Toyota Premio ကားအမျိုးအစားဟာ ပြည်တွင်းမှာ အသုံးများပါတယ်။ Toyota Premio ကားများမှာဖြစ်တတ်တဲ့ပြဿနာများကို ကားချစ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။
စက်ဂျင်စက်နှိုးရခက်တာ
=============
၁၉၉၉ မော်ဒယ် Toyota Premio ဟာ တစ်ခါတစ်ရံ စက်နှိုးရတာ ခက်ခဲလာတတ်ပါတယ်။
ဘက်ထရီ၊ စတတ်တာမော်တော်၊ အော်လ်တာနေတာတစ်ခုခု ချို့ယွင်းတာတွေ ဖြစ်နိုင်ပါတယ်။
ဘက်ထရီရဲ့တာမီနယ်ငုတ်တွေမှာ ပြဿနာတွေရှိနေရင်လည်း စက်နှိုးရခက်ခဲပါတယ်။
အင်ဂျင်အလုံးလိုက် လှုပ်ရှားတုန်ခါတာ
====================
၁၉၉၉ မော်ဒယ် Toyota Premio ကို တစ်နာရိ ကီလို ၁၀၀ နှုန်းအထက် မောင်းနှင်တဲ့အခါ ပုံမှန်မဟုတ်တဲ့ အင်ဂျင်အလုံးလိုက် လှုပ်ရမ်းခါတာမျိုးတွေဖြစ်တတ်ပါတယ်။
ထိုသို့ဖြစ်ရခြင်းမှာ အင်ဂျင်ပလတ်တွေမကောင်းတာ၊ အင်ဂျင်ကို ထိန်းချုပ်ထားတဲ့ အင်ဂျင်မောင့်တွေ စားနေတာ၊ အက်ကွဲနေတာတွေ ဖြစ်နိုင်ပါတယ်။
အင်ဂျင်အစိတ်အပိုင်းအချို့ ပျက်ဆီးနေတာလည်း ဖြစ်နိုင်ပါတယ်။
ကားအောက်စက်အလုပ် မလုပ်တာ
===================
၂၀၁၀ မော်ဒယ်တွေရဲ့ ကားအောက်စက်က အလုပ် မလုပ်တာပါ။ ကားအောက်စက်ဟာ CD, mp3, SD card တွေ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
ဂျပန်တစ်ပတ်ရစ်ကားများတွင်ပါရှိတဲ့ အောက်စက်နဲ့ တီဗီတွေဟာ စက်ရပ်သွားပြီး ပြန်ဖွင့်တဲ့အခါ password ပြန်တောင်းတတ်ပါတယ်။
များသောအားဖြင့် ဘက်ထရီအသစ်လဲလှယ်တဲ့အခါမှာ တီဗီတွေ ပြန်ဖွင့်မရတာ များပါတယ်။
အင်ဂျင်ဝိုင်အစားများလာတာ
===============
၁၉၉၉ မော်ဒယ် တွေမှာ အင်ဂျင်ဝိုင် အစားများလာတာပါ။
အင်ဂျင်ဝိုင်အသစ် လဲလှယ်ထားပြီး တစ်လအတွင်းမှာ အင်ဂျင်ဝိုင် ပြန်ခန်းသွားပါတယ်။
အပူချိန်ပြ ကိရိယာကနေ အနီရောင် level မပြသဘဲ အင်ဂျင်က အပူရှိန်မြင့်တက်နေတတ်ပါတယ်။
အဲဒါက piston seal တွေ မကောင်းတာ၊ oil seal တွေ မကောင်းလို့ ယိုစိမ့်တာ၊ အိတ်ဇောမှာ အင်ဂျင်ဝိုင်ဂျိုးတွေ ပိတ်ဆို့နေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
အပူချိန်ပြကိရိယာ အလုပ်မလုပ်တော့ရင်တော့ စစ်ဆေးပြုပြင်ရပါမယ်။
စက်ရပ်သွားတတ်တာ
============
၂၀၁၆ မော်ဒယ်တွေဟာ တစ်ခါတစ်ရံ ဟက်ရပ်တန့်သွားတာမျိုး ဖြစ်တတ်ပါတယ်။
များသောအားဖြင့် လမ်းကြမ်းခရီးတွေ မောင်းနှင်တဲ့အခါ ခလုတ်တစ်ခုကို ခပ်ပြင်းပြင်းတိုက်ခိုက်မိရာ သို့မဟုတ် ချိုင့်ခွက်တွေထဲ ကျမိတဲ့အခါတွေမှာ စက်ရပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။
ပြန်လည်စက်နှိုးတဲ့အခါ ပုံမှန်အတိုင်း အင်ဂျင်က အလုပ်လုပ်ပါတယ်။
အဲကွန်းစနစ်ပြဿနာ
===========
၂၀၁၀ မော်ဒယ်တွေမှာ စက်နှိုးပြီးတာနဲ့ အဲကွန်းကို ချက်ချင်းဖွင့်လို့မရတဲ့ပြဿနာ ဖြစ်တတ်ပါတယ်။
အင်ဂျင်လည်ပတ်ပြီးတဲ့နောက် တစ်မိနစ်ကျော်ရှိမှ အဲကွန်းစနစ်က အလုပ်လုပ်ပါတယ်။
ကွန်ပရက်ဆာအားနည်းတာဖြစ်နိုင်ပါတယ်။ ပုံမှန်အနေနဲ့လည်း အင်ဂျင်လည်ပတ်ပြီး သုံးမိနစ်လောက်နေမှ အဲကွန်းဖွင့်တာက အင်ဂျင်ကို သက်သာစေပါတယ်။
အင်ဂျင်အဆွဲအရုန်းကျဆင်းတာ
=================
၁၉၉၆ မော်ဒယ်တွေဟာ ဖြည်းဖြည်းမောင်းနှင်တဲ့အခါ အဆွဲအရုန်း ပိုကျဆင်းလာတတ်ပါတယ်။
အဲသည့်ကားတွေကို အင်ဂျင်ပလပ်တွေ အသစ်လဲလှယ်ထားပြီး အင်ဂျင်ဝိုင်လည်း လဲလှယ်ထားပါတယ်။
တစ်နာရီ ၉၀ ကီလိုမီတာနှုန်း မောင်းနှင်တဲ့အခါ အဆွဲအရုန်းကျဆင်းလာတတ်တာမျိုးဖြစ်ပြီး တစ်နာရီ ၁၄၀ ကီလိုမီတာအထက် မောင်းနှင်တဲ့အခါ ပုံမှန်အလုပ်လုပ်ပါတယ်။
ဘက်ဂီယာ ချို့ယွင်းတာ
=============
၂၀၀၆ မော်ဒယ်တွေမှာ ဘက်ဂီယာကို အသုံးပြုတဲ့အခါ ဒက်ရှ်ဘုတ်ပေါ်က ဘက်ဂီယာအချက်ပြမီးလင်းလာပေမဲ့ ကားက နောက်ဆုတ်လို့မရဘဲ ဖြစ်နေတတ်ပါတယ်။ ဘက်ဂီယာနဲ့ ချိတ်ဆက်တဲ့ အစိတ်အပိုင်းတစ်ခုခု ချို့ယွင်းနေတာ ဖြစ်ပါတယ်။
ဂီယာဘောက်စ်ကိုလည်း စစ်ဆေးပြုပြင်ရပါမယ်။
ယာဉ်လမ်းကြောင်းပြစနစ် ချို့ယွင်းတာ
====================
၂၀၀၄ မော်ဒယ်တွေမှာ ယာဉ်လမ်းကြောင်းပြစနစ်ဟာ စခရင်ပေါ်မှာ ဂျပန်ဘာသာနဲ့သာ ညွှန်ပြထားတဲ့အတွက် အသုံးပြုလို့မရတာပါ။
ဂျပန်တစ်ပတ်ရစ်ကားများဖြစ်တဲ့အတွက် ဂျပန်မှာ အသုံးပြုနိုင်ဖို့အတွက်သာ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။