Mitsubishi Delica D2


အင်ဂျင်ပါ၀ ၁၃၀၀ စီစီကားများတွင် ဘက်စုံသုံးကားအမျိုးအစားတစ်ခုဖြစ်သော Mitsubishi Delica D2 သည် Suzuki Solio၊ Toyota Porte များကဲ့သို့ အတွင်းခန်းကျယ်ဝန်းသည့်အတွက် ဆီစားသက်သာပြီးလူရောကုန်ပစ္စည်းပါ သယ်ဆောင်နိုင်သည့်ကားဖြစ်ပါသည်။

Mitsubishi Delica ကားအမျိုးအစားထဲတွင် Delica D2၊ Delica D5၊ Delica Space Gear နှင့် Delica Star Wagon စသော အင်ဂျင်ပါဝါပေါ်မူတည်ပြီး ကားအမျိုးအစားခွဲများစွာရှိပါသည်။

Mitsubishi ကုမ္ပဏီမှ Multi-Purose Vehicles (MPVS) ဖြစ်သော Delica ကို ၁၉၆၈ ခုနှစ်ကတည်းစတင်ထုတ်လုပ်စဉ်က အပေံစားကုန်တင်ယာဉ်အတွက် ရည်ရွယ်ပြီးထုတ်လုပ်ခဲ့သော်လည်းနောက်ပိုင်းတွင် ကုန်တင်ယာဉ်သာမက ဘက်စုံသုံးယာဥၤအဖြစ်နဲ့ပါ ထုတ်လုပ်ခဲ့ပါသည်။

Delica ကိုကုန်တင်ယာဉ်အဖြစ်ရည်ရွယ်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။

Mitsubishi Delica D2 ကို ၂၀၁၁ ခုနှစ်မှစတင်ထုတ်လုပ်ခဲ့ပြီးအင်ဂျင်ပါဝါလည်း ၁၂၄၂ စီစီတစ်မျိုးတည်းကိုသာ ထုတ်လုပ်ထားပါသည်။

ထိုကား၏ အင်ဂျင်အမျိုးအစားမှာ suziki solio နှင့် တူပြီး အင်ဂျင်မိုဒယ် K12B ဖြစ်ပါသည်။

2WD၊ 4WD နှစ်မျိုးထုတ်ထားသော်လည်း Chassis နံပါတ်ကို MB15S ဟူ၍ တစ်မျိုးတည်းသတ်မှတ်ထားကြောင်းသိရသည်။

Delica D2 ၂၀၁၁ မိုဒယ်မှာ G၊ X၊ S ဂရိတ်သုံးမျိုးရှိပြီး 4WD က X နှင့် S ဂရိတ်တွင်သာရှိပါသည်။

Porte ၊ Solio တို့ကဲ့သို့ နောက်တံခါးနှစ်ချပ်မှာ Sliding Door ဖြစ်ပြီး နောက်ထိုင်ခုံတွေမှာ လျှောက်လမ်းပါသည့်အတွက် အတွင်းခန်းနောက်ဘက်အကျယ်ကို လိုသလိုညှိလို့ရနိုင်ပါသည်။

G ဂရိတ်မှာရိုးရိုးဂရိတ်ဖြစ်ပြီး S နှင့် X တွင် Digital Aircon၊ Push-Start ဖြစ်သွားသကဲ့သို့ Original Alloy မှာလည်း ၁၄ လက်မဖြစ်သွားပါသည်။

S ဂရိတ်မှာ အမြင့်ဆုံးဖြစ်သည့်အတွက် ရှေ့နှင်းခွဲမီး၊ Xenon Headlight နှင့် နောက် Spoiler တို့ပါဝင်ပါသည်။

Mitsubishi Delica D2 ကို ၂၀၁၆ လက်ကျန်ပါမစ်နှင့် တင်သွင်းပါက ကျပ် ၁၆၅ သိန်းဝန်းကျင်ကျသင့်မည်ဖြစ်ပြီး နံပါတ်ထွက်ပြီးသားကားများတွင် အက္ခရာပေါ်မူတည်၍ ကျပ်သိန်း ၁၃၀ နှင့် သိန်း ၁၅၀ ကြားကျသင့်မည်ဖြစ်ပါသည်။

Source:automobile directory

Read 4498 times