ပုပ်ရဟန်းမင်းကြီး Francis သည် ယခုအချိန်မှစ၍ သူ၏ စီးတော်ယာဉ် လိုအပ်ချက်များအတွက်အဆင်ပြေအောင် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး Toyota Mirai ကို တရားဝင်အသုံးပြုလိမ့်မည်။
သူသည် ၎င်းကားကို ဂျပန်၏ကက်သလစ်ဂိုဏ်းချုပ်များ၏ညီလာခံ (Catholic Bishops’ Conference of Japan (CBCJ) မှ လက်ဆောင်အဖြစ် လက်ခံရရှိခဲ့သည်။ အဆိုပါကားကို တိုယိုတာမှ အထူးထုတ်လုပ်ခဲ့ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဂျပန်သို့ ပုပ်ရဟန်းမင်းခရီးစဉ်တွင် သွားလာမှု လိုအပ်ချက်များအတွက် CBCJ သို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
Popemobile သည် အရှည် ၅.၁ မီတာနှင့် အမြင့် (ခေါင်မိုးအပါအဝင်) ၂.၇ မီတာရှိသည်။ Mirai (ဂျပန်ဘာသာဖြင့် 'အနာဂတ်' ဟု အဓိပ္ပာယ်ရသောစကားလုံးဖြင့်အစွဲ ပြု၍ ခေါ်ဆိုခြင်း) သည် အမြောက်အမြား ပထမဆုံး ထုတ်လုပ်ထားသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဆလွန်းကားဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်။
၎င်းသည် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်စနစ်ဖြင့် မောင်းနှင်သည့် ကားဖြစ်ပြီး လေထုညစ်ညမ်းစေသော ဓာတ်ငွေ့ထုတ်လွှတ်မှု ကင်းမဲ့သည်။ ဟိုက်ဒရိုဂျင် တစ်ခါအပြည့်ထည့်ပြီးလျှင် အကွာအဝေး ၅၀၀ ကီလိုမီတာ (ခန့်မှန်းခြေအားဖြင့်မိုင် ၃၀၀) ခရီးပေါက်သည်အထိ မောင်းနှင်နိုင်သည်။ ထိုသို့ မောင်းနှင်စဉ် ရေကိုသာ ထုတ်လွှတ်သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နာဂစ်စကီတွင် တိုယိုတာ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး Mirai ကားကို စီးနင်းခဲ့သည်။ သူသည် တိုကျို၌ရှိစဉ်တွင်လည်း အလားတူမော်ဒယ်ကိုအသုံးပြုခဲ့သည်။
By Myanmar Automobile Guide