၂၀၂၁ မှာ အဆင်မပြေခဲ့သော အိန္ဒိယကားဈေးကွက်ထဲ ပွဲတော်ရာသီမတိုင်မီ ကားမော်ဒယ်အသစ်များ ရောင်းချရန် တာဆူ
ပွဲတော်ရာသီ မစတင်ခင် သီတင်းပတ် အနည်းငယ်အလို စက်တင်ဘာလတွင် Maruti Suzuki Grand Vitara, Hyundai Tucso အပါအဝင် ကားမော်ဒယ်အသစ်များ အိန္ဒိယ ဈေးကွက်ထဲ ဝင်ရောက်ရန် တာဆူထားကြပါတယ်။
Maruti Suzuki Grand Vitara (ပေါ်), Toyota Urban Cruiser Hyryder (ဝဲ) Hyundai Tucson (အောက်) ကားမော်ဒယ် ၃ မျိုးတို့က ပွဲတော်ရာသီ မတိုင်ခင် အိန္ဒိယ ကားအသစ်ဈေးကွက်ထဲသို့ မောင်းဝင်ကြမှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ မော်တော်ယာဉ် ရောင်းဝယ်သူများအသင်းချုပ် Federation of Automobile Dealers Associations of India FADA ဥက္ကဋ္ဌ Vinkesh Gulati က ယခင်နှစ် ပွဲတော်ရာသီမှာ အဆင်မပြေခဲ့ကြောင်း၊ တစ်ဆယ်နှစ်တာကာလအတွင်း ရောင်းအား အဆိုးဝါးဆုံး ဖြစ်ခဲ့ကြောင်း ပြောကြားပါတယ်။
ယခုအခါ ကိုဗစ်လွန်ကာလ အခြေအနေတွေ ပြန်ကောင်းလာလို့ ကားအသစ် ဝယ်လိုအား ပြန်မြင့်တက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောကြားပါတယ်။
"ပြီးခဲ့တဲ့ နှစ်နှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပွဲလမ်းသဘင်ရာသီမှာ မော်ဒယ်အသစ်တွေ မိတ်ဆက်တာ အနည်းဆုံး နှစ်ဆ တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် လျှပ်စစ်ကားတွေ အများအပြားဖြန့်ကျက်လာတာကိုလည်း တွေ့ရတယ်။
အဲဒါကြောင့် ပွဲတော်ရာသီမတိုင်မီ မော်ဒယ်အသစ်တွေ ထွက်လာကြလိမ့်မယ်" လို့ PTI သတင်းဌာနကို Gulati က ပြောကြားပါတယ်။
ကားမော်ဓယ်အသစ်တွေထဲမှာ SUV တွေ ကြီးစိုးလိမ့်မယ်လို့ သူက ပြောကြားပါတယ်။
ဒီပါဝလီပွဲတော် မတိုင်ခင် ထွက်လာမယ့် မော်ဒယ်တွေထဲမှာ SUV တွေ ကြီးစိုးလိမ့်မယ်လို့ သူက ပြောကြားပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ SUV မော်ဒယ် ၃ မျိုးအပြင် မော်ဒယ်အသစ်များ၊ အဟောင်းကို မွမ်းမံွထားတဲ့ မော်ဒယ်များ ထွက်လာလိမ့်မယ်လို့ သူက မျှော်လင့်ထားကြောင်း ပြောကြားပါတယ်။
"၉၀ ၔ က SUV အပိုင်းအကန့်ထဲကနေ မောင်းထွက်လာကြမှာပါ၊ ကားအသစ်ဝယ်မယ့်သူတွေအဖို့ SUV ကိုပဲ ရွေးရမယ့်သဘော ဖြစ်ပါတယ်။ ကားအရောင်းကိုယ်စားလှယ်တွေထံ စုံစမ်းမေးမြန်းကြတယ်။
လူကိုယ်တိုင် ကားတွေ လာကြည့်ကြတယ်။ မှာကြားထားပြီးရင် ကားအသစ်တွေက ချက်ချင်း မရနိုင်ဘူး။ ကားစက်ရုံတိုင်းမှာ နှောင့်နှေးကြန့်ကြာနေကြတော့ ရက်အကြာကြီး စောင့်ကြရပေမဲ့ သူတို့ စောင့်ပြီး ဝယ်ကြပါတယ် " လို့ သူက ပြောပါတယ်။
FADA မှ အချက်အလက်များအရ အိန္ဒိယမှ ကားထုတ်လုပ်သူများက တစ်လလျှင် ကားစီးရေ ၃ သိန်း ဝန်းကျင် ထုတ်လုပ်ပါတယ။ ထိပ်တန်း ကားထုတ်လုပ်ရေးလုပ်ငန်း ၅ ခုတို့မှာ Maruti Suzuki, Hyundai Motor, Tata Motors, Mahindra and Mahindra နှင့် Kia India တို့ဖြစ်ပြီး ထုတ်လုပ်မှုစီးရေကို သုံးသိန်းခွဲအထိ တိုးမြှင့်ပေးနိုင်ကြောင်း FADA က ဆိုပါတယ်။
"တကယ်လို့ သူတို့ စီးရေ သုံးသိန်း ထုတ်တယ်ဆိုရင်တောင် ယမန်နှစ်ထက် အများကြီး ပိုများနေပြီ" လို့ Gulati က ပြောကြားပါတယ်။
နှစ်ဘီးတပ်ယာဉ် မော်တော်ဆိုင်ကယ်နှင့် စကူတာ ဈေးကွက်မှာတော့ အင်ဂျင်သုံးတဲ့ နှစ်ဘီးတပ်ယာဉ်တွေ ရောင်အား ထိုးကျပါတယ်။
အဓိက အကြောင်းရင်းက လေထု ညစ်ညမ်းမှု သက်သာစေဖို့ ဓာတ်ဆီကို BS 4 အစား BS 6 ကို ပြောင်းလဲသုံးစွဲကြရတာဖြစ်ပြီး BS 6 က BS 4 ထက် ဈေးပိုကြီးလို့ အင်ဂျင်သုံးတဲ့ နှစ်ဘီးတပ်ယာဉ်တွေ ဝယ်လိုအား ကျဆင်းရတာ ဖြစ်ပါတယ်။
BS6-grade နှင့် BS4-grade ဓာတ်ဆီ အဆင့်နှစ်မျိုးမှာ အဓိက ကွာခြားချက်က ဆာလဖာနှင့် နိုင်တရိုဂျင်အောက်ဆိုဒ် ပါဝင်မှု အချိုးအစား ကွာခြားတာ ဖြစ်ပါတယ်။ ဆာလဖာပါဝင်တဲ့ အချိုးအစားမှာ BS6 က BS4 ထက် ၅ ဆ နည်းပါတယ်။
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U
Source: hindustantimes