Mitsubishi ကားကုမ္ပဏီ အရှေ့တောင်အာရှတွင် အမြတ်အစွန်း ရနိုင်ဖွယ်ရှိ


ဂျပန်နိုင်ငံ Auto ကားထုတ်လုပ်သော Mitsubishi Motors corp ကုမ္ပဏီသည် ၂၀၂၅ ဘဏ္ဍာရေး ပြီးနောက်တွင် အရှ့တောင်အာရှ ကားအဓိကထုတ်လုပ်သော နေရာတွင် တစ်နှစ်လျှင် အမြတ်ငွေ ဂျပန်ယမ်း ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၄၀ သန်း) အထိ တိုးတက်အောင် လုပ်ဆောင်မည်ဟု စီ

အီးအိုနှင့်ကိုယ်စားလှယ်အမှုဆောင်အရာရှိချုပ် Takao Kato (CEO and representative executive officer Takao Kato) က The Yomiuri Shimbun အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

 

Mitsubishi Motors သည်အရှေ့တောင်အာရှဈေးကွက်တွင် ပြင်သစ်နိုင်ငံမှ Renault SA နှင့် Nissan Motor ကုမ္ပဏီ တို့နှင့်ဖက်စပ်လုပ်ကိုင်ကြောင်းသိရပါတယ်။ ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၌ plug-in မျိုးစပ်လျှပ်စစ်ယာဉ်ထုတ်လုပ်မှုကို စတင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ထုတ်လုပ်မှုကိုစတင်

ရန်စဉ်းစားနေကြပါတယ်။၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အရှေ့တောင်အာရှရှိ Mitsubishi Motors ၏ လုပ်ငန်းလည်ပတ်မှုအမြတ်သည် ဂျပန် ယန်း ၆၄ ဘီလီယံရှိကြောင်းဖော်ပြခဲ့ပါတယ်။ သို့သော် ဂျပန်၊ ယူအက်စ်နှင့် ဥရောပတို့တွင်ရောင်းအား နည်းပါခဲ့ပြီး ကုမ္ပဏီသည် သုံးနှစ်အတွင်း ပထမဆုံး

အရှုံးပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။ နေရာအနှံ့ ချဲ့ထွင်ရန် မဟာဗျူဟာသည် အဆင်မပြေသေးကြောင်း Kato က ပြောပြခဲ့ပါတယ်။

 

လာမည့် နှစ်နှစ်တာ ကာလအတွင်း ကုမ္ပဏီအနေဖြင့်သတ်မှတ်ထားသော ကုန်ကျစရိတ်များကို ၂၀ ရာခိုင်နှုန်း လျှော့ချသွားမယ်လို့လည်း ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံတွင် Gifu စီရင်စုတွင် SUV မော်ဒယ် Pajero ကို ထုတ်လုပ်ခဲ့တည်ရှိသော စက်ရုံကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးတယ်လို့လည်း သိရ

ပါတယ်။

 

ဗီယက်နမ်တွင် Binh Dinh ပြည်နယ်ပြည်သူ့ကော်မတီ ဥက္ကဋ္ဌ Ho Quoc Dung က ဗဟိုကမ်းရိုးတန်းဒေသ အာဏာပိုင်များသည် မော်တော်ကားထုတ်လုပ်မှု စက်ရုံတည်ဆောက်ရေးအတွက် ၁၉၉၄ ခုနှစ်မှစ၍ မော်တော်ကားထုတ်လုပ်သူ ဖြန့်ချိသည့် Mitsubishi Motors Vietnam ကုမ္ပဏီကို

အထောက်အပံ့ပေးရန် ဆွဲဆောင်မှုရှိသော မူဝါဒများနှင့် ယန္တရားများကို ကမ်းလှမ်းလိမ့်မည်ဟု Becamex စက်မှုဥယျာဉ်(Becamex Industrial Park) မှာ ဇွန်လ ၆ ရက်နေ့က Mitsubishi Motors ဗီယက်နမ် အမှုဆောင်အရာရှိချုပ် Kenichi Horinouchi နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းသိရပါ

တယ်။

 

Horinouchi က သူ၏ ကုမ္ပဏီသည် မော်တော်ယာဉ်ထုတ်လုပ်သည့် ဒုတိယမြောက်စက်ရုံအတွက် ဗီယက်နမ်နိုင်ငံမှာ ရှာဖွေနေကြောင်း ပြောကြားခဲ့ပါတယ်။ ပထမဆုံးတစ်နေရာကတော့ Binh Duong တောင်ပိုင်းတွင် ရှိတယ်လို့လည်း ဆိုပါတယ်။ Dung က Binh Dinh သည် ဗီယက်နမ်အလယ်ပိုင်း

ဒေသတွင် စီးပွားနယ်ပယ် အဓိကသော့တစ်ချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

 

Quy Nhon ဆိပ်ကမ်းသည် အမြင့်ဆုံးသောအလယ်ပိုင်းကုန်းမြင့်ဒေသနှင့် အိမ်နီးချင်းကမ္ဘောဒီးယား၊ လာအိုနိုင်ငံများနှင့်ကမ္ဘာအနှံ့ရှိအခြားနိုင်ငံများအကြား အသက်သာဆုံးနိုင်ငံတကာကုန်သွယ်ရေးတံခါးပေါက်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ Dung က“ ပြည်နယ်မှာ စက်မှုဇုန်ဥယျာဉ်ခြောက်ခုရှိ

ကြောင်း အကြီးဆုံးတစ်ခုကတော့ Nhon Hoi ဖြစ်ပြီး ဧရိယာဟက်တာ ၁၄,၀၀၀ ကျော်ရှိတဲ့ Nhon Hoi စီးပွားရေးဇုန်ဖြစ်တယ်"လို့ ပြောကြားခဲ့ပါတယ်။

 

၂၀၁၈ ခုနှစ်ဇန်နဝါရီလ ဟနွိုင်းတွင်ဒုတိယ၀န်ကြီးချုပ် Vuong Dinh Hue နှင့်တွေ့ဆုံဆွေးနွေးရာမှာ Mitsubishi Motors Corp ၏အမှုဆောင်ဒုဥက္ကဠ Kozo Shiraji က ၎င်း၏ ဒုတိယစက်ရုံသည်ဒေါ်လာသန်း ၂၅၀ ခန့် ကုန်ကျမည်ဖြစ်ပြီး ထုတ်လုပ်မှုစွမ်းရည်မှာ အခြေခံအားဖြင့်နှစ်စဉ် ကားအစီး

ရေ ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိ ရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

 

By Myanmar Automobile Guide 

Ref:phnompenhpost

 

Read 617 times