Mitsubishi D2 Delica


Mitsubishi မှ Delica ကို ၁၉၆၈ ခုနှစ်တည်းက Truck အနေဖြင့်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

နောက်ပိုင်းတွင် Van,Wagon ပုံစံနှင့်လူစီးကားများကိုထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

Delica ၏အမည်မှာ Delivery car ဆိုသည့်အဓိပ္ပာယ်မှဆင်းသက်လာခြင်းဖြစ်ပါသည်။

ထုတ်လုပ်သက်တမ်းကြာလာသည်နှင့်အမျှမျိုးဆက်ငါးခုအထိပြောင်းလဲခဲ့ပြီး နောက်ပိုင်းမျိုးဆက်များတွင် D2,D3,D5 ဟူ၍လူစီးကားများကိုဦးစားပေးထုတ်လုပ်ထားပါသည်။

D2 မှာအင်ဂျင်ပါဝါ ၁၃၀၀ စီစီသာရှိသည့်အတွက် Hatchback ထုတ်လုပ်ထားပြီး D3, D5 တို့ကို Minivan အဖြစ်ထုတ်လုပ်ထားပါသည်။

Delica D2 ကိုအင်ဂျင်ပါဝါ ၁၃၀၀ စီစီတစ်မျိုးတည်းနှင့်ထုတ်လုပ်ထားပြီး 2WD, 4WD နှစ်မျိုးရှိသော်လည်း Chassis တွင် MB15Sတစ်မျိုးတည်းနှင့်သာလာနိုင်ပါသည်။

မိုဒယ်မှာ K12B ဖြစ်ပြီး 4Cylinder DOHC 16-Valves အမျိုးအစားဖြစ်ပါသည်။

Delica D2 မှာ Eco Mode ပါသွားသည့်အတွက်လည်းဆီစားနှုန်းသက်သာပါသည်။

Delica D2 ၂၀၁၂၊ ၂၀၁၃ မိုဒယ်များတွင် S AS&G ,S နှင့် X ဂရိတ်များရှိပြီး S ဂရိတ်ကဂရိတ်အမြင့်ဆုံးဖြစ်သောကြောင့် Push-start, Digital Aircon, Power Slide Door နှစ်ချက်, Fog Lamp, Original အလွိုင်း ၁၅ လက်မနှင့် ဘက်မှန်မီးခြောက်စသည်တို့ပါသွားပါသည်။

ထို့နောက် S ဂရိတ်တွင်စတီယာရင်ကသားရေကြိုးချုပ်ဖြစ်သွားသကဲ့သို့ရှေ့လက်တင်လည်းပါလာပြီး Alphard MZG ဂရိတ်လိုမျိုး Slide Door နှစ်ချက်က Auto အဖွင့်/အပိတ်ဖြစ်သွားပါသည်။

S AS & G ဂရိတ်တွင်လည်း S ဂရိတ်တွင်ပါသည့်အတိုင်းပါဝင်ပစ္စည်းတော်တော်များများပါဝင်ပါသည်။

Mitsubishi Delica D2 2012မိုဒယ်ကိုနယ်လိုင်စင်၊ စတိနံပါတ်နှင့်ဝယ်မည်ဆိုပါကကျပ်သိန်း ၁၅၀ ဝန်းကျင်ကျသင့်မည်ဖြစ်ပြီး ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသားကားကိုဝယ်မည်ဆိုပါကကျပ်သိန်း ၁၃၀ နှင့် သိန်း ၁၄၀ ကြားကျသင့်မည်ဖြစ်ပါသည်။

Read 1144 times