Pajero Sport ၏ ကိုယ်ထည်ပုံစံမှာတံခါးငါးပေါက်ပါ Midsize SUV ကားဖြစ်ပါသည်။
ရှေ့ပိုင်းတွင်လေးကိုင်းသဏ္ဍာန်ဒီဇိုင်းပုံစံခရိုမီယမ်ရှဲလ်ကထူးခြားသည့် sport ကားတစ်စီးအသွင်ဖြင့် လှပနေပြီးတံခါးလက်ကိုင်ဖြင့် side Mirrorမျာကိုလည်းခရိုမီယမ်နှင့်ဖန်တီးပေးထားပါသည်။
LED ရှေ့မီးခွက်များကို Grille နှင့်တစ်ဆက်တည်းဖန်တီးထားပြီး မီးခွက်များထဲမှ DRL မီးများကိုပါထည့်သွင်း အသုံးပြုထားပါသည်။
ထို့ပြင်နှင်းခွဲမီးကို Standard အနေဖြင့်တပ်ဆင်ပေးထားပါသည်။
ကားနောက်ပိုင်း Tail Light များကိုလည်း LED မီးများအသုံးပြုထားပြီး ခပ်မြင့်မြင့်အနေအထားတွင် တပ်ဆင်ပေးထားသောကြောင့် နောက်ကယာဉ်များကိုပိုမြင်သာစေမည်ဖြစ်ပါသည်။
အတွင်းခန်းကိုသက်သောင့်သက်သာနှင့်အလွယ်တကူအသုံးပြုနိုင်ရန်စီမံပေးထားပါသည်။
စတီယာရင်နှင့်ဂီယာတံများကိုသားရေများနှင့်အုပ်မိုးပေးထားပြီး အတွင်းခန်းတံခါးလက်ကိုင်များကိုခရိုမီယမ်နှင့် ပြုလုပ်ထားပါသည်။
Audio Control,Pone Control နှင့် Cruise Control စနစ်များကိုစတီယာရင်မှတစ်ဆင့်လုပ်ဆောင်နိုင်မည်ဖြစ် ပြီး Paddle Shift ဂီယာထည့်သွင်းထားသောကြောင့် Sport ကားများအနေဖြင့်မောင်းနှင်နိုင်မည်ဖြစ်ပါသည်။
သော့တံမလိုသည့် Keyless Entry စနစ်၊ Push-start Engine၊ လျှပ်စစ်နှင့်ချိန်ညှိနိုင်သည့် နောက်ကြည့်မှန်၊ Dual-zone Climate Control Aircon စနစ်များလည်းပါဝင်လာပါသည်။
စမတ်ဖုန်းများနှင့်ချိတ်ဆက်အသုံးပြုနိုင်သည့်ခုနှစ်လက်မ Touch Screen တွင် Android Auto နှင့်ရော Apple car play အနေနှင့်ပါနှစ်ခုစလုံးအသုံးပြုနိုင်မည်ဖြစ်ပါသည်။
Pajero Sport တွင် 2WD နှင့် 4WD နှစ်မျိုးကိုရွေးချယ်နိုင်ပါသည်။
4WD တွင်လမ်းအနေအထားပေါ်မူတည်ပြီး 2H, 4H, 4HLc နှင့် 4LLC ဆိုသည့် Mode လေးမျိုးရွေးချယ်နိုင်သည့် Super Select Function ပါဝင်လာပါသည်။
ဂီယာကို 8-speed Automatic ဂီယာတပ်ဆင်အသုံးပြုထားပါသည်။
Pajero Sport တွင်လုံခြုံရေးစနစ်များနှင့် Anti-lock Braking System(ABS), Electronic Brakeforce Distribution(EBD), Emergency Brake Assist System(EBA), Active Traction Control(ATC), Hill Start Assist(HAS), Reinforced Impact Safety Evolution(RISE) Body စသည့်အဆင့်မြင့်လုံခြုံရေးစနစ်များအပြင် Parking Sensor,နောက်ကြည့်ကင်မရာနှင့်အသက်ကယ်လေအိတ်အပြည့်အစုံထည့်သွင်းပေးထားပါသည်။
Pajero Sport ၏ဈေးနှုန်းများအနေဖြင့်ရန်ကုန်လိုင်စင်အပါအဝင် 2WD ကအမေရိကန်ဒေါ်လာ ၇၅၉၀၀ ဝန်းကျင်နှင့် 4WD မှအမေရိကန်ဒေါ်လာ ၈၃၉၀၀ ဝန်းကျင်ရှိပြီးဝန်ဆောင်မှုများအနေဖြင့်သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံပေးထားပါသည်။
Source:Automobile Journal