Mitsubishi တရုတ်မှ ဆုတ်ခွာ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဂျပန်ကားထုတ်လုပ်သူ Mitsubishi သည် တရုတ်နိုင်ငံတွင် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်ဟု Bloomberg နှင့် Japan Times တို့တွင် သတင်းဖော်ပြခဲ့ကြသည်။
Mitsubishi သည် ၂၀၂၀ ပြည့်နှစ်တွင် ဥရောပ ဈေးကွက်မှ နောက်ဆုတ်ခဲ့သည်။
မစ်ဆူဘီရှီသည် တင်းကျပ်သော ဘေးကင်းရေး ပြဋ္ဌာန်းချက်များနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှု တားမြစ်သည့် စံနှုန်းများ နည်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စျေးသက်သာသော မော်တော်ကားများ ထုတ်လုပ်ရန် အာရုံစိုက်ထားသည်။
မစ်ဆူဘီရှီသည် အိန္ဒိယမှလည်း ဆုတ်ခွာခဲ့သည်။
ထိုင်းနိုင်ငံတွင် ခြေကုပ်ယူထားပြီး Triton pick-up နှင့် Pajero Sport တို့ကို ထုတ်လုပ်သည်။
အရေးပါသည့် ဈေးကွက်အနေဖြင့် အမေရိကန်၊ ဂျပန်နှင့် ဩစတြေးလျတို့တွင် ဆက်လက်ရပ်တည်နေသည်။ အမေရိကန်တွင် ယမန်နှစ်က အစီးရေ ၈၅,၀၀၀ ဝန်းကျင် ရောင်းချခဲ့သည်။ ဩစတေးလျတွင်လည်း ၎င်းအစီးရေ ဝန်းကျင် ရောင်းချခဲ့သည်။ Mitsubishi Triton, Mitsubishi Pajero Sport, Mitsubishi Outlander တို့ကို အဓိကအားဖြင့် ရောင်းချသည်။ Mitsubishi ASX နှင့် Mitsubishi Eclipse Cross တို့သည် လာမည့် နှစ်အနည်းငယ်အတွင်း ထုတ်လုပ်မှု ရပ်တော့မည် ဖြစ်သည်။
ဂျပန်တွင် ကားငယ်အတန်းအစား 'Kei' ကားများ အများဆုံး ရောင်းချခဲ့သည်။ ၎င်း'Kei' ကားများသည် ကမ္ဘာ့ဘေးကင်းရေးစံကို ပြည့်မီဖို့ မလိုချေ။
တရုတ်နိုင်ငံ၏ ဓာတ်ဆီကားများမှ လျှပ်စစ်ကားများဆီသို့ ကူးပြောင်းမှုသည် တရုတ်ဈေးကွက်တွင် မစ်ဆူဘီရှီ၏ ရောင်းအား ကျဆင်းမှုကို အရှိန်မြှင့်ခဲ့သည်။ သို့ဖြစ်ရာ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်ဈေးကွက်မှ ဆုတ်ခွာရန် Mitsubishi ဆုံးဖြတ်ခဲ့သည်။
တရုတ်နိုင်ငံတွင် Honda နှင့် Nissan တို့၏ ရောင်းအားသည် အနည်းဆုံးအနေဖြင့် နှစ်နှစ်ကြာ ကျဆင်းခဲ့ပြီး Toyota ၏ ရောင်းအားသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့သည်ဟု Japan Times သတင်းစာက ဆိုသည်။
Bloomberg သတင်းဌာန၏ အဆိုအရ တရုတ်နိုင်ငံတွင် Mitsubishi ၏ တစ်နှစ်တာရောင်းအားသည် ၂၀၁၉ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး အစီးရေ ၁၃၄,၅၀၀ ခန့် ရောင်းချခဲ့သည်။
မစ်ဆူဘီရှီသည် ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကားအစီးရေ ၃၄,၅၇၅ စီး ထုတ်လုပ်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အစီးရေ ၁၅၃၀ မျှသာ ထုတ်လုပ်ခဲ့သည်။ ဧပြီလတွင် ထုတ်လုပ်မှု လုံးဝ ရပ်ထားခဲ့သည်။
မစ်ဆူဘီရှီသည် တရုတ်ဈေးကွက်တစ် အီးဗီ မော်ဒယ် တမျိုးသာ ထုတ်လုပ် ရောင်းချခဲ့သည်။ Airtrek အမည်ရှိ လျှပ်စစ် SUV ဖြစ်သည်။ ၂၀၂၂ တွင် အစီးရေ ၅၀၀ ခန့်သာ ရောင်းရသည်။
ယခုနှစ်အစောပိုင်းတွင် Mitsubishi သည် လျှပ်စစ်ကား ထုတ်လုပ်မည့် အစီအစဉ်ကို ကြေညာခဲ့သည်။
၂၀၃၅ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းတွင် ရောင်းချနေသော ကားအမျိုးအစားအားလုံး လျှပ်စစ်ကား ဖြစ်ရန် ရည်မှန်းချက် ထားရှိသည်။
၎င်းအစီအစဉ်အတွက် ယန်း ၁.၈ ထရီလီယံ (ကန်ဒေါ်လာ ၁၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်။
Source drive
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL