Mitsubishi က Pajero ကို အမေရိကန်မှာ Montero ဆိုတဲ့အမည်တံဆိပ်ကပ်ပြီး ရောင်းခဲ့တာ ၂၀၀၆ ခုနှစ်ဟာ နောက်ဆုံးနှစ် ဖြစ်ပါတယ်။
အကြမ်းခံ SUV ဖြစ်တဲ့ Pajero ကို တခြားဈေးကွက်တွေမှာ ဆက်လက် ရောင်းချခဲ့ပါတယ်။ Mitsubishi ရဲ့ ပြည်တွင်းဈေးကွက်ဖြစ်တဲ့ ဂျပန်မှာ ရောင်းအားထိုးကျလာခဲ့ပြီဂ ၂၀၁၉ ခုနှစ်မှာ ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပါတယ်။
အခု ထုတ်လုပ်ရောင်းချနေတဲ့ မော်ဒယ်ကို ၂၀၀၆ ခုနှစ်တုန်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဂျပန်ပြည်တွင်းမှာသာမက ပြည်ပဈေးကွက်တွေမှာလည်း ယခုအခါ ရောင်းအား မရှိသလောက်ဖြစ်နေပါပြီ။ အဲဒါကြောင့် Mitsubishi က ဂျပန်မှာ ရှိတဲ့ ပါဂျဲရိုး ထုတ်လုပ်တဲ့ စက်ရုံ သုံးရုံကို လာမယ့် ၃ နှစ်အတွင်းမှာ ပိတ်သိမ်းတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီ စက်ရုံ ၃ ရုံမှာ Mitsubishi ရဲ့ Delica D5 minivan နဲ့ Outlander crossover SUV တို့ကိုလည်း ထုတ်လုပ်လျက် ရှိပါတယ်။ အဲဒီကားတွေရဲ့ အနာဂတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မပြုသေးဘူးလို့ သတင်းတစ်ပုဒ်မှာ ဆိုထားပါတယ်။ တခြားစက်ရုံတွေဆီ ရွှေ့ပြောင်းလုပ်ကိုင်မယ်လို့ ယူဆကြပါတယ်။
မေလ ၂၀၂၀ ခုနှစ်တုန်းက Renault Nissan Mitsubishi မဟာမိတ်ဖွဲ့ခဲ့ကြပြီး ပါဂျဲရိုးထုတ်လုပ်ခြင်းအစား Nissan ရဲ့ Armada ကို ပူးပေါင်းလုပ်ကိုင်ဖို့ အလားအလာရှိပါတယ်။