MIC Tesla အရောင်းနှင့် တင်ပို့မှု စက်တင်ဘာလတွင် သိသိသာသာ မြင့်တက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
စက်တင်ဘာလတွင် Tesla သည် တရုတ်နိုင်ငံရှိ Tesla Giga Shanghai စက်ရုံတွင် ထုတ်လုပ်သော လျှပ်စစ်ကားများ ပြည်တွင်းလက်ကားရောင်းချမှုနှင့် တင်ပို့ရောင်းချမှု သိသိသာသာ တိုးလာခဲ့သည်။
.
စက်တင်ဘာလတွင် တရုတ်ပြည်ဖြစ် Made-in-China (MIC) Tesla ပမာဏ (တရုတ်ပြည်တွင် လက်ကားရောင်းချမှုနှင့် တင်ပို့ရောင်းချမှု) စုစုပေါင်း ပမာဏ ၈၃,၁၃၅ စီး ရှိခဲ့ကြောင်း တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association (CPCA) အချက်အလက်အရ သိရသည်။
CPCA ၏ စာရင်းသည် မှတ်ပုံတင်ခြင်း/ဝယ်ယူသူထံ ပို့ဆောင်ခြင်း မဟုတ်ဘဲ လက်ကားတင်ပို့မှုများကိုသာ အစီရင်ခံစာ ထုတ်ပြန်ပါသည်။
.
Tesla ၏ တရုတ်စက်ရုံသည် နှစ်စဉ် Model 3/Model Y ၇ သိန်းခွဲကျော် ထုတ်လုပ်နိုင်စွမ်း ရှိကြောင်း ၂၀၂၂ ဇူလိုင်လတွင် ကြေညာခဲ့သည်။
တရုတ်နိုင်ငံတွင် Tesla ၏ Model 3/Model Y ထုတ်လုပ်မှုသည် ပိုမိုတိုးမြင့်လာဖွယ်ရှိသော်လည်း တရုတ်ပြည် စီးပွားရေး အခြေအနေ၊ ဈေးကွက်အခြေအနေတို့အပေါ် မူတည်နေပါသည်။
စက်တင်ဘာလတွင် MIC Tesla Model 3 နှင့် Model Y လျှပ်စစ်ကား ထုတ်လုပ်မှု သိသိသာသာ တိုးတက်ကောင်းမွန်ခဲ့သည်။ ကြိုတင်မှာကြားထားသူများ ကားရဖို့ စောင့်ရသည့်အချိန် လျော့ကျခဲ့ပါသည်။
.
ယခုနှစ် ၂၀၂၂ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာအတွင်း MIC Tesla ၄၈၃,၀၇၄ စီး ထုတ်လုပ်ခဲ့ပြီး ယခင်နှစ်ထက် ၆၄% တိုးပါသည်။
.
CPCA အဆိုအရ Tesla Giga Shanghai မှ Tesla ၏ လက်ကားရောင်းချမှုပမာဏသည် ယခုအခါ စီးရေ ၁.၁ သန်းနီးပါး ရှိနေပြီဖြစ်သည်။
.
.
တရုတ်ပြည်တွင်းဈေးကွက် ရောင်းအား
.
စက်တင်ဘာလတွင် တရုတ်နိုင်ငံ၌ ပြည်တွင်းရောင်းအားပမာဏသည် ၇,၇၆၁၃ စီး ဖြစ်ပြီး ယမန်နှစ်ထက် ၄၉% ရောင်းအား မြင့်တက်လာသည်။ ယခုအချိန်အထိ ဒုတိယအမြင့်ဆုံး တစ်လတာ ရလဒ်ဖြစ်သည်။
.
တရုတ်နိုင်ငံ ပြည်တွင်းဈေးကွက်ထဲတွင် MIC Tesla လက်ကားရောင်းချမှုသည် ပုံမှန်အားဖြင့် ၃လပတ်၏ နောက်ဆုံးလတွင် အမြင့်ဆုံးဖြစ်သည်။ ၃လပတ်၏ ပထမ ၂ လတို့တွင် ပြည်ပတင်ပို့မှုကို ဦးစားပေးလေ့ ရှိသည်။
.
MIC Tesla ကို တရူတ်ပြည်တွင်း လက်ကားရောင်းချသည့် စီးရေစုစုပေါင်းသည် ၂၀၂၂ စက်တင်ဘာလကုန်တွင် ၇၇၆.၀၀၀ စီး ရှိပြီ ဖြစ်သည်။
.
.
ပြည်ပတင်ပို့ခြင်း
.
CPCA အစီရင်ခံစာအရ စက်တင်ဘာလတွင် MIC Tesla ၅,၅၂၂ စီး တင်ပို့ခဲ့ပြီး ယမန်နှစ် စက်တင်ဘာလထက် ၄၃% ပိုများပါသည်။
.
Tesla သည် ပုံမှန်အားဖြင့် ၃လပတ်၏ ပထမလတွင် ကားအရေအတွက် အများဆုံး တင်ပို့လေ့ရှိပါသည်။ ဒုတိယလတွင်လည်း များပြားလေ့ ရှိပါသည်။
.
ယခု ၃လပတ်တွင် တင်ပို့သည့်ကားများတွင် အများစုသည် ဥရောပဈေးကွက်သို့ တင်ပို့ခြင်း ဖြစ်သည်ဟု ယူဆရပါသည်။
.
.
မော်ဒယ်များ
.
MIC Tesla မော်ဒယ် ၂ မျိုး ထုတ်လုပ်ပါသည်။ Model 3 နှင့် Model Y တို့ ဖြစ်ပါသည်။
၂၀၂၂ စက်တင်ဘာလတွင် MIC Tesla Model 3 စီးရေ ၃၁,၃၃၃ လက်ကားရောင်းချခဲ့ပြီး MIC Tesla Model Y စီးရေ ၅၁,၈၀၂ လက်ကားရောင်းချခဲ့ပါသည်။
Source CPCA
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U