Mitsubishi Fuso ရဲ့ အီးဗီလမ်းကြောင်း ခရီးအစီအစဉ်


Mitsubishi Fuso ရဲ့ အီးဗီလမ်းကြောင်း ခရီးအစီအစဉ်

ဂျာမနီအခြေစိုက် Daimler AG ရဲ့ လက်အောက်ခံ Daimler Trucks လုပ်ငန်းခွဲက Mitsubishi Fuso မှာ အစုရှယ်ယာ ၈၉.၂၉% ပိုင်ဆိုင်ထားပြီး Daimler Trucks ရဲ့  ထုတ်ပြန်ကြေညာချက်မှာ အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် internal combustion engine (ICE) သုံးစွဲထားတဲ့ မော်တော်ယာဉ် ထုတ်လုပ်မှုကို ၂၀၃၉ မှာ အပြီးအပိုင် ဖျက်သိမ်းမယ်လို့ ဆိုပါတယ်။ 
Mitsubishi Fuso က Mitsubishi Motors ရဲ့ လုပ်ငန်းသုံးမော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းခွဲ ဖြစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ  Daimler Trucks ရဲ့  လက်အောက်ကို ရောက်ရှိသွားခဲ့ပါတယ်။ 

ထရပ်ကားများ၊ ဘတ်စ်ကားများကို ထုတ်လုပ်တဲ့ Mitsubishi Fuso က အင်ဂျင်သုံးမော်တာ်ယာဉ်များ ထုတ်လုပ်နေခြင်းကို ၂၀၃၀ ပြည့်နှစ်လွန်ကျမှ စွန့်လွှတ်မှာ ဖြစ်‌ကြောင်း၊ တရုတ်နှင့် ဥရောပတို့မှ အီးဗီဈေးကွက်မှ ပြိုင်ဘက်များကိုလည်း အမီလိုက်ဖို့ ရည်ရွယ်ထားကြောင်း အသိပေးပြောကြားခဲ့ပါတယ်။  အင်ဂျင်သုံးမော်တာ်ယာဉ်များ ထုတ်လုပ်ခြင်း ရပ်တန့်ပြီး လျှပ်စစ် သို့မဟုတ် ဟိုက်ဒြိုဂျင် လောင်စာသုံး ထရပ်ကားများနဲ့ ဘတ်စ်ကားများ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ 

ဂျပန်နိုင်ငံရဲ့ လုပ်ငန်းသုံးမော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍမှာ အဓိကကျတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ Mitsubishi Fuso က ကမ္ဘာ့လျှပ်စစ်မော်တော်ယာဉ် ကဏ္ဍမှာ နောက်ကျကျန်ခဲ့ပြီး ဂျပန်အစိုးရရဲ့ ထရပ်ကားအပေါ့စားများ အားလုံး လျှပ်စစ်မော်တော်ယာဉ်အဖြစ်ဖြင့် ၂၀၄၀ ခုနှစ်မှာ ထုတ်လုပ်ရေး အစီအစဉ်အရ လျှပ်စစ်ထရပ်ကားများ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Mitsubishi Fuso က လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်စီးရေ အချိုးအစားကို ထရပ်ကား အပေါ့စား ထုတ်လုပ်မှုမှာ တိုးမြှင့်သွားမှာ ဖြစ်ပြီး ၂၀၃၀ ခုနှစ်မှာ ၃၀% ကျော် ဖြစ်နေဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။  အဲဒီနောက်ပိုင်းမှာ အင်ဂျင်ပါဝါသုံး မော်တော်ယာဉ် ထုတ်လုပ်မှုများကို တဖြည်းဖြည်း လျှော့ချသွားပြီး အပြည့်အဝ လျှပ်စစ်မော်တော်ယာဉ်များနဲ့ လောင်စာဆဲလ်မော်တော်ယာဉ်များကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ 

Mitsubishi Fuso က မိခင်ကုမ္ပဏီ Daimler နဲ့ အတူတကွ လုပ်ကိုင်ပြီး အီးဗီမော်တော်ယာဉ် ထုတ်လုပ်ရေးလမ်းကြောင်းပေါ်ကို ကူးပြောင်းမှာ ဖြစ်ပါတယ်။ 

Mitsubishi Fuso က ဂျပန်အစိုးရ အစီအစဉ် ချမှတ်ထားချက်အရ လျှပ်စစ်ထရပ်ကားတွေကို ထုတ်လုပ်တာမှာ ၂၀၂၂ နောက်ပိုင်းမှာ လျှပ်စစ်ထရပ်ကားတွေကို စတင်ထုတ်လုပ်ရောင်းချမယ်လို့ ဆိုပါတယ်။
လောင်စာဆဲလ်မော်တော်ယာဉ်တွေကိုတော့ Mitsubishi Fuso က ပထမဆုံး ဟိုက်ဒြိုဂျင်ပါဝါသုံး ထရပ်ကားကို ဂျပန်ပြည်တွင်းဈေးကွက်အတွက် ၂၀၂၇ နောက်ပိုင်းမှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဲဒီထရပ်ကားတွေကိုလည်း Daimler ရဲ့ မော်တော်ယာဉ် အစိတ်အပိုင်းများဖြင့် တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီ ဝယ်ယူရေးကိုလည်း Daimler နဲ့ အတူတကွ ပူးပေါင်းပြီး ဝယ်ယူခြင်းဖြင့် ကုန်ကျစရိတ်များ သက်သာစေမှာ ဖြစ်ပါတယ်။ လျှပ်စစ်ထရပ်ကားများနဲ့ ဘတ်စ်ကားများကို ဒီဇယ်ပါဝါ ထရပ်ကားများနဲ့ ဘတ်စ်ကားများ ရောင်းချတဲ့ ဈေးနှုန်းဖြင့် အလားတူ ရောင်းချနိုင်ဖို့ ကြိုးပမ်းအားထုတ်မှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ထရပ်ကား ထုတ်လုပ်ရေး လုပ်ငန်းတွေကြားမှာ Mitsubishi Fuso က တတိယ အများဆုံး လုပ်ငန်း ဖြစ်ပြီး တစ်နှစ်လျှင် ထရပ်ကားများနဲ့ ဘတ်စ်ကားများ ၁၀၀,၀၀၀ ခန့် ထုတ်လုပ်ပါတယ်။ အပေါ့စားထရပ်အနေဖြင့် တစ်တန်ခွဲ ကုန်တင်ဆောင်နိုင်တဲ့ အရွယ်အစားမှ အကြီးစားထရပ်အနေဖြင့် ၁၆ တန် ကုန်ဆင်ဆောင်နိုင်တဲ့ အရွယ်အစားအထိ ထုတ်လုပ်ပါတယ်။ ဂျပန်ပြည်တွင်း ဈေးကွက်အပြင် အရှေ့တောင်အာရှနိုင်ငံအချို့နှင့် တိုင်ဝမ်တို့မှာ ရောင်းချပါတယ်။ 

Mitsubishi Fuso က ၎င်းရဲ့ ပထမဆုံး အီးဗီထရပ်ကို ၂၀၁၇ ကတည်းက ထုတ်လုပ်ခဲ့ပြီး ယခုအထိ စီးရေ ၃၀၀ သာရောင်းချခဲ့ပါတယ်။ 

Read 665 times