Toyota Motor ၉လတာ အသားတင်အမြတ် ဒေါ်လာ ၂၀ ဘီလျံ ရရှိ


Toyota Motor  ၉လတာ အသားတင်အမြတ် ဒေါ်လာ ၂၀ ဘီလျံ ရရှိ


 Toyota Motor ရဲ့ အစီရင်ခံစာမှာ ဧပြီ-ဒီဇင်ဘာ ၉ လတာမှာ အသားတင်အမြတ် ယန်း ၂.၃ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ) ရရှိကြောင်း ဖော်ပြထားပါတယ်။
ကမ္ဘာ့ကားအများဆုံး ရောင်းချသူ Toyota Motor က မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍမှာ အကန့်အသတ်ဖြင့် ထုတ်လုပ်နေကြရတဲ့အတွက် ကားဈေးကွက်ထဲ ကားအသစ် လိုချင်သလို မရတဲ့အချိန်အခါမှာ ကားဝယ်သူတွေကို ပေးနေကျဖြစ်တဲ့ အရောင်းမြှင့်တင်ရေး မက်လုံးတွေကို လျှော့ချဖြတ်တောက်ပြီး အမြတ်ပိုထွက်လာအောင် လုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် မြောက်အမေရိက ဈေးကွက်မှာ မက်လုံးပေးတဲ့ စရိတ်တွေ လျှော့ချဖြတ်တောက်ခဲ့ပြီး ကုန်ကျစရိတ် ယန်း ၁၅၀ ဘီလျံဝန်းကျင် အကုန်အကျ သက်သာခဲ့ပါတယ်။

 ယန်းငွေ အားပျော့နေတာကြောင့် နိုင်ငံခြားငွေဖြင့် ဝင်ငွေကို ယန်းသို့ ပြောင်းလဲတွက်ချက်တာကြောင့်လည်း Toyota ဝင်ငွေဟာ ငွေလဲနှုန်းကြောင့် ပိုများနေစေပါတယ်။

ချစ်ပ် မလုံလောက်ခြင်း၊ ကိုဗစ်လှိုင်းသစ် ထခြင်းတို့ကြောင့် ထုတ်လုပ်မှုကို စီးရေလျှော့ချရလို့ တစ်နှစ်တာ ရောင်းရငွေ လျာထားချက်ကို ယန်း ၃၀ ထရီလီယံအစား ၂၉.၅ ထရီလီယံသို့ လျှော့ချပြီး လျာထားပေမဲ့ တစ်နှစ်တာဝင်ကွေကိုတော့ ယခင်အတိုင်း ယန်း ၂.၄၉ ဘီလျံ ဆက်လက်သတ်မှတ်ထားပါတယ်။

၂၀၂၂ ဇန်နဝါရီလမှာ Toyota Motor က တစ်နှစ်တာ ထုတ်လုပ်မှုစီးရေ လျှော့ချလျာထားကြောင်း ကြေညာခဲ့ပါတယ်။ စီးရေ ၉ သန်းအစား ၈.၅ သန်းလို့ လျှော့ချ သတ်မှတ်ပါတယ်။

Read 1206 times