Pajero နောက်ဆုံးထွက်သက် အစီး ၈၀၀


Pajero နောက်ဆုံးထွက်သက် အစီး ၈၀၀

 

 

Mitsubishi က အမေရိကန်ကားဈေးကွက်မှာ  ထိုင်ခုံ ၇ ခုပါ အကြမ်းခံ SUV မော်ဒယ် Montero ကို အရောင်းရပ်ခဲ့ပြီး အခြားကားဈေးကွက်တွေမှာတော့ Pajero ကို ဆက်လက်ရောင်းချခဲ့ပါတယ်။ အချို့ဈေးကွက်တွေမှာ Shogun အမည်ဖြင့် ရောင်းချခဲ့ပါတယ်။

အခုတော့ ဈေးကွက်အားလုံးမှာ အပြီးအပိုင် ယတိပြတ် ရပ်လိုက်ပြီ ဖြစ်ပါတယ်။ 
 Mitsubish က နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ စတုတ္ထမြောက်မျိုးဆက် Pajero ကို ၂၀၂၂ မတ်လမှာ Pajero ထုတ်လုပ်တဲ့ တစ်ခုတည်းသော စက်ရုံဖြစ်တဲ့ ဂျပန်နိုင်ငံ စာကာဟိုဂီမှ စက်ရုံမှာ နောက်ဆုံးအသုတ် ထုတ်လုပ်ပြီးချိန်မှာ Pajero ကို နိဂုံးချုပ်လိုက်ပါတယ်။


 
 အဲဒီနောက်ဆုံးအသုတ်ကို special Final Edition model လို့ ခေါ်တွင်စေပြီး အစီး ၈၀၀ ထုတ်လုပ်ပါတယ်။ ဩစတေးလျကားဈေးကွက်မှာ 2022 မော်ဒယ်အနေဖြင့် ရောင်းချပါတယ်။ Pajero special Final Edition ဆိုတဲ့အတိုင်း special ဖြစ်နေအောင် ဆီတိုင်ကီ ပိုကြီးပေးထားတာ အပါအဝင် ထူးခြားချက် တချို့ ထည့်ပေးထားပါတယ်။
 
ပါဝါထရိန်း powertrain တစ်မျိုးတည်းသာ ထုတ်လုပ်ပါတယ်။ 3.2-liter တာဘိုဒီဇယ်အင်ဂျင် ထိုင်ပေးထားတယ်။ ပါဝါ 190 hp အထိ ထုတ်ပေးနိုင်တယ်။ ရုန်းအား 325 lb-ft အထိ ရနိုင်တယ်။ အင်ဂျင်ကို ဂီယာ ၅ ချက် အော်တိုဂီယာနဲ့ တွဲပေးထားတယ်။ ၄ ဘီးယက် ဖြစ်ပါတယ်။

ဩစတေးလျ ဈေးကွက်ထဲသို့ ၁၉၈၁ ခုနှစ်မှာ Pajero ပထမမျိုးဆက် စတင်မောင်းဝင်ခဲ့ပါတယ်။ တတိယမျိုးဆက်ကို ၂၀၀၆ မှာ ထုတ်လုပ်မှု ရပ်ခဲ့ပါတယ်။ အဲဒီမော်ဒယ်ကို အမေရိကန်ဈေးကွက်မှာ Montero အမည်ဖြင့် ရောင်းချပါတယ်။

အလားတူ Final Edition ကို ဂျပန်ဈေးကွက်မှာ Pajero နိဂုံးချုပ်ခဲ့တဲ့ ၂၀၁၉ မှာ ထုတ်ခဲ့ဖူးပါတယ်။

 

Myanmar Automobile Guide

 

 

 

 

 

 

Read 11753 times