Mercedes-Benz Myanmar မှ GLC 250 ကားသစ်ကို မြန်မာနိုင်ငံ ဈေးကွက်အတွင်း စတင်မိတ်ဆက် ရောင်းချပေးနေပြီ ဖြစ်ကြောင်း သိရ သည်။
၂ဝ၁၈ မိုဒယ် GLC 250 4 Matic ကားသည် Mercedes-Benz ၏ ထင်ရှားသည့် SUV Model တစ်မျိုးဖြစ်ပြီး ထူးခြားဆန်း သစ်သည့် AMG ဖန်တီးမှုလက်ရာ၊ ဆီစားသက်သာပြီး စွမ်းဆောင်ရည် မြင့် အင်ဂျင်ပါရှိခြင်းနှင့် အဆင့်မြင့် နည်းပညာများ ထည့်သွင်းအသုံးပြု ထားသည်။
GLC 250 တွင် (2.0L I4 Engine) ဓာတ်ဆီအင်ဂျင် (211 hp) နှင့် (9G-Tronic Gearbox) တို့ကို တပ်ဆင်ထားသည်။ AMG Bodystyling ဖြင့် လှပစွာ ဖန်တီး ထားသည့် ကားဒီဇိုင်း၊ Apple Car Play ၊ Andriod Auto ၊
Ther- motronic Climate Control ၊ Hands-free Access ၊ Burm- ester အမျိုးအစား ပတ်လည် အသံ စနစ် စသည့် နောက်ဆုံးပေါ် နည်း ပညာများစွာလည်း တပ်ဆင်ထား သည်။
၂ဝ၁၈ မိုဒယ် Mercedes-Benz GLC 250 4 Matic ကို အမေရိကန်ဒေါ်လာ ၁၅၅,ဝဝဝ ဖြင့် ရောင်းချပေးနေပြီး အာမခံအဖြစ် 4 Years Warranty နှင့် 3 Years Free Oils Service ရရှိမည်ဖြစ် ကြောင်း သိရသည်။