ထိုကားတွင် Turbocharged စနစ်သုံး V6 အင်ဂျင်ကို အမျိုးအစားနှစ်မျိုးရွေးချယ်နိုင်မည်ဖြစ်သည်။
Suspension စနစ်မှာ ဇိမ်ခံမော်ဒယ်တွေ၏ တည်ဆောက်ပုံမဟုတ်သည်ကို တွေ့ရသည်။
Sport ကားများ၏ စနစ်မျိုးထည့်ထားခြင်းဖြင့် ပုံမှန်လမ်းကြောင်းအနေအထားတွင် အကောင်းဆုံးလိုက်ပါစီးနှင်းမှု ခံစားရနိုင်မည်ဖြစ်သည်။
အတွင်းခန်းတပ်ဆင်ပစ္စည်းများ၏ အရည်အသွေးမှာ ဈေးကွက်ဝင် တန်းတူမော်ဒယ်များထဲတွင် ပြိုင်ဘက်မရှိလောက်အောင်ကောင်းမွန်သည်ကို တွေ့ရသည်။
အထူးသဖြင့် သရေဦးစားပေးအတွင်းခန်းနံရံနှင့် ထိုင်ခုံသားတွေကြောင့်ဖြစ်သည်။
ကိုယ်ထည်ပိုင်းမှာ အသေးစား Crossover တန်းဝင်မော်ဒယ်ဖြစ်ပြီး ခရီးသည် ၅ ယောက်စီးနိုင်ရန်ပြုလုပ်ထားသော်လည်း ၄ ယောက်အတွက်သာသင့်တော်ပါသည်။
နောက်ဘက်ဝန်တင်ခန်းမှာလည်း ပုံမှန်အနေအထားရှိပါသည်။
အပြင်ဘက်အရောင်ကို ၁၃ ရောင်ထိအောင်ရွေးချယ်နိုင်ပါသည်။
အတွင်းပိုင်းအရောင်မှာ သားရေအရောင်အပေါ်မူတည်ပြီး ၁၁ မျိုးရရှိနိုင်ပါသည်။
ဒီဇိုင်းမှာဆင်တူပြီး အရောင်အနည်းငယ်သာကွဲပြားသွားသည်ကို တွေ့ရသည်။
ကား၏ အလျား ၁၆ ပေနှင့် ၅ လက်မ၊ မျက်နှာစာအကျယ် ၆ ပေနှင့် ၅.၅ လက်မ၊ အမြင့်မှာ ၅ ပေနှင့် ၆.၁ လက်မရှိပါသည်။
ကားတစ်စီးလုံး၏ အလေးချိန်မှာ ၄၆၄၉ ပေါင်ရှိသည်။
မော်ဒယ်၏ အင်ဂျင်စနစ်မှာ ၃.၀ လီတာသုံး V6 အင်ဂျင်တစ်မျိုးတည်းရနိုင်ပါသည်။
မြင်းကောင်ရေ ၃၄၅ ကောင်အားရှိပြီး နောက်ထပ် Turbo နှင့် မော်ဒယ်မှာ မြင်းကောင်ရေ ၄၂၄ ကောင်အားထွက်မည်ဖြစ်သည်။
ရုန်းအားပိုင်းမှာ ၃၆၉ ပေါင်-ပေရှိပြီး အင်ဂျင်ပတ်လည်အားတစ်မိနစ်အပတ်ရေ ၁၇၅၀ တွင် ဝန်ဆောင်မှု ပေါင် ၁၇၀၀၀ ဝန်းကျင်ရရှိနိုင်မည်ဖြစ်သည်။
ဆီစားနှုန်းမှာ Off-Road အနေအထားမှာ အနည်းငယ်များသွားနိုင်ပါသည်။
မော်ဒယ်အင်ဂျင်၏ အမြန်နှုန်းမှာ တစ်မိနစ်အပတ်ရေ ၅၇၅၀ ထိလည်ပတ်နိုင်မည်ဖြစ်သည်။
အမြန်ဆုံးမောင်းနှင်းနိုင်မှုအပိုင်းမှာ တစ်နာရီမိုင် ၁၂၀ ခန့်မောင်းနှင်နိုင်မည်ဖြစ်သည်။
ပြိုင်ဘက်မော်ဒယ်မှာ တစ်မိနစ်အပတ်ရေ ၆၀၀၀ နှင့်အထက်မောင်းနှင်းနိုင်မည်ဖြစ်သည်။
စွမ်းဆောင်ရည်မှာ တစ်နာရီမိုင် ၆၀ နှုန်းကို အချိန် ၅.၁ စက္ကန့်ဖြင့်မောင်းနှင်းနိုင်မည်ဖြစ်ပြီး ပြိုင်ဘက်မော်ဒယ်များထက်အမြန်ဆုံးနှုန်းဖြစ်ကြောင်းသိရသည်။
ဆီစားနှုန်းမှာ ပျမ်းမျှ ၁၆ မိုင်စီနှင်းနိုင်မည်ဖြစ်သည်။