Mitsubish ရဲ့ နာမည်ကျော် SUV ဖြစ်တဲ့ Pajero ကို အမေရိကန်မှာ Montero အမည်ဖြင့် ရောင်းချတယ်။ တစ်ချို့ဈေးကွက်တွေမှာတော့ Shogun အမည်ဖြင့် ရောင်းချတယ်။
အမေရိကန်ဈေးကွက်ထဲမှာ ရောင်းနေတဲ့ Montero ကို ဆက်မရောင်းတော့ဘူး။ ဒါပေမဲ့ တခြားနိုင်ငံတချို့မှာတော့ ၇ ယောက်စာ ထိုင်ခုံပါတဲ့ Pajero ကို ဆက်လက်ရောင်းချခဲ့တယ်။
အခုတော့ လုံးဝရပ်လိုက်ပြီ။ Mitsubish က လက်ရှိ ထုတ်လုပ်ဆဲ စတုတ္ထမြောက်မျိုးဆက် Pajero ကို ပြီးခဲ့တဲ့ မတ်လမှာ ထုတ်လုပ်မှု အပြီးအပြတ် ရပ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ Pajero ထုတ်လုပ်နေတဲ့ စက်ရုံတစ်ရုံပဲ ထားတော့တယ်။ ဂျပန်နိုင်ငံ စာကာဟိုဂီမှာ ရှိတဲ့ ကားစက်ရုံတစ်ရုံမှာပဲ ထုတ်လုပ်တော့တာ ဖြစ်ပါတယ်။
အဲဒီစက်ရုံမှာ နောက်ဆုံးအသုတ် အဖြစ် အထူးနောက်ဘိတ်ဆုံး မော်ဒယ် special Final Edition model အဖြစ် Pajero အစီး ၈၀၀ ကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ အစီး ၈၀၀ ကို ဩစတေးလျနိုင်ငံမှာ ၂၀၂၂ မော်ဒယ်အဖြစ် ရောင်ချခဲ့ပါတယ်။ အထူးထုတ်ဆိုတဲ့အတိုင်း တံဆိပ်ကိုလည်း ထူးပေးထားတယ်။ ပုံမှန်ထုတ်နေကျ စံထက် အပိုလုပ်ပေးထားတာတွေ ပါတယ်။ ဿပမာ ဆီတိုင်ကီကို ပိုကြီးပေးထားတယ်။
ပါဝါထရိန်းကတော့ တစ်မျိုးပဲ ရတယ်။ 3.2-lite တာဘိုဒီဇယ် အင်ဂျင် ထိုင်ပေးထားတယ်။ ပါဝါ 190 hp နဲ့ ရုန်းအား 325 lb-ft အထိ ရနိုင်တယ်။ အဲဒီအင်ဂျင်ကို အော်တိုဂီယာ ၅ ချက်နဲ့ တွဲပေးထားတယ်။ လေးဘီးယက် ကား ဖြစ်ပါတယ်။
Pajero အနေဖြင့် အလားတူ Final Edition မော်ဒယ်ကို ၂၀၁၉ ခုနှစ်မှာ ဂျပန်ပြည်တွင်း ဈေးကွက်အတွက် ထုတ်လုပ်ပေးခဲ့ဖူးတယ်။ ဂျပန်ပြည်တွင်း ဈေးကွက်အတွက် Pajero ထုတ်လုပ်မှု အပြီးအပိုင် ရပ်လိုက်တဲ့အခါမှာ နောက်ဆုံးအသုတ်ကို Final Edition မော်ဒယ် အဖြစ် ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
Pajero ပထမမျိုးဆက်ကို ၁၉၈၁ ခုနှစ်မှာ ကျင်းပတဲ့ Tokyo Motor Show မှာ စတင်ပွဲထုတ်ခဲ့ပြီး ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုဆိုရင် သက်တမ်း ၄၀ နှစ် ရှိပါပြီ။ ၂၀၀၆ ခုနှစ်မှာ ထုတ်လုပ်မှု ရပ်ခဲ့တဲ့ တတိယမျိုးဆက် Pajero ကို အမေရိကန်ဈေးကွက်ထဲမှာ Montero အမည်ဖြင့် ရောင်းချခဲ့ပါတယ်။
Pajero ပြန်လာဦးမှာလား ။
ကမ္ယာတစ်လွှားရောင်းအား နည်းပါး နေတာကတစ်ကြောင်း၊ Renault Nissan Mitsubishi သုံးခုပေါင်းပြီး ဖွဲ့ထားတဲ့ မဟာမိတ် Renault Nissan Mitsubishi Alliance က Pajero ကို ခေတ်ဆန်ဆန် ပြန်ထုတ်ဖို့ ဒီဇိုင်းပြန်ထုတ်မယ်။ Nissan Armada နဲ့ Infiniti QX80 တို့ရဲ့ မူကွဲတစ်ခုအဖြစ် ထုတ်လုပ်ဖို့ ရှိတယ်လို့ မနှစ်က ပြောကြားခဲ့တယ်။ နာမည်ကိုတော့ Pajero လို့ အမည်ပေးချင်မှ ပေးလိမ့်မယ်လို့ ဆိုပါတယ်။
လျှပ်စစ်မော်တော်ယာဉ် အပြည့်အဝ မဟုတ်ရင်တောင် ဘက်ထရီနဲ့ စက်သုံးဆီ နှစ်မျိုးစပ်ကား ဖြစ်ပါလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။
motorauthority.com