Honda CR-V အသစ်မှာ ဘာတွေထူးခြားလာမှာလဲ


2018 ခုနှစ်အတွက် Honda CR-V ဟာ ဈေးသိပ်များတဲ့ အကောင်းစား SUV ပါ။ အခု CR-V အသစ်ကတော့ လက်ရှိ ရှိပြီးသား model ကို ပိုပြီး အားကောင်းအောင်တည်ဆောက်ထားပုံပါပဲ။ ထင်ထင်ရှားရှား ကွဲပြားတာကတော့ အရှေ့က ဇကာနဲ့ မီးခွက်တွေပဲဖြစ်ပါတယ်။

ဒါလေးတွေကလွဲရင် အားလုံးက အတူတူလိုပါပဲ။ ဒါပေမယ့် ပိုကျယ်တယ်။ နောက်ကနေကြည့်ရင် ပိုပြီး ခေတ်ဆန်တယ်။ အရွယ်အစားအရကြည့်မယ်ဆိုရင်တော့ 2018 ထက် နည်းနည်းလေးပိုပြီး ကြီးပါတယ်။ CR-V အသစ်မှာက ပုံမှန်ထက်စာရင် ဈေးနှုန်းအားဖြင့် မများဘူး၊ ခေတ်မီပစ္စည်းကရိယာစုံလင်တယ်။ လူခုနစ်ယောက် လိုက်ပါစီးနင်းဖို့အတွက် အကောင်းဆုံးကားတွေထဲက တစ်စီးပါ မြေပြင်ကနေကားကိုယ်ထည်အောက်ဆုံးအထိအမြင့် 38mm ပိုလာတာကတော့ ပိုပြီးကောင်းမွန်တဲ့အချက်ပါ။ ဒါပေမယ့် ကားရဲ့အတွင်းပိုင်းမှာရော၊ အပြင်ပိုင်းမှာပါ နောက်တစ်ခါ လှည့်ကြည့်စရာ ဖြစ်ရလောက်အောင် ထူးထူးခြားခြား ဘာမှမပါဝင်ပါဘူး။ ဒီဇင်အင်ဂျယ်ရွေးချယ်စရာ မပါဝင်တာကလည်း မေးခွန်းထုတ်စရာပါပဲ။

Trim အနေနဲ့ကတော့ S ၊ SE ၊ SR နဲ့ EX ဆိုပြီး လေးမျိုး ခွဲခြားထားပါတယ်။ လူကြိုက်အများဆုံးဖြစ်နိုင်တာကတော့ အလယ်အလတ်တန်းစား SE Trim ဖြစ်မှာပါပဲ။ SE Trim ဆိုရင်ပဲ LED ရှေ့မီးတွေ၊ ၁၈ လက်မ အလွိုင်းခွေနဲ့ ဘီးတွေ၊ climate control ၊ အရှေ့နဲ့အနောက်မှာ parking sensors တွေပါတဲ့ အနောက်ကြည့် ကင်မရာ၊ Honda ရဲ့ ၇ လက်မ sat-nav (ဂြိုဟ်တုလမ်းညွှန်) အပါအဝင် သတင်းအချက်အလက်နဲ့ဖျော်ဖြေရေး touchscreen ၊ Bluetooth ၊ Apple CarPlay နဲ့ Android auto တွေပါဝင်နေပြီလေ။

အားသာချက်

-လူခုနစ်ယောက် ကောင်းစွာစီးနိုင်

-Hybrid model ထွက်ရှိလာနိုင်

-အစဉ်အဆက် နာမည်ရခဲ့သည့် အမျိုးအစားဖြစ်

အားနည်းချက်

-ဒီဇယ်အင်ဂျင် ရွေးချယ်ဝယ်ယူနိုင်ခြင်းမရှိ

-ပုံစံအထူး ပြောင်းလဲသွားခြင်းမရှိ

-CVT automatic gearbox သာပါဝင်ခြင်း

CR-V အသစ်ရဲ့ ထူးခြားတဲ့ပုံစံကတော့ အနောက်ဘက်မှာ ရှိနေတာပါ။ တတိယခုံတန်းကို ရွေးချယ်စရာအနေနဲ့ ဝယ်ယူနိုင်မှာဖြစ်တဲ့အတွက် ခုနောက်ပိုင်း ရေပန်းစားနေတဲ့ ခုနစ်ယောက်စီး SUV ရဲ့ အရသာကို အပြည့်အဝရရှိနိုင်ပါပြီ။ Honda ဘက်ကလည်း အနောက်ဘက်မှာ ခုံတွေအပိုထည့်သွင်းခြင်း ရွေးချယ်မှုအပေါ် သင့်တင့်ကောင်းမွန်တယ်လို့ ဆိုထားပါသေးတယ်။ ဒူးလွတ်/မလွတ်ဆိုတာထက် Honda CR-V အသစ်ဟာ ပိုကျယ်၊ ပိုရှည်တဲ့ ကားတစ်စီးဖြစ်တာတော့ အသေအချာပါပဲ။

အတွင်းခန်းမှာတော့ အရည်အသွေးအပိုင်းအရရော နည်းပညာပိုင်းအရပါ model အဟောင်းထက် တစ်ဆင့်တက်ထားတာကို တွေ့ရပါတယ်။ ပုံမှန်ထည့်သွင်းပေးနေကျ ဒိုင်ခွက်တွေနေရာမှာ ခုနစ်လက်မ ဒစ်ဂျစ်တယ် မျက်နှာပြင်ကို စံသတ်မှတ်ချက်အနေနဲ့ ထည့်သွင်းပေးထားတဲ့အပြင် SE trim ကနေစပြီး တပ်ဆင်ပေးထားတဲ့ dashboard ပေါ်က နောက်ထပ် ခုနှစ်လက်မ သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေး touchscreen ဟာ ဝယ်ယူမယ့်သူတွေအားလုံးအတွက် စိတ်ကျေနပ်စရာဖြစ်မှာပါ။

Gear selector ကတော့ ကားဟောင်းနဲ့အတူတူပါပဲ။ ဒါပေမယ့် ထပ်ဖြည့်ပေးထားတာကတော့ dashboard ကို နူးနူးညံ့ညံ့ထိတွေ့တဲ့ခံစားမှုရရှိအောင် ပြုလုပ်ပေးထားတာပါပဲ။လက်တွေ့ ဝယ်ယူစီးနင်းကြသူတွေအတွက်တော့ နောက်ခုံတွေဟာ ခေါက်လိုက်တာနဲ့တင် နောက်ခန်းနဲ့ တစ်ပြေးညီဖြစ်သွားတဲ့အတွက် အထူးတလည် တွန်းဖိနေစရာမလိုဘဲနဲ့ ပစ္စည်းပစ္စယများများစားစားတင်နိုင်တာပေါ့။2019 CR-V ဟာ ဓါတ်ဆီ-လျှပ်စစ် hybrid မျိုးနဲ့ရွေးချယ်ဝယ်ယူနိုင်တာကတော့ သိပ်ကောင်းပါတယ်။ 2.0-litre ဓါတ်ဆီအင်ဂျင်၊ လျှပ်စစ်မော်တာ နှစ်လုံးနဲ့ ရရှိမှာလေ။ လောင်စာဆီချွေတာရေးနဲ့ပတ်သက်ပြီး ဒီ CR-V အတွက် Honda က ဘာမှ ထုတ်ပြန်ပေးထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် လျှပ်စစ်သက်သက်မောင်းနှင်တာနဲ့ ဓါတ်ဆီနဲ့ထောက်ပံ့မောင်းနှင်တာ နှစ်မျိုးကို ချောချောမွေ့မွေ့ ပြောင်းသုံးနိုင်အောင် ထုတ်လုပ်ပေးမှာကတော့ သေချာသလောက်ပါပဲ။

ဒီဘက်ခေတ်မှာ ခုနစ်ယောက်စီး SUV တွေဆိုရင် အပြိုင်အဆိုင်အများကြီးရှိနေပါပြီ။ ဒါပေမယ့် CR-V တွေရဲ့ ယုံကြည်အားထားစရာ မှတ်တမ်းနဲ့ အမြဲတမ်း သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းနဲ့ ထုတ်လုပ်ခြင်းတွေကတော့ အသင့်လျော်ဆုံးကနေ အကောင်းဆုံးအထိ ရရှိနိုင်မယ့် ပုံပါပဲ။Hybrid အကြောင်းတွေပြောနေပေမယ့် CR-V အသစ်မှာ အဓိက တပ်ဆင်ပေးမှာက 1.5-litre turbo ဓါတ်ဆီအင်ဂျင်ဖြစ်ပြီး six-speed manual ဒါမှမဟုတ် CVT auto gear နဲ့ပါ။ 4WD ကိုလည်း ရွေးချယ်စရာအဖြစ်နဲ့ မှာယူနိုင်ပါသေးတယ်။ကမ္ဘာမှာတော့ Honda ဟာ မောင်းနှင်ရာမှာ ထိန်းသိမ်းရလွယ်ကူတယ်လို့ နာမည်ကျော်ပါတယ်။ အခုလို ကြီးမားတဲ့ ခုနစ်ယောက်စီး SUV အနေနဲ့လည်း ထိန်းသိမ်းမောင်းနှင်ရာမှာတော့ ချောမွေ့အဆင်ပြေနေတာပါပဲ။ ပိုပြီး အထင်ကြီးစရာကောင်းတာတစ်ခုက hydraulic bushings တွေပါ။ မောင်းသူအတွက်ရော စီးသူတွေအတွက်ပါ ငြိမ့်ညောင်းမှုကို ရရှိစေတယ်။

Trim များအကြားကွဲပြားမှု

S Trim

Honda CR-V အသစ် S Trim မှာဆိုရင်တောင်မှ adaptive cruise control ၊ lane departure warning ၊ LED ရှေ့မီးတွေ၊ ၁၇ လက်မ အလွိုင်းခွေနဲ့ဘီးတွေ ပါဝင်မှာပါ။ Infotainment display အနေနဲ့ကတော့ ၅ လက်မမျက်နှာပြင်နဲ့သာရရှိနိုင်ပြီး Bluetooth ၊ DAB ဒစ်ဂျစ်တယ် ရေဒီယိုနဲ့ အသံကိုတော့ စပီကာရှစ်ခုပါဝင်တဲ့ စတီဒီယိုစနစ်နဲ့ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

SE Trim

SE Trim မှာဆိုရင်တော့ climate control က dual-zone နဲ့၊ steering က သားရေနဲ့၊ parking sensors တွေပါတဲ့ နောက်ကြည့် ကင်မရာနဲ့၊ ၁၈ လက်မ အလွိုင်းခွေဘီးနဲ့ ဖြစ်သွားပါပြီ။ Infotainment display ကလည်း ၇ လက်မရရှိမှာတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်မြင်နိုင်တာပေါ့။

SR Trim

SE Trim ထက်ပိုသာတဲ့ SR Trim ရဲ့ထူးခြားချက်တွေကတော့ နေကာမှန်ပြတင်းအစုံနဲ့ သားရေထိုင်ခုံတွေပါ။

EX Trim

EX Trim ကတော့ CR-V တွေထဲမှာ အမြင့်ဆုံးပါပဲ။ မှန်ခေါင်မိုးပေါက်ကို ဖွင့်လို့ရပါပြီ။ ကားမောင်းသူထိုင်ခုံကို အီလက်ထရစ်နဲ့ လမ်းကြောင်း ၈ ခု ချိန်ညှိလို့ရပါပြီ။ ၁၉ လက်မ အလွိုင်းခွေဘီးတွေနဲ့ဖြစ်သွားပါပြီ။ ကျန်တာတွေကတော့ သူထက်နိမ့်တဲ့ Trim တွေမှာ ပါတာတွေ အကုန်ပါဝင်ပါတယ်။ Speaker အနေနဲ့ကတော့ ကျန်တဲ့ Trim တွေမှာ ၈ ခုသာပါဝင်ပေမယ့် EX မှာတော့ပေါင်း ၉ ခုအနေနဲ့ တစ်ခုပို ပါဝင်သွားမှာပါ။

Read 1207 times