Mercedes-Benz GLS Class


အသစ်စက်စက် Mercedes-Benz GLS Class သည် အဆင့်မြင့်လုံခြံုရေးစနစ်များဖြစ်သော attention assist နှင့် pre safe system များပါရှိသည့်အတွက် အန္တရာယ်ရှိသော အခြေအနေများကို ကြိုတင်သတိပေးနိုင်ပါသည်။

Crossover SUV မိုဒယ်အသစ်ဖြစ်ပြီး ခရီးသည်ခုနစ်ယောက်စီးနိုင်သော ခုံသုံးတန်း full size crossover လည်း ဖြစ်ပါသည်။

New GLS Class ၏ ဒီဇယ်အင်ဂျင်တပ်ဆင်သော GLS 350d 4 matic ၏ စျေးနှုန်းသည် အမေရိကန်ဒေါ်လာ ၂၈၀၀၀၀ ဝန်းကျင်မှ စတင်ပါသည်။

Mercedes-Benz GLS Class သည် နှစ်နှစ်အာမခံရရှိမှာဖြစ်ပြီး Mercedes-Benz Myanmar က တင်သွင်းရောင်းချခြင်း ဖြစ်ပါသည်။

GLS 350d 4 matic သည် 3.0L V6 အင်ဂျင်ဖြစ်ပြီး အော်တိုဂီယာကိုးချက်ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

ဒီဇယ်အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ ၁၉၀ ရှိ၍ ရပ်တည်ရာနေရာမှ ရ.၈ စက္ကန့်အတွင်း တစ်နာရီ ကီလို ၁၀၀ နှုန်းအထိ မြှင့်တင်နိုင်ပါသည်။

Mercedes-Benz GLS Class သည် ရှေ့လေဝင်ပေါက် ကျယ်ဝန်းပြီး ဒီဇိုင်းဆန်းသစ်ထားသော ရှဲလ်နှစ်တန်းနှင့် အလယ်တွင် မာစီဒီးစ်၏ Logo ကိုတပ်ဆင်ထားပါသည်။

ရှဲလ်နှင့် လိုက်ဖက်စေသော ရှေ့မီးလုံးများသည် LED intelligent lighting များဖြစ်ပြီး လမ်းအခြေအနေနှင့် ပတ်ဝန်းကျင်အခြေအနေများကို သိရှိနိုင်ပြီး ပုံရိပ်များကို ပြတ်သားထင်ရှားရန် အလိုအလျောက် ချိန်ညှိ ပြသပေးနိုင်ပါသည်။

အစိတ်အပိုင်းနှစ်ခုပါရှိသော LED နောက်မီးလုံးများကိုလည်း ဒီဇိုင်းသစ်နှင့် တပ်ဆင်ပေးထားပါသည်။

သားရေထိုင်ခုံများဖြစ်ပြီး ထိုင်ခုံ၏ အတွင်းမျ လျှပ်စစ်စနစ်နှင့် ရာသီဥတုအလိုက် အပူ၊ အအေးပေးသော စနစ်များပါရှိပါသည်။

နောက်ထိုင်ခုံများကို ခလုတ်နှင့် ခေါက်သိမ်းနို်င်သည့်အတွက် အဝင်အထွက်လွယ်ကူစေပြီး မလိုအပ်သည့်အခါ ခေါက်သိမ်းပြီး အခြားကုန်ပစ္စည်းများ တင်ဆောင်နိုင်ပါသည်။

ကား၏ အတွင်းခန်းအပူချိန်ကို အလိုအလျောက်လျှော့ချပေးနိုင်သော အော်တိုအဲကွန်းစနစ်ပါရှိပါသည်။

ဖျော်ဖြေရေးစနစ်အနေဖြင့် Audio 20 CD multimedia System နှင့် ပတ်လည်အသံစနစ် Harman kardon ပါရှိပါသည်။

Function များကို ရွေးချယ်အသုံးပြုသည့်နေရာတွင် အသံဖြင့် အမိန့်ပေးသည့်စနစ်၊ Touch Screen မှ ရွေးချယ်သောသည့်စနစ်များ ပါရှိပါသည်။

Active Parking Assist PARK TRONIC ပါရှိသည့်အတွက် ပါကင်ထိုးရလွယ်ကူစေပါသည်။

Rear Seat Entertianment System ကလည်း နောက်ခုံများတွင် ထိုင်သောခရီးသည်များအတွက် သီးသန့်တီဗီစခရင်ပါရှိပြီး ဖျော်ဖြေရေးအစီအစဉ်များကို ခံစားနိုင်ပါသည်။

၃၆၀ ဒီဂရီပတ်လည် ကင်မရာစနစ်ပါရှိသည့်အတွက် ယာဉ်မောင်းသူမတွေ့မြင်နိုင်သည့်ဘက်များက ပုံရိပ်များကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

Magic Vision Control နှင့် Adaptive Highbeam Assist Plus စနစ်များကလည်း ယာဉ်မောင်းသူကို လုံခြံုစိတ်ချစေရန် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

New Airmatic Suspension စနစ်ပါရှိသည့်အတွက် လမ်းကြမ်းခရီးများတွင် ယာဉ်ကို တည်ငြိမ်ရန် ထိန်းချုပ်ပေးနိုင်ပါသည်။

Off-Road နယ်လမ်းကြမ်း ခရီးများတွင် ဇိမ်ကျကျစီးနင်းနိုင်သကဲ့သို့ နေရာကျယ်ဝန်းသည့်အတွက် မိသားစုနှင့် ခရီးထွက်ရာတွင် လုံခြံုစိတ်ချမှု အပြည့်အဝရရှိစေမည်ဖြစ်ပါသည်။

 

Read 1283 times