စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် လက်ရှိဆောင်ရွက်လျက်ရှိသော ကုန်သွယ်မှုနှင့် ပတ်သက်သောလုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ထားသည့် Myanmar Tradenet 2.0 စနစ်အား ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ( ၁ )ရက်နေ့မှစတင်၍ အဆင့်လိုက်လွှင့်တင်လျက်ရှိရာ စနစ်အသုံးပြုမှုနှင့်ပတ်သက်၍ ကုန်သည်လုပ်ငန်းရှင်များထံ ဒုတိယအကြိမ်အသိပညာပေးရှင်းလင်းခြင်းကို ယနေ့ နိုဝင်ဘာလ (၆)ရက်နေ့တွင်နံနက်ပိုင်းတွင် Virtual Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။
Myanmar Tradenet 2.0 တွင် ပို့ကုန်သွင်းကုန်ဆိုင်ရာ ဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားခြင်း၊ ထုတ်ပေးခြင်းတို့ ပြုလုပ်နိုင်သည်။
TradeNet 2.0 တွင် ပို့ကုန်၊ သွင်းကုန်၊ လိုင်စင်၊ ပါမစ်များ လျှောက်ထားနိုင်ရန်အတွက် ပထမဦးစွာ Tradenet 2.0 အသင်းဝင်ဖြစ်ရန်လိုအပ်ပြီး အသင်းဝင်ဖြစ်ပြီးပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခြင်း (ပသက) လျှောက်ထားနိုင်ပါသည်။ (ပသက)ရရှိပြီးပါက ပို့ကုန်သွင်းကုန် လိုင်စင်၊ပါမစ်များအား ဆက်လက်လျှောက်ထားနိုင်သည်။
TradeNet အသင်း၀င် လျှောက်ထားခြင်း ဆောင်ရွက်ရန်
https://sso.myanmartradenet.com/Account/Register
TradeNet2.0 အွန်လိုင်းစနစ်တွင် လျှောက်ထားနိုင်သော လက်မှတ်များ
========
ယခုလက်ရှိတွင် ကုန်သည်များအနေဖြင့် ပို့ကုန်/ သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမပြုမီ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ TradeNet2.0 အွန်လိုင်းစနစ်မှတဆင့် ပြုလုပ်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။ ယေဘုယျအားဖြင့် TradeNet2.0 အွန်လိုင်းစနစ်တွင် အောက်ပါလျှောက်လွှာများကို လျှောက်ထားနိုင်ပြီး ဖြစ်ပါသည်။
၁။ ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ပသကဟုခေါ်သည်)
၂။ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်၊
၃။ လက်လီ / လက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်လက်မှတ်၊
၄။ အဖျော်ယမကာတင်သွင်းခွင့်မှတ်ပုံတင်လက်မှတ်၊
၅။ အကောက်ခွန်လွတ်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လက်မှတ်၊
၆။ စီးပွားရေးအကျိုးဆောင်၊ မှတ်ပုံတင်လက်မှတ်၊
၇။ Show Room ဖွင့်လှစ်၍ မော်တော်ယာဉ်သစ်များ တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၈။ Show Room ဖွင့်လှစ်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများနှင့် လုပ်ငန်းသုံးယန္တရားများ တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၉။ Sale Center ဖွင့်လှစ်၍ မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၁၀။ Sale Centre ဖွင့်လှစ်၍ လုပ်ငန်းသုံးမော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၁၁။ Re-Export မှတ်ပုံတင်လက်မှတ်၊
၁၂။ ပို့ကုန်လိုင်စင်၊
၁၃။ သွင်းကုန်လိုင်စင်၊
၁၄။ ပို့ကုန်ပါမစ်၊
၁၅။ သွင်းကုန်ပါမစ်။
TradeNet2.0 အသင်းဝင်ဖြစ်ပြီးနောက် ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်(ပသက) အပါအဝင် အခြားဆက်စပ်ကတ်များကို လျှောက်ထားနိုင်ပါသည်။ ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်(ပသက) အပါအဝင် အခြားဆက်စပ်ကဒ်များ လျှောက်ထားရန်
https://sso.myanmartradenet.com/
ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်(ပသက) ရရှိပြီးသည်နှင့် ပို့ကုန်သွင်းကုန်လိုင်စင် /ပါမစ် များအားဆက်လက်လျှောက်ထားနိုင်ပါသည်။ ပို့ကုန်သွင်းကုန်လိုင်စင် /ပါမစ် လျှောက်ထားရန်
https://sso.myanmartradenet.com/
https://www.myanmartradenet.com/?locale=mm