမောင်းနှင်တဲ့အခါ အင်ဂျင်ပူနွေးလာပြီး ခေါက်သံထွ က်လာတတ်တာပါ။ အရည်အသွေးမပြည့်မီတဲ့ လောင်စာဆီတွေအသုံးပြုမိရင် ခေါက်သံထွက် လာတတ်ပါတယ်။ မီးတိုင် ပင်စောတာ၊ အင်ဂျင်ပလတ်တွေချို့ယွင်းတာဖြစ်နိုင်ပါတယ်။ အရည် အသွေးပြည့်မီတဲ့ လောင်စာဆီကိုရွေးချယ်အသုံးပြုဖို့  လိုအပ်သလို အင်ဂျင်ပလတ် (plug) ချို့ ယွင်းရင်အသစ်လဲလှယ်ရမှာဖြစ်တယ်။

၉။ ကွန်ပျူတာ ချို့ယွင်းတာ

၂၀ဝ၅ မော်ဒယ်လ် Mark X ကို  စက်နှိုးမရလို့ ပြစ်ချက်ရှာဖွေတဲ့ ကိရိယာနဲ့ထိုးစစ်တဲ့အခါ ကွန် ပျူတာ နံပါတ်  89661 -30A41 ဆိုပြီးပြသပါတယ်။ အဲသည် နံပါတ်ကွန်ပျူတာ အသစ်ရှာဖွေ လဲလှယ်ရမှာဖြစ်ပါတယ်။ တက္က နစ်ရှင်တွေကတော့ အော်ရီဂျင်နယ် ကွန်ပျူတာအသစ် ကိုလဲ လှယ်တပ်ဆင်ဖို့အကြံပြုကြပါတယ်။

 

 
Read 1216 times