ဂျပန်အခြေစိုက် မစ်ဆူဘီရှီကားကုမ္ပဏီကထုတ်လုပ်တဲ့ ၂၀၁၈ မော်ဒယ်လ် Mitsubishi Attrage ကားအမျိုးအစားဟာ eco mode ပါရှိတဲ့အတွက် ဆီစားနှုန်းသက်သက်သာသာနဲ့ မောင်းနှင်နိုင်သလို မြို့တွင်းလမ်းတွမှာ အချိုးအကွေ့ကောင်းကောင်းနဲ့ အလွယ်တကူမောင်းနှင်နိုင်ပါတယ်။
၂၀၁၈ မော်ဒယ်လ် Mitsubishi Attrage ရဲ့ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၁,၉၀၀ ရှိပြီး အောက်တိုဘာလ ၃၁ ရက်နေ့မတိုင်မီ အော်ဒါမှာယူသူတွေအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀ ဈေးလျှော့ရောင်းချပေးမှာဖြစ်ပါတယ်။
အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ပြီး ဝယ်ယူသူများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံရရှိမှာ ဖြစ်ပါတယ်။
အင်ဂျင်ကိုတော့ 1.2 MIVEC အင်ဂျင်ကို အသုံးပြုထားပြီး အော်တိုဂီယာ လေးချက် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
၂၀၁၈ မော်ဒယ်လ် Mitsubishi Attrage GLS ဟာ Compact Pact Sedan အမျိုးအစားဖြစ်တယ်။
ရှေ့ခရိုမီယမ်ရှဲလ်မှာ အလျားလိုက် ခရိုမီယမ်သုံးချောင်းပါရှိပြီး အလယ်မှာ Mitsubishi လိုဂို တပ်ဆင်ထားပါတယ်။
၁၅ လက်မ အလွိုင်းဝှီးတွေကို ကိုယ်ထည်နဲ့လိုက်ဖက်အောင် တပ်ဆင်ထားပါတယ်။
ရှေ့မီးလုံးတွေဟာ အတွင်းဘက်အထိ ကျယ်ဝန်းပြီး ကြည်လင်ပြတ်သားတဲ့ ညမြင်ကွင်းများကို ပြသပေးမှာ ဖြစ်ပါတယ်။
Front fog lamp နှင်းခွဲမီးလုံးတွေဟာ မြူနှင်းထူထပ်တဲ့အချိန်နဲ့ မိုးသည်းထန်တဲ့အချိန်တွေမှာ ထွင်းဖောက်မြင်နိုင်အောင် လင်းအားကောင်းပါတယ်။
သော့တံမလိုတဲ့ keyless operation စနစ်ဖြစ်ပါတယ်။
ကိုယ်ထည်ရဲ့ဒီဇိုင်းတွေကို လူငယ်ကြိုက် ပြိုင်ကားပုံစံမျိုးပေါ်လွင်အောင် စက်ပတ်လည်နှင့် စပွိုင်လာတွေ တပ်ဆင်ပါတယ်။
အော်တိုအဲကွန်းစနစ် ပါရှိတဲ့အတွက် အတွင်းခန်းအပူချိန်ကို အလိုအလျောက် လျှော့ချပေးပါတယ်။
ဖျော်ဖြေရေးစနစ်တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး audio and hand free phone switches ပါရှိပါတယ်။
အဆင့်မြင့်ဘရိတ်စနစ်ဖြစ်တဲ့ Anti Lock Braking System ဟာ ဘီးတစ်ခုခြင်းစီရဲ့ လည်ပတ်နှုန်းကို စောင့်ကြည့်ထိန်းချုပ်ပေးနိုင်တဲ့အတွက် လမ်းအကွေ့တွေမှာ တစ်ဖက်ဆွဲသွားပြီး အရှိန်လွန်တာမျိုး၊ လမ်းချော်တာမျိုးတွေ မဖြစ်စေရန် ကာကွယ်ပေးပါတယ်။
အသက်ကယ်လေအိတ်စနစ်ပါရှိတဲ့အတွက် လုံခြုံစိတ်ချစွာဖြင့် မောင်းနှင်နိုင်ပါတယ်။
အဖြူ ၊ အနက် ၊ အနီနှင့် ငွေရောင် စသည့်ဖြင့် နှစ်သက်ရာအရောင်ကို ရွေးချယ်နိုင်ပါတယ်။
မစ်ဆူဘီရှီကားအရောင်းပြခန်းကို အမှတ် ၁ အေ/ ၂ ဘုရင့်နောင်လမ်းနဲ့ ရွာမကျောင်းလမ်းထောင့် လှိုင်မြို့နယ် ရန်ကုန်မှာ ဖွင့်လှစ်ထားပြီး ဖုန်း-၀၉၂၆၀၉၀၂၉၄၃ ကို ဆက်သွယ်နိုင်ပါတယ်။
Kumudra