Mitsubishi Mirage ကားအမျိုးအစားတွင် ဖြစ်ပေါ်တတ်သော ပြဿနာများ


Mitsubishi Mirage ကားအမျိုးအစားသည် ပြည်တွင်းတွင် အသုံးများသော ကားအမျိုးအစားဖြစ်ပါသည်။

 ၂၀၁၅မော်ဒယ်သည် ကွန်ပလိမ်းအများဆုံးဖြစ်ပြီး ဘရိတ်ပိုင်းဆိုင်ရာ ပြဿနာများအား အများဆုံးပြုပြင်ပေးရကြောင်းသိရသည်။

ထိုင်ခုံခါးပတ် ချို့ယွင်းခြင်း

၁၉၉၀မော်ဒယ်မှ ၁၉၉၆မော်ဒယ်အထိ Mitsubishi Mirage ကားအမျိုးအစားကို ကီလိုနှစ်သိန်းမောင်းနှင်ပြီးသောအခါ ထိုပြဿနာမျိုးကြုံရတတ်ပါသည်။

ထိုင်ခုံခါးပတ်တွင်ပါရှိသော ပလတ်စတစ်ခလုတ်လေးများ ကျိုးပဲ့ ကွဲအက်သွားတတ်ပြီး အသစ်လဲလှယ်ရတတ်ပါသည်။

Distributor ချို့ယွင်းခြင်း

၁၉၉၃မော်ဒယ်မှ ၂၀၀၁မော်ဒယ်အထိ ကီလိုနှစ်သိန်းမောင်းနှင်ပြီးသောအခါတွင် အဖြစ်များပါသည်။

Mirage ကို စက်စတင်နှိုး၍မရသည့်အတွက် စစ်ဆေးသည့်အခါ Distributorမှ ချို့ယွင်းနေခြင်း ဖြစ်ပြီး အသစ်လဲလှယ်ရမည်ဖြစ်ပါသည်။

Airbag ပြဿနာဖြစ်ခြင်း

၁၉၉၅မော်ဒယ်မှ ၂၀၀၃မော်ဒယ်အထိ အဖြစ်များပါသည်။

ပြင်းထန်သော တိုက်ခိုက်မှုများတွင် Airbags များမပွင့်ဘဲ Airbag SRS အတွင်းချိတ်ဆက်ထားသော ဝါယာပြတ်တောက်နေတတ်ခြင်းဖြစ်ပါသည်။

SRS စနစ်ကို စစ်ဆေးပြီး ပြန်လည်ပြုပြင်ရမည်ဖြစ်သည်။

ဂီယာပြဿနာဖြစ်ခြင်း

၁၉၉၆မော်ဒယ်မှစ၍ ၁၉၉၈ မော်ဒယ်အထိ ကီလိုတစ်သိန်းခွဲမောင်းနှင်ပြီးသောအခါ Manualဂီယာ အသုံးပြုရခက်ခဲ လာခြင်းဖြစ်ပါသည်။

Synchronizerနှင့် ဂီယာမျက်နှာပြင်ကြား ချောမွေ့မှုမရှိဘဲ မာကျောကြမ်းတမ်းနေ၍ ဂီယာတံမှ မာကြောနေခြင်း ဖြစ်ပါသည်။

Manualဂီယာအစိတ်အပိုင်း ပြန်လည်စစ်ဆေးပြီး သတ်မှတ်ထားသော ဂီယာဝိုင်အသစ် လဲလှယ်သင့်ပါသည်။

Ignition Lock cylinder ချို့ယွင်းခြင်း

၁၉၉၃,၁၉၉၅,၁၉၉၈ နှင့် ၂၀၀၁မော်ဒယ်များကို ကီလိုနှစ်သိန်းမောင်းနှင်ပြီးသောအခါ Ignition Lock cylinder ချို့ယွင်းသည့်အတွက် စက်နှိုး၍မရခြင်းဖြစ်ပါသည်။

ထိုအစိတ်အပိုင်းကို စစ်ဆေးပြီး လိုအပ်ပါက အသစ်လဲလှယ်သင့်ပါသည်။

ရှေ့ဘရိတ်ပြဿနာဖြစ်ခြင်း

၁၉၉၈၊ ၁၉၉၉ နှင့် ၂၀၁၄မော်ဒယ်များကို ကီလိုငါးသောင်းမောင်းနှင် ပြီးသောအခါ ရှေ့ဘရိတ်တွင် ပါရှိသော rotorsများနှင့် brake pads များ သက်တမ်းမကုန်ခင် ချို့ယွင်းခြင်းဖြစ်ပါသည်။

အရည်အသွေးပြည့်မှီသော rotors နှင့် brake pads များကို အသစ်လဲလှယ်ရပါမည်။

ECMချို့ယွင်းခြင်း

၁၉၉၀၊ ၁၉၉၁ နှင့် ၁၉၉၂ မော်ဒယ် Mirage တွင်အဖြစ်များသော Engine Control Module (ECM) ချို့ယွင်းသည့်အတွက် အင်ဂျင်စက်သေသွားခြင်း ဖြစ်ပါသည်။

ပျက်စီးနေသောECMကို အသစ်လဲလှယ်ရမည်ဖြစ်ပါသည်။

ရှေ့တံခါးပတ္တာပျက်စီးခြင်း

၁၉၉၉နှင့် ၂၀၀၀မော်ဒယ် Mirageတွင် ရှေ့တံခါးဖွင့်ရပိတ်ရ ခက်ခဲလာခြင်း ဖြစ်ပါသည်။

ရှေ့တံခါးတွင် တပ်ဆင်ထားသော ပတ္တာများချို့ယွင်းလာသည့်အတွက် အဖွင့်အပိတ်ခက်ပါသည်။

ထို့အတွက် ရှေ့တံခါးတွင်ရှိသော ပတ္တာများကို တစ်ခုချင်းစစ်ဆေးပြီး မကောင်းသောပတ္တာများကို အသစ်လဲလှယ်ရပါမည်။

 

Read 1425 times