မစ်စူဘီရှိ အင်ဒိုနီးရှားတွင် လုပ်ငန်းချဲ့ထွင်ရန် ကန်ဒေါ်လာ ၃၇၅ သန်း ရင်းနှီးမြှုပ်နှံ၊ ထိုင်းတွင် ဟိ


မစ်စူဘီရှိ အင်ဒိုနီးရှားတွင် လုပ်ငန်းချဲ့ထွင်ရန် ကန်ဒေါ်လာ ၃၇၅ သန်း ရင်းနှီးမြှုပ်နှံ၊ ထိုင်းတွင် ဟိုင်ဘရစ်ထုတ်ရန် အသင့်ပြင်ဆင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဂျပန်ကားထုတ်လုပ်သူ Mitsubishi Motors သည် အင်ဒိုနီးရှားတွင် ၎င်း၏ထုတ်လုပ်မှုစွမ်းရည်ကို တိုးချဲ့ရန်အတွက် ၂၀၂၄  ခုနှစ်တွင် ၅.၇ ထရီလီယံ ရူပီယာ (ကန်ဒေါ်လာ ၃၇၅.၂၅ သန်း) ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည်။

အင်ဒိုနီးရှားတွင် ၂၀၂၄ ခုနှစ်မှာ တစ်နှစ် အစီးရေ ၂ သိန်းခွဲအထိ ထုတ်လုပ်နိုင်ရန် ချဲ့ထွင်မည် ဖြစ်သည်။ ထို့ပြင် Minicab-MiEV ဘက်ထရီသုံး လျှပ်စစ်ကားများ ယခု နှစ်ကုန်တွင် စတင်ထုတ်လုပ်မည်။ 
 
မစ်စူဘီရှိသည် ဟိုင်ဘရစ်ကားများကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရန် အသင့်ပြင်ဆင်နေသည်။ ကုမ္ပဏီအနေဖြင့် ဟိုင်ဘရစ်ကို ပြည်ပတွင် ပထမဆုံး ထုတ်လုပ်ခြင်း ဖြစ်သည်။ 

Mitsubishi Motors သည် ထိုင်းနိုင်ငံအား ဟိုက်ဘရစ် ထုတ်လုပ်မှုဗဟိုချက်အဖြစ် ပြုလုပ်မည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် Mitsubishi Motors က X PANDER မီနီဗင် ဟိုက်ဘရစ်ဗားရှင်းကို ထုတ်လုပ်မည် ဖြစ်သည်။
နောက်ထပ် ၁၀ နှစ် ကြာသည်အထိ ဝယ်လိုအား မြင့်မားနေမည်ဟု မစ်စူဘီရှိက မျှော်မှန်းထားသည်။ 

အီးဗီ စျေးနှုန်းများကြီးမြင့်မှုကြောင့်နှင့် အားသွင်းအခြေခံအဆောက်အအုံများ လိုအပ်ခြင်းကြောင့် ထွန်းသစ်စနိုင်ငံများတွင် ကားအများစုသည် လျှပ်စစ်ကားများ ဖြစ်လာဖို့ အချိန်ပိုကြာမည်ဟု Mitsubishi Motors က သုံးသပ်သည်။
ထိုသို့ လျှပ်စစ်ကားသို့ ကူးပြောင်းနေသည့်ကာလတွင် ဟိုက်ဘရစ်ကားများ ဝယ်စီးကြလိမ့်မည်။ သို့ဖြစ်ရာ တရုတ်အီးဗီကုမ္ပဏီများကို Mitsubishi Motors က ဟိုင်ဘရစ်ကားများဖြင့် ယှဉ်ပြိုင်မည် ဖြစ်သည်။ 

မစ်စူဘီရှိသည် တရုတ်ပြည်တွင် ရောင်းအား ထိုးကျခဲ့ပြီး ကားထုတ်လုပ်မှု ရပ်ထားရသည်။
တရုတ်ပြည်တွင်  Guangzhou Automobile Group (GAC) နင့် ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်းသည် ဒီဇင်ဘာလတွင် Outlander SUV မော်ဒယ်အသစ် ထုတ်လုပ်ခဲ့ရာ ရောင်းအားမကောင်းသဖြင့် ဧပြီလတွင် ထုတ်လုပ်မှု ရပ်လိုက်ရသည်။

 အရှေ့တောင်အာရှတွင် ဧပြီ မေ ဇွန် ၃ လတာတွင် အစီးရေ ၁၂၀,၀၀၀ ဝန်းကျင် ရောင်းချခဲ့သည်။ ထိုင်းတွင် အစီးရေ ၁၇,၀၀၀ ရောင်းချခဲ့သည်။ ယမန်နှစ် အလားတူကာလတွင် အစီးရေ ၂၅,၀၀၀ ရောင်းချခဲ့သည်။
 
Source Reuters Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 356 times