အိန္ဒိယဈေးကွက်သို့  ဗြိတိန်ပြိုင်ကား McLaren မောင်းဝင်တော့မည်


အိန္ဒိယဈေးကွက်သို့  ဗြိတိန်ပြိုင်ကား McLaren မောင်းဝင်တော့မည်

ဗြိတိန်ပြိုင်ကားထုတ်လုပ်သူ McLaren Automotive က  အိန္ဒိယဈေးကွက်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း တနင်္လာနေ့ (ဩဂုတ် ၂၂)တွင် ပြောကြားခဲ့သည်။ ၎င်း၏ ပထမဆုံး ကားအရောင်းပြခန်းကို ယခုနှစ်နှောင်းပိုင်းတွင် မွမ်ဘိုင်းမြို့တွင် ဖွင့်လှစ်ရန်စီစဉ်ထားပြီးပြီဟု ပြောကြားသည်။

 

အိန္ဒိယတွင် တစ်နှစ်လျှင် ကားအသစ်စီးရေ ၃ သန်းခန့် ရောင်းချပြီး စည်းစိမ်မော်ဒယ် ဈေးအင်မတန်ကြီးသည့် ကားများ၏ ဈေးကွက်ဝေစုမှာ ၁% သာသာမျှသာ ရှိပါသည်။ အိန္ဒိယကားအသစ်ဈေးကွက်တွင် ကားရောင်းဈေးသည် အခရာကျသဖြင့် ဈေးအနိမ့်ကားများ အရောင်းရဆုံး ဖြစ်ပါသည်။McLaren က   Infinity Cars လုပ်ငန်းကို လက်လီအရောင်း စီးပွားဖက်အဖြစ် လက်တွဲရန် ရွေးချယ်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။ ကားအရောင်းပြခန်းကို Infinity Cars က မွမ်ဘိုင်းမြို့တွင် အောက်တိုဘာလမှာ ဖွင့်လှစ်မည် ဖြစ်ပါသည်။ 

 

အိန္ဒိယ ကားဈေးကွက်သည် တိမ်မယောင်နှင့် နက်သဖြင့် ကားလုပ်ငန်းကြီးများ ရေနစ်လေ့ ရှိပါသည်။ သာဓက အားဖြင့် Ford သည် ဘီလျံချီအရှုံးပေါ်သဖြင့် ဈေးကွက်မှ နုတ်ထွက်ခဲ့ရသည်။ Tesla က အိန္ဒိယ ကားဈေးကွက်တွင် ရောင်းချရန် စီစဉ်ပြီးကာမှ အစိုးရက ကားစက်ရုံ ဆောက်လုပ်ရန်၊ တရုတ်ပြည်မှာ ထုတ်လုပ်သော Tesla ကားများ တင်သွင်းရောင်းချခြင်း မပြုရန် ပြောဆိုသဖြင့် ပွဲပျက်ပြီး နုတ်ထွက်လိုက်ပါသည်။ 

 

Suzuki Motor မှ ရှယ်ယာအများစု ပိုင်ဆိုင်သည့် Maruti Suzuki က ဈေးအနိမ့်တန်း အရွယ်ငယ်ငယ် ကားမော်ဒယ်များဖြင့် အိန္ဒိယ ကားဈေးကွက်ကို ကြီးစိုးထားပြီး အိန္ဒိယနိုင်ငံတွင် အကြီးဆုံး ကားလုပ်ငန်း ဖြစ်ပါသည်။ 

 

Source:Reuters

#MyanmarAutomobileGuide

Telegram Channel https://t.me/Guid4U

MAG

Read 621 times