နီဆန်း အီးဗီ ယခုနှစ် ပထမ ၆ လ စီးရေ ၁ သန်းကျော် ရောင်းချ


နီဆန်း အီးဗီ ယခုနှစ် ပထမ ၆ လ စီးရေ ၁ သန်းကျော် ရောင်းချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Nissan သည် ၂၀၂၃ ခုနှစ် ဇွန်လအထိ ပထမ ၆ လတွင် ကမ္ဘာတစ်လွှာ။ လျှပ်စစ်ကားအစီးရေ ၁ သန်းကျော် ရောင်းချခဲ့ရကြောင်း ကုမ္ပဏီက မကြာသေးမီက ကြေညာခဲ့သည်။

နီဆန်း အီးဗီ အများဆုံး ရောင်းချခဲ့သည့် ဈေးကွက်မှာ ဥရောပ ဖြစ်ပြီး အစီးရေ ၃၂၀,၀၀၀ ရောင်းချခဲ့သည်။
တရုတ်တွင် အစီးရေ ၂၃၀,၀၀၀ ရောင်းချခဲ့သည်။ 
ဂျပန်ပြည်တွင်းဈေးကွက်တွင်လည်း အစီးရေ ၂၃၀,၀၀၀ ရောင်းချခဲ့သည်။ 
တတိယ အရောင်းရဆုံး ဈေးကွက်မှာ မြောက်အမေရိက ဖြစ်ပြီး အစီးရေ ၂၁၀,၀၀၀ ရောင်းချခဲ့သည်။ 
အခြားဈေးကွက်များတွင် အစီးရေ ၁၀,၀၀၀ ရောင်းချခဲ့သည်။

LEAF ကို ၂၀၁၀ ဒီဇင်ဘာလတွင် စတင်ရောင်းချခဲ့ချိန်မှစ၍ ယခုအထိ အစီးရေ ၆၅၀,၀၀၀ ကျော် ရောင်းချခဲ့သည်။
ဂျပန် အီးဗီ မီနီဗင် ဈေးကွက်အတွက် ယမန်နှစ်က  Sakura ကို စတင်ရောင်းချခဲ့သည်။

Nissan Ambition 2030 ရေရှည်မြော်မြင်မှုအရ နီဆန်းသည် ၂၀၃၀ ဘဏ္ဍာနှစ် နောက်ဆုံးထားပြီး အီးဗီ မော်ဒယ် ၁၉ မျိုး ထုတ်လုပ်မည်။ 
လုံးဝအခဲဘက်ထရီ all-solid-state battery ကို ကုမ္ပဏီမှ ဖွံ့ဖြိုးထုတ်လုပ်ပြီး နီဆန်းအီးဗီများတွင် အသုံးပြုရန်လည်း ရည်မှန်းချက် ချမှတ်ထသည်။ ၂၀၂၈ ဘဏ္ဍာနှစ်တွင် လုံးဝအခဲဘက်ထရီများ စတင်အသုံးပြုရန် မျှော်မှန်းထားသည်။
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 719 times