Mitsubishi Myanmar မှ ကားအမျိုးအစား (၄) မျိုးကို Myanmar New Year Eve Promotion အစီအစဉ် ဖြင့်ရောင်းခ


Mitsubishi Myanmar မှ ကားအမျိုးအစား ၄မျိုးကို Myanmar New Year Eve Promotion အစီအစဉ် ဖြင့်ရောင်းချ ပေးမည်ဖြစ်ကြောင်းသိရသည်။

Myanmar New Year Eve Promotion အစီအစဉ် ဖြင့် Mitsubishi ASX, Mitsubishi Attrage, Mitsubishi L 200 Double Cab နှင့် Mitsubishi L 200 Single Cab တို့ကို အထူးဈေးနှုန်းများဖြင့် ရောင်းချမည် ဖြစ်သည်။

Mitsubishi ASX သည် 2.0L16-Valve Inline-4 DOHC MIVEC Engine တပ်ဆင်ထားသော ၅ ယောက်စီး SUV ကားအမျိုးအစားဖြစ်သည်။ Mitsubishi Attrage သည် 1.2L 12 Valve 3-cylinder DOHC MIVEC Engine တပ်ဆင်ထား သော ၅ယောက်စီး Saloon ကားအမျိုးအစားဖြစ် သည်။Mitsubishi L200 Double Cab နှင့် Mitsubishi L200 Single Cab သည် 2.5L16-Valve DOHC Common Rail Di-D High power Engine တပ် ဆင်ထားသော လုပ်ငန်းသုံးကားများ ဖြစ်သည်။

ယခုလအတွင်း ဝယ်ယူသူများကို Myanmar New Year Eve Promotion အစီအစဉ် ဖြင့် Mitsubishi ASX အမေရိကန်ဒေါ်လာ ၃၉၉၀၀ ၊Mitsubishi Attrage GLS Sport Editionကို ကျပ် ၃၀၂သိန်း၊Mitsubishi Attrage GLS ကိုကျပ် ၂၈၉သိန်း၊Mitsubishi AttrageGLX ကိုကျပ် ၂၄၉သိန်း၊ Mitsubishi L 200 Double Cab Auto ကို အမေရိကန်ဒေါ်လာ ၃၉၉၀၀၊Mitsubishi L 200 Double Cab Manual ကို ကျပ်သိန်း ၄၉၀နှင့် Mitsubishi L 200 Single Cab ကို ကျပ်သိန်း၂၉၀ ဖြင့်ရောင်းချ ပေးမည် ဖြစ်သည်။

Read 634 times