Sport Kit များဖြင့် အလှဆင်ထားသည့် Mitsubishi Lancer


Mitsubishi Lancer၏ ကိုယ်ထည်မှာ Performance ကောင်းမွန်ရန် Sport Kit များတပ်ဆင်ထားပါသည်။

ရုပ်ထွက်လှပအောင် ကနုတ်ဒီဇိုင်း စတစ်ကာများနှင့်အတူ ကား Accessories Brand Name စတစ်ကာများ ကပ်ထားသည်ကိုတွေ့ရှိရပါသည်။

Drag Race ကားဖြစ်သည့်အတွက် အလေးချိန်လျော့ပါးအောင် Fiber Door၊ Carbon Fiber Bonnet များပြောင်းလဲတပ်ဆင်ထားပါသည်။

ထိုကား၏ Performance အပိုင်းကို အဓိကပြုပြင် ပြုလုပ်ထားပါသည်။

အင်ဂျင်ခန်းထဲတွင် ကြီးမားသော Custom T62 Turbocharger ARC Intercooler HKS Super Power Flow Reloaded Air Filter HKS Twin Power Ignition စနစ်များနှင့် ကား၏ performance အပိုင်းကို အများကြီးတိုးမြှင့်ထားပါသည်။

အတွင်းခန်းတွင် HKS Sport Seat တစ်လုံးတည်းကိုပဲ တပ်ဆင်ထားပြီး ကျန်သောထိုင်ခုံများကို အလေးချိန်ပေါ့ပါးအောင် ဖြုတ်ထားပါသည်။

Sportကားဖြစ်သည့်အတွက် Roll Cage များကိုလည်း တပ်ဆင်ထားပါသည်။

ကားဘီးခွေများမှာ ပို၍ကြီးမားသော ဘရိတ်များနှင့်အတူ ၁၈လက်မ Rota Brand အလွိုင်းခွေများ တပ်ဆင်ထားပါသည်။

Mitsubishi Lancer Evo 6.5RS Eidition အဖြစ်တပ်ဆင်ထားသော Drag Race ကားဖြစ်ပြီး ပြိုင်ကားချစ်လူငယ်များအတွက် နှစ်ခြိုက်သဘောကျစေမှာ ဖြစ်ပါသည်။

 

Read 896 times