အတွင်းခန်းကျယ်ဖြင့်ခရီးဝေးသွားမည့်သူများအတွက် Mitsubishi Colt PLUS


အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားထဲတွင်တခြားကားများထက်ဈေးနှုန်းသင့်ပြီးအကြမ်းခံသည့်ကားအမျိုးအစား ဖြစ်ပါသည်။

ယင်းကားအမျိုးစားကိုအင်ဂျင်ပါဝါ ၁၃၀၀  စီစီ၊ ၁၅၀၀ စီစီအင်ဂျင်နှစ်မျိုးနှင့်ထုတ်လုပ်ထားပါသည်။

Colt တွင်Manual,CVT Gear နှစ်မျိုးနှင့်ထုတ်လုပ်ထားသော်လည်း Colt Plus တွင် Manual မရှိဘဲ CVT Gear တစ်မျိုးတည်းနှင့်ထုတ်လုပ်ထားပါသည်။

Colt Plus နှင့် Colt တွင် Chassis ကွဲသွားသော်လည်းအင်ဂျင်မိုဒယ်ချင်းတူပါသည်။

Colt Plus ၁၃၀၀ စီစီတွင် Very, Cool Very ဂရိတ်နှင့်၁၅၀၀ စီစီတွင် 1.5 RX စသည့်ဂရိတ်များနှင့်လာပါသည်။

Colt နှင့် Colt Plus တွင်ထူးခြားချက်မှာ Remote နှင့်မှန်ချိုး/မှန်ခေါက်ပြုလုပ်လို့ရပြီး Cool Very နှင့် RX ဂရိတ်များတွင် Remote နှင့်လော့ချလိုက်သည်နှင့်ဘေးမှန်များပါတင်ပြီးသားဖြစ်သွားပါသည်။

ထို့နောက် Cool Very ဂရိတ်တွင် Automatic Tailgate with An Obstacle Sensor ဟုခေါ်သည့်နောက်တံခါးတွင်မိုတာပါသွားပြီး Remote နှင့်ဖွင့်လို့ရသွားပါသည်။

ဂရိတ်အားလုံးမှာအဲကွန်း Auto ဖြစ်ပြီး Cool Very နှင့် RX တွင်သားရေစတီယာရင်ဖြစ်သွားပါသည်။

RX ဂရိတ် 4WD တွင်အလွိုင်းဆိုက် ၁၅ လက်မဖြစ်သွားပါသည်။

Colt plus သည် Colt ထက်တစ်ပေပိုရှည်သည့်အတွက်နောက်ထိုင်ခုံများကိုခေါက်ပြီးအပေါ့စားပစ္စည်းများသယ် ယူလို့ရနိုင်ပါသည်။

Mitsubishi Colt Plus ၂၀၁၁ မိုဒယ်ကိုတင်သွင်းပြီးသား ရန်ကုန်လိုင်စင်နှင့်နယ်လိုင်စင်၊ နံပါတ်အနိမ့်/အမြင့်ပေါ်မူတည်ပြီးဈေးနှုန်းကွာခြားပါသည်။

အကြမ်းဖျင်းအနေဖြင့် ၁၃၀၀ စီစီမှာကျပ်သိန်း ၁၃၀ နှင့် ၁၄၀ ကြားတွင်ရှိနေပြီး ၁၅၀၀ စီစီမှာကျပ်သိန်း ၁၅၀ အထက်တွင်ရှိနေပါသည်။

Read 6187 times