MPV နှင့် SUV ဘာတွေတူ၊ ဘာတွေကွာခြား


MPV နှင့် SUV ဘာတွေတူ၊ ဘာတွေကွာခြား

SUV (sport utility vehicle) နှင့် MPV (multi-purpose vehicle) တို့ဟာ မိသားစု အတူသွားလာကြဖို့ အတွက် ရွေးချယ်သင့်တဲ့ ကားအမျိုးအစားများ ဖြစ်ကြပါတယ်။

SUV က လမ်းမကောင်းတဲ့နေရာမျိုးတွေ၊ အခြေအနေမျိုးတွေမှာ မောင်းနှင်နိုင်အောင် တည်ဆောက်ပေးထားပါတယ်။ ပုံမှန်ကားအရွယ်အစားထက် ပိုကြီးပါတယ်။ ပိုတောင့်တင်းတယ်။ မောင်းနှင်ရတာ လွယ်ကူပါတယ်။

SUV အတွင်းပိုင်းမှာ ယာဉ်မောင်း သက်သောင့်သက်သာဖြစ်ဖို့ ဦးစားပေးထားတယ်။ အရည်အသွေး မြင့်မားတဲ့ ပစ္စည်းတွေ သုံးထားပါတယ်။ 
ထိုင်စီးဖို့နေရာတွေ ကျာ်ကျယ်ဝန်းဝန်း လုပ်ပေးထားတယ်။ ခရီးဝေး စီးတဲ့အခါ ကျပ်ကျပ်တည်းတည်း ဖြစ်နေသလို မခံစားမိဘူး။ သက်သောင့်သက်သာ ရှိနေစေတယ်။ ၂ ဘီးယက်အဖြစ် မောင်းနှင်နိုင်သလို ၄ ဘီးယက်အဖြစ်လည်း မောင်းနှင်နိုင်တယ်။ 
 

MPV က တစ်နေရာမှ တစ်နေရာသို့ လူများများ ပို့ဆောင်ပေးဖို့ ရည်ရွယ်ထားတယ်။ 
ပုံမှန်အားဖြင့် SUV ကို ‌၄ဘီးယက်အဖြစ် သုံးလို့ရအောင် လုပ်ထားတဲ့အတွက် မိသားစု အတူစီးဖို့ ထုတ်လုပ်တဲ့ မော်ဒယ်တွေမှာ နောက်ဘီးယက် ပါဝင်တယ်။ MPV က ပုံမှန်အားဖြင့် ရှေ့ဘီးယက် ဖြစ်တာကြောင့် လမ်းကြမ်းမှာ မောင်းဖို့ မသင့်တော်ပါဘူး။  လမ်းကြမ်းအတွက်ဆိုရင် SUV က စွမ်းဆောင်ရည် ပိုကောင်းပါတယ်။ 
များသောအားဖြင့် MVP ထက် SUV က ဈေးပိုကြီးလေ့ရှိပါတယ်။  အခင်းအကျင်း ရိုးရှင်းခြင်း၊ အင်ဂျင်အရွယ်အစား ပိုသေးခြင်းတို့ကြောင့် MPV ကို တည်ဆောက်ရတဲ့ ကုန်ကျစရိတ်က SUV ထက် နည်းပါတယ်။ ဆီစားလည်း ပိုသက်သာပါတယ်။ 

Toyota Motors မှ ထုတ်လုပ်တဲ့ SUV နှင့်  MPV မော်ဒယ် အချို့ကို ဖော်ပြအပ်ပါတယ်။


Toyota SUV မော်ဒယ်များ

Toyota RAV4
Toyota RAV4 Hybrid
Toyota Sequoia
Toyota 4Runner
Toyota Fortuner
Toyota Land Cruiser
Toyota Rush
Toyota Prado
Toyota FJ Cruiser
Toyota C-HR
Toyota Highlander
Toyota Highlander Hybrid

Toyota MPV မော်ဒယ်များ

Toyota Vellfire
Toyota Innova
Toyota Innova Crysta
Toyota Avanza
Toyota Avanza Veloz
Toyota Wish
Source: Toyota

Read 8193 times