ထိုင်းနိုင်ငံထုတ် ကားအစီးရေ ၅ သန်းမြောက် Mitsubishi တင်ပို့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Mitsubishi Motors သည် ထိုင်းနိုင်ငံ ချောင်ချာဘန်းရှိ ၎င်း၏ စက်ရုံမှ ထိုင်းနိုင်ငံထုတ် ကားအစီးရေ ငါးသန်းမြောက် ကားကို ပြည်ပသို့ တင်ပို့သည့် အခမ်းအနား ကျင်းပခဲ့သည်။
.
ဂျပန်ကားထုတ်လုပ်သူ Mitsubishi Motors ၏ ဂျပန်နိုင်ငံပြင်ပတွင် အကြီးဆုံးထုတ်လုပ်မှုအခြေစိုက်စခန်းဖြစ်သော အဆိုပါစက်ရုံသည် ကားများကို ၁၉၆၄ တွင် စတင်ထုတ်လုပ်ခဲ့သည်။
၁၉၈၈ တွင် Mitsubishi သည် ထိုင်းနိုင်ငံမှ ပြည်ပဈေးကွက်သို့ ပထမဆုံး ကားတင်ပို့သည့် မော်တော်ယာဉ် ထုတ်လုပ်သူ ဖြစ်ခဲ့ပါသည်။
Mitsubishi Motors ၏ ထိုင်းနိုင်ငံ ဌာနေလုပ်ငန်းခွဲ Mitsubishi Motors (Thailand) Co., Ltd. (MMTh) သည် ယခုအခါ နိုင်ငံပေါင်း ၁၂၀ ကျော်သို့ ကားများ တင်ပို့လျက် ရှိသည်။ ထုတ်လုပ်သည့် ကားစီးရေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ဝန်းကျင်ကို ပြည်ပသို့ တင်ပို့ပါသည်။
"ထိုင်းနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အရေးအပါဆုံး အခြေစိုက်စခန်းတွေထဲက တစ်ခုဖြစ်ပြီး သူ့ရဲ့ အရေးပါမှုက အနာဂတ်မှာ ဆက်လက် တိုးမြင့်လာမှာပါ"ဟု Mitsubishi Motors ဥက္ကဋ္ဌနှင့် စီအီးအို Takao Kato က ပြောကြားသည်။
Mitsubishi သည် ဂျပန်နှင့် ထိုင်း နိုင်ငံတို့တွင် ကားထုတ်လုပ်မှုများ လုပ်ကိုင်လျက် ရှိသည့်အပြင် အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ရုရှားတို့တွင်လည်း တပ်ဆင်ထုတ်လုပ်မှုများ လုပ်ကိုင်လျက် ရှိပါသည်။
ယခုအခါ Mitsubishi သည် SUV ၊ ပစ်ကပ်ထရပ် ၊ ပလပ်ထိုး ဟိုက်ဘရစ် လျှပ်စစ်မော်တော်ယာဉ် plug-in hybrid electric vehicle (PHEV) တို့ကို စူးစိုက်ထားသည်။
၂၀၂၀ ခုနှစ်တွင် ကြေညာခဲ့သော ၃ နှစ်တာ လုပ်ငန်းအစီအစဉ်အရ Triton/Strada မော်ဒယ်အသစ်များကိုလည်း ထုတ်လုပ်မည် ဖြစ်ပါသည်။
Source carguide
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U