Mitsubishi Motors က ထိပ်တန်းအီလက်ထရွန်းနစ် စတိုးဆိုင်များမှာ ကားရောင်းမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Mitsubishi Motors က eK X မီနီကားများကို Yamada Denki ၏ စတိုးဆိုင်များအနက် ရွေးချယ်သတ်မှတ်ထားသော စတိုးဆိုင်များမှတဆင့် ရောင်းချမည်။
.
ဂျပန်နိုင်ငံ၏ အကြီးဆုံး လူသုံး အီလက်ထရွန်းနစ် အရောင်းဆိုင်များလုပ်ငန်း Yamada Holdings သည် ဇူလိုင်လတွင် Mitsubishi Motors ၏ လျှပ်စစ်ကားများကို စတင်ရောင်းချတော့မည် ဖြစ်သည်။
.
Yamada Holdings သည် ၎င်း၏ Yamada Denki စတိုးဆိုင်များတွင် Mitsubishi Motors မှ ထုတ်လုပ်သည့် eK X မီနီကားများနှင့် Minicab-MiEV လုပ်ငန်းသုံး ဗင်ကားများကို ရောင်းချမည် ဖြစ်သည်။
တိုကျိုမြို့တော်ရှိ ဆိုင် ၅ ဆိုင်တွင် အရင်ဆုံး ရောင်းချမည်။ ထို့နောက် ၁၁ ဆိုင်အထိ တိုးချဲ့သွားမည်။ အီးဗီများကို လုပ်ငန်းများကိုသာ စတင်ရောင်းချမည်။ ထို့နောက် တစ်ဦးချင်း ဝယ်ယူသူများကို ရောင်းချမည်။
ကားအရောင်းကိုယ်စားလှယ်ထံမှာ ဝယ်ယူသည်ထက် သက်သာအောင် Yamada Denki က စီစဉ်ပေးထားမည်။
ထုတ်လုပ်သူတို့က ပေးသည့် ကော်မရှင်ဖြင့် ကုမ္ပဏီက စိုက်ထည့်ပေးပြီး ဈေးလျှော့ရောင်းသည်။
.
Mitsubishi သည် Yamada နှင့် ပူးပေါင်းပြီး အီးဗီ ရောင်းချခြင်းကို ယခင်က ၂၀၁၀ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် i-MiEV ကို ရောင်းချခဲ့သည်။ ယခု ဒုတိယအကြိမ် ပူးပေါင်း ရောင်းချခြင်း ဖြစ်သည်။
.
ပထမဆုံးအကြိမ် ရောင်းချခဲ့စဉ်က ဂျပန်တွင် အီးဗီများသည် အသစ်အဆန်း ဖြစ်နေဆဲဖြစ်သည်။ စားသုံးသူများသည် အီလက်ထရွန်နစ် ပစ္စည်းဆိုင်များတွင် ကားဝယ်ရန် မယုံမရဲ ဖြစ်နေခဲ့ကြသည်။ သုံးနှစ် မပြည့်ခင်မှာပင် အစီအစဉ်ကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် ရပ်လိုက်ကြသည်။
.
ယခုအကြိမ်တွင် Yamada က လုပ်ငန်းများကို အဓိကထားသည်။ အီးဗီနှင့်အတူ အားသွင်းစက်ကိုပါ တစ်နေရာတည်းမှာ ဝယ်ယူနိုင်မည်။
Source Asia Nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U