ယင်းကား၏ကိုယ်ထည်မှာ Hatchback ကားတစ်စီးဖြစ်သည်နှင့်အညီ လုံးလုံးကျစ်ကျစ်နှင့်ဆွဲဆောင်မှုရှိသည့် ကားတစ်စီးဖြစ်ပါသည်။
Mirage တွင် GLS နှင့် GLX ဟူ၍ဂရိတ်နှစ်မျိုးရှိပါသည်။
GLS သည်ဂရိတ်ပိုမြင့်ပြီး ယင်းတွင် Fog Lamp နှင့် ၁၅ လက်မအလွိုင်းများပါဝင်လာပါသည်။
GLX တွင် ၁၄လက်မ Steel Wheel ကိုအသုံးပြုထားပါသည်။
အပြင်ပိုင်းမှ Option များအားလုံးတူတူဖြစ်ပါသည်။
Bi-Xenon HD ရှေ့မီးကြီး၊ လျှပ်စစ်နှင့် ခေါက်/ချိုးပြုလုပ်နိုင်သည့် Side Mirrors နှင့် Roof Spoiler တို့မှာ ဂရိတ်နှစ်ခုစလုံးပါဝင်လာမည်ဖြစ်ပါသည်။
ကိုယ်ထည်အရောင်ကို White Pearl,Red Metallic, Cool Silver, Titanium Gray, Black Mica, Medium Blue စသည့်အရောင်ခြောက်မျိုးရွေးချယ်ရရှိနိုင်ပါသည်။
အတွင်းခန်းမှာလည်း ဂရိတ်အလိုက်ကွာခြားသွားမည်ဖြစ်ပါသည်။
GLS ဂရိတ်တွင် Keyless Operation System, Push-Start,Auto Aircon, Audio and Hands-free Phone Switches စနစ်များပါဝင်လာပါသည်။
ထို့ပြင် GLS ဂရိတ်တွင်နောက်ခန်းမှခုံများကို ၄၀း၆၀ ခေါက်/ချိုးပြုလုပ်နိုင်သကဲ့သို့ Tonneau Cover ပါဝင်လာပြီး GLX ဂရိတ်တွင်တော့ပါဝင်လာခြင်းမရှိပေ။
2WD ကားအမျိုးအစားဖြစ်ပြီး 1.2Litre, 12 Value, 3 Cylinder, DOHC MIVEC ဓာတ်ဆီအင်ဂျင်တပ်ဆင် အသုံးပြုထားပါသည်။
Electronic Control Injection စနစ်ဖြစ်သောကြောင့် ဆီစားနှုန်းသက်သာပြီး ဆီတစ်လီတာကို ၂၁ ကီလိုမီတာနှုန်းလောက်ထိမောင်းနှင်နိုင်မည်ဖြစ်ပါသည်။
ဂီယာကိုထိန်းချုပ်မှုပိုကောင်းမွန်သည့် 5-Speed Manual နှင့် Carefree မောင်းနှင်ရန်အတွက် CVT Transmission နှစ်မျိုးကိုရွေးချယ်အသုံးပြုနိုင်ပါသည်။
ရှေ့ဘီးတွင် Ventilated Disc ဘရိတ်နှင့်နောက်ဘီးများတွင် Leading and Trailing Drum ဘရိတ်စနစ်ကို အသုံးပြုထားပါသည်။
ထို့ပြင် Hill Start Assist, ABS with EBD,Active Stability Control,Driver & Passenger Airbags စနစ်များကိုထည့်သွင်းပေးထားပါသည်။
၂၀၁၇ မိုဒယ်New Mitsubishi Mirage ၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၈၉၉၀ ဝန်းကျင်ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံပေးထားပါသည်။