ယခုလအတွင်း အထူးပရိုမိုးရှင်းအစီအစဉ်ဖြင့် ရောင်းချပေးမည့် Mitsubishi Mirage


Mitsubishi Myanmar မှ Mitsubishi Mirage ကိုယခုဇန်နဝါရီလအတွင်း အထူးပရိုမိုးရှင်းအစီအစဉ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

Mitsubishi Mirage သည် Hatchback ကားအမျိုးအစားဖြစ်ပြီး 1.2 Liter, 12 Valve, 3 Cylinder DOHC MIVEC ဓာတ်ဆီအင်ဂျင်သုံး ကားအမျိုးအစားဖြစ်သည်။

Mitsubishi Mirage ကို GLS နှင့် GLX ဟူ၍ ဂရိတ်နှစ်မျိုးဖြင့် ဝယ်ယူနိုင်ပြီး ဂရိတ်အမြင့်ဖြစ်သည့် GLS တွင် Alloy Wheel,Push-start,Automatic Climate Control,Fog Lamp, Steering Volume with Hand Free Bluetooth, 2 Central Panel ,Audio, CD player, 2 Speakers, 2 Tweeters တို့ပါဝင်ပါသည်။

Mitsubishi Mirage ကို ဇန်နဝါရီ ၁၁ ရက်မှစပြီး အထူးအစီအစဉ်နှင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။

ယခုလထဲမှာ ဝယ်ယူတဲ့သူတွေကို ဈေးလျှော့ထားပြီး မြန်မာငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

အရစ်ကျနှင့် ဝယ်ယူမည့် သူများကိုလည်း ၂၀ ရာခိုင်နှုန်း Down Payment ပေးရုံနှင့် ကားပိုင်ဆိုင်ခွင့် ရမည့် အခွင့်အရေးရမှာ ဖြစ်ပါတယ်။

ရောင်းချမည့် ကားအရေအတွက်ကို ကန့်သတ်ထားတဲ့အတွက် အမြန်ဆုံးလာရောက်ဝယ်ယူရန် ဖိတ်ခေါ်ထားကြောင်း Mitsubishi Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Mitsubishi Myanmar မှ Mitsubishi Mirage GLS ကို မူရင်းဈေး အမေရိကန်ဒေါ်လာ ၁၉၅၀၀ မှ ကနဦးမှတ်ပုံတင်ခအပါအဝင် မြန်မာငွေကျပ်သိန်း ၂၄,၀၂၁,၀၀၀၊ Mitsubishi Mirage GLX ကိုမူရင်းဈေး အမေရိကန်ဒေါ်လာ ၁၇,၅၀၀ မှ ကနဦးမှတ်ပုံတင်ခအပါအဝင် မြန်မာငွေကျပ် ၂၂၇၉၇၀၀၀ သိန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး သုံးနှစ် သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံပေးမည်ဖြစ်ကြောင်း သိရသည်။

Source:Automobile Journal

Read 997 times