Mercedes-Benz နှင့် Geely ပူးပေါင်းထုတ်လုပ်သည့် Smart #1


Mercedes-Benz နှင့် Geely ပူးပေါင်းထုတ်လုပ်သည့် Smart #1


Mercedes-Benz နှင့် Geely ပူးပေါင်း လုပ်ကိုင်သော ကား brand တစ်ခု ဖြစ်သည့် Smart  ရဲ့ဘပထမဆုံးအီးဗီမော်ဒယ်ကို Smart #1 လို့ အမည်ပေးထားပါတယ်။

ကားထုတ်လုပ်ရေး လုပ်ငန်းကြီးနှစ်ခုက 50:50 ဆတူ ရင်းနှီးမြှုပ်နှံထားတဲ့ ဖက်စပ်လုပ်ငန်း Smart Automobile ကို ၂၀၁၉ မှာ ထူထောင်ခဲ့ပါတယ်။ စက်ရုံကို တရုတ်နိုင်ငံမှာ ထားရှိပါတယ်။Geely ရဲ့ လျှပ်စစ်မော်တော်ယာဉ်ပလက်ဖောင်း SEA modular ဖြင့် ထုတ်လုပ်ထားပါတယ်။ အမြန်အားသွင်းစနစ် သုံးစွဲနိုင်ပါတယ်။ 
နောက်ဘီးယက် ဖြစ်ပြီး မော်တာတစ်လုံး သုံးထားတာ ပါဝါ 268 hp အထိ ထုတ်ပေးနိုင်တယ်။ အမြန်ဆုံးအမြန်နှုန်း တစ်နာရီ ၁၁၂ မိုင်အထိ ပြေးနိုင်စွမ်းရှိတယ်။
66-kilowatt-hour ဘက်ထရီကုိ အားအပြည့်သွင်းပြီးရင် ခရီးတာ မိုင် ၂၅၀ အထိ သွားနိုင်တယ်။ အားသွင်းနှုန်း အများဆုံး150 kilowatts အထိ ခံနိုင်ရည်ရှိပြီး 80% ကို နာရီဝက်ဖြင့် အားပြည့်ပါတယ်။


#1 ရဲ့ ကားကိုယ်ထည် ဒီဇိုင်းက Mercedes  အီးဗီတွေရဲ့ ဒီဇိုင်းကို ယူသုံးထားတယ်။ တံခါးလက်ကိုင်ကအစ အသေးစိတ် ဂရုစိုက်ပေးထားတယ်။

အတွင်းပိုင်းမှာ ပရီမီယံ အင်္ဂါရပ်တွေဖြစ်တဲ့ ၁၂.၈ လက်မ infotainment screen ၊ ၁၀ လက်မ head-up display ၊ ၉.၂ လက်မ digital instrument cluster တို့ တပ်ဆင်ပေးထားပါတယ်။
ရောင်းဈေးကို အတိအကျ တရားဝင် မကြေညာသေးပါဘူး။

ခန့်မှန်း ရောင်းဈေးနှုန်းက အမေရိကန်ဒေါ်လာ ၄၃,၀၀၀ ဝန်းကျင် ဖြစ်ပါတယ်။ 

 

 

+

+

 

 

 

Read 1080 times