မစ်စူဘီရှိ တရုတ်ပြည်တွင် ထုတ်လုပ်မှု နိဂုံးချုပ်


မစ်စူဘီရှိ တရုတ်ပြည်တွင် ထုတ်လုပ်မှု နိဂုံးချုပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Mitsubishi Motors သည် တရုတ်နိုင်ငံတွင် မော်တော်ကားထုတ်လုပ်မှုမှ နုတ်ထွက်ရန် ဆုံးဖြတ်ထားသည်။ 

မစ်စူဘီရှိသည်  ဖက်စပ်လုပ်ကိုင်သည့် အဓိက မော်တော်ကားထုတ်လုပ်သူ China's Guangzhou Automobile Group (GAC) နှင့် နောက်ဆုံးအဆင့် နုတ်ထွက်ရန် ဆွေးနွေးမှုများ စတင်နေပြီဖြစ်သည်။


လျှပ်စစ်ကားများ လူကြိုက်များမှုနှင့် ပြည်တွင်းအမှတ်တံဆိပ်များ ထွန်းကားလာမှုကြောင့် တရုတ်နိုင်ငံတွင် မစ်စူဘီရှိ၏ ရောင်းအား သိသိသာသာ ကျဆင်းသွားခဲ့သည်။

မစ်ဆူဘီရှိသည် ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကားအစီးရေ ၃၈,၅၅၀ ရောင်းချခဲ့သည်။ ၂၀၂၁ ခုနှစ်ထက် ၆၀% ခန့် လျော့ကျသည်။ ရောင်းအား ပြန်တက်ရန် ဟိုက်ဘရစ်မော်ဒယ် အသစ်တစ်ခု ဖြစ်သည့် Outlander SUV ထုတ်လုပ်သည်။ ပြီးခဲ့သည့် ဆောင်းရာသီတွင် တရုတ်ဈေးကွက်တွင် စတင်ရောင်းချခဲ့သည်။ ရောင်းအားသည် မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ချေ။

အီးဗီ ထွန်ကားလာနေသည့် တရုတ်ဈေးကွက်အတွက် မစ်ဆူဘီရှိမှာ ရောင်းစရာ အီးဗီ မော်ဒယ် မရှိချေ။

အခြားဂျပန်မှ ကားထုတ်လုပ်သူများသည်လည်း တရုတ်ပြည်တွင်း ဈေးကွက်တွင် ရုန်းကန်နေရပြီး နိုင်ငံတွင်း ၎င်းတို့၏ဗျူဟာများကို ပြန်လည်သုံးသပ်ပြင်ဆင်နေကြရသည်။


GAC Mitsubishi Motors ဖက်စပ်လုပ်ငန်းသည် ဟူနန်ပြည်နယ်တွင် စက်ရုံတစ်ခုရှိသည်။ မတ်လတွင် ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ကြောင်း Automobile Guide တွင် ဖော်ပြခဲ့ပါသည်။
အကယ်စင်စစ် မစ်စူဘီရှိသည် တရုတ်ပြည်တွင် ဟူနန်မှ ကားစက်ရုံ တစ်ရုံသာ ရှိပါသည်။ သို့ဖြစ်ရာ ၎င်းစက်ရုံ ထုတ်လုပ်မှု ရပ်လိုက်ခြင်းသည် တရုတ်ပြည်တွင် ထုတ်လုပ်မှု ရပ်လိုက်ခြင်း ဖြစ်ပါသည်။

GAC သည် ဟူနန်စက်ရုံကို အီးဗီ ထုတ်လုပ်မှုအတွက် အသုံးပြုပြီး အလုပ်သမားများကို အတိုင်းအတာတစ်ခုအထိ အလုပ်ဆက်ခန့်ထားနိုင်ရန် ကြိုးစားမည်ဖြစ်သည်။

GAC Mitsubishi ဖက်စပ်လုပ်ငန်းတွင် GAC က ၅၀% ပိုင်ဆိုင်သည်။ Mitsubishi Motors က ၃၀% ပိုင်ဆိုင်သည်။ ကုန်သွယ်ရေးလုပ်ငန်း Mitsubishi Corp. က ၂၀% ပိုင်ဆိုင်သည်။ Mitsubishi Motors နှင့် Mitsubishi Corp တို့သည် ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းမည်။


မစ်ဆူဘီရှိ သည် ၁၉၇၀ ပြည့်နှစ်လွန်တွင် တရုတ်နိုင်ငံသို့ လုပ်ငန်းသုံးယာဉ်များ စတင်တင်ပို့ခဲ့သည်။
၂၀၀၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ Soueast Motor နှင့် ဖက်စပ်လုပ်ကိုင်ခဲ့သည်။

GAC Mitsubishi Motors ကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ကားစီးရေ အများဆုံး ရောင်းချခဲ့သည့်နှစ်မှာ ၂၀၁၈ ခုနှစ်ဖြစ်ပြ္း အစီးရေ ၁၄၀,၀၀၀ ရောင်းချခဲ့ပါသည်။


Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1873 times