Mitsubishi Motors သည် မြန်မာနိုင်ငံတွင် မော်တော်ယာဉ်များ တည်ဆောက်ရန် စဉ်းစားနေကြောင်း၊ ဂျပန်ကားထုတ်လုပ်သူက အရှေ့တောင်အာရှသို့ တိုးချဲ့ရန် ကတိကဝတ်များကို ပိုမိုတိုးမြှင့်လာသည်နှင့်အမျှ Coronavirus ကူးစက်ရောဂါဖြစ်ပွားခြင်းကြောင့် အထိနာနေသောစျေးကွက်ထဲတွင် ရှေ့လမ်းကိုပုံဖော်ခြင်း ဖြစ်ကြောင်း CEO ဖြစ်သူ Takao Kato က Nikkei,သို့ပြောကြားခဲ့သည်။
Kato က မော်တော်ကားထုတ်လုပ်သည့် လုပ်ငန်းတွင် ရှယ်ယာ ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ပြည်တွင်းစျေးကွက်ကိုကောင်းစွာကျွမ်းကျင်သောကုန်သွယ်ရေးလုပ်ငန်းဖြစ်သည့် Mitsubishi ကော်ပိုရေးရှင်း နှင့် ညှိနှိုင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည် ။ အချိန်ကာလနှင့်စီးပွားရေးပုံစံစသည့် အသေးစိတ်အချက်အလက်များကိုမူ မဆုံးဖြတ်ရသေးပါ။
Mitsubishi Motors သည် ကျယ်ပြန့်သောချဲ့ထွင်မှုကို လုပ်ဆောင်ရန်အစား ပြီးခဲ့သည့်လနှောင်းပိုင်းက ထုတ်ပြန်ခဲ့သော အလယ်အလတ်ကာလအစီအစဉ်အရ အရှေ့တောင်အာရှနိုင်ငံများအသင်း (၁၀) ခုကိုသာ ပိုမိုအာရုံစိုက်ပြီး လုပ်ကိုင်ရန် ပြောင်းလဲခဲ့သည်။ ကုမ္ပဏီ၏ ရောင်းအား၏ လေးပုံတစ်ပုံခန့် ရှိသည့် ဒေသတွင်းအရင်းအမြစ်များကို မော်တော်ကားထုတ်လုပ်သူသည် ခွဲဝေချထားပေးမည်ဖြစ်သည်။
ဂျပန်ကားထုတ်လုပ်သူသည် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင် ထုတ်လုပ်မှုအခြေစိုက်စခန်း ရှိသည်။ နောက်ထပ် ဗီယက်နမ်စက်ရုံကိုလည်း ထည့်သွင်းစဉ်းစားနေပြီး မြန်မာကို စာရင်းထဲထည့်ရန် အစီအစဉ် ဖြစ်သည်။
ဥရောပနှင့် အခြားအဓိကဒေသများရှိ လုပ်ငန်းများကို လုပ်သားအင်အားလျှော့ချခြင်းဖြင့် အရွယ်အစား ပြန်လည်လျှော့ချလိမ့်မည်။ အလုပ်သမားငှားရမ်းခြင်းနှင့်လျော်ကြေးပေးခြင်းစနစ်ကို ပြန်လည်သုံးသပ်ခြင်းတို့နှင့်အတူ မော်တော်ကားထုတ်လုပ်သူသည် ၂၀၁၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁ ဘဏ္ဍာရေးနှစ်အကုန်တွင် အုပ်ချုပ်ရေးဘက်တွင် အလုပ်သမားကုန်ကျစရိတ်ကို ၁၅ ရာခိုင်နှုန်းလျှော့ချရန် ရည်ရွယ်သည်။
အလယ်အလတ်ကာလအစီအစဉ်တွင် SUV ဖြစ်သည့် Pajero ထုတ်လုပ်သည့် စက်ရုံတစ်ရုံကိုပိတ်သိမ်းပြီး ဥရောပတွင် မော်ဒယ်အသစ် ထုတ်လုပ်မှုများကို ရပ်ဆိုင်းထားမည် ဖြစ်သည်။ ဤကြိုးပမ်းအားထုတ်မှုများသည် ကုမ္ပဏီအား (၂၀% ပုံသေကုန်ကျစရိတ်) လျှော့ချရေးရည်မှန်းချက်ကိုရောက်ရှိစေလိမ့်မည်ဟု Kato ကပြောကြားခဲ့သည်။
Nissan နှင့် ပြင်သစ်ကားလုပ်ငန်း Renault တို့အကြား ကုမ္ပဏီသုံးခု မဟာမိတ်ဖွဲ့ခြင်းနှင့် ပတ်သက်၍ Matsubishi Motors သည် နှစ်ဦီးနှစ်ဖက်စလုံး အကျိုးရှိသည့် သဘောတူညီမှုများ လုပ်ကိုင်နိုင်မည့် နယ်ပယ်များတွင် ဆွေးနွေးမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် "ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပူးပေါင်းဆောင်ရွက်လို့ရမယ် နေရာတွေကို အတင်းအကျပ် မရအရ ရှာဖွေတာမျိုးက လက်တွေ့မကျပါဘူး" ဟု သူကပြောသည်။