ဂျပန်အခြေစိုက် တိုယိုတာကားကုမ္ပဏီက ထုတ်လုပ်တဲ့ Toyota Raum ကားအမျိုးအစားကတော့ အင်ဂျင် ပါဝါ 1500 CC ကို 2 နဲ့ 4 wheel ဆိုပြီး နှစ်မျိုးထုတ်လုပ်ပါတယ်။ ကျပ်သိန်း ၂၀၀ ဝန်းကျင် တန်ဖိုးရှိပါတယ်။
တံခါးအချက်ပြမီး မှားယွင်းပြသတာ
===================
၂၀၁၁ မော်ဒယ် Toyota Raum ကို မိုင် ၁၉၀၀၀ ကျော် မောင်းနှင်ပြီးတဲ့အခါ တ့ခါးအချက်ပြမီး မှားယွင်းပြတာ ဖြစ်တတ်ပါတယ်။
စက်မနှိုးခင် ကားတံခါးလေးပေါက်စလုံးကို ဖွင့်ထားတဲ့အခါ အချက်ပြမီးတွေက ပုံမှန်အလုပ်လုပ်ပါတယ်။
တံခါးတွေကို အော်တိုပိတ်လိုက်ပြီး စက်နှိုးတဲ့အခါ ဘယ်ဘက် ရှေ့တံခါးနဲ့ နောက်တံခါးက ပွင့်နေတယ်လို့ ဒက်ရှ်ဘုတ်ပေါ်က door indicator lights တွေက မှားယွင်းအချက်ပြတာ ဖြစ်တတ်ပါတယ်။
အမှန်တကယ်ကတော့ တံခါးအားလုံး လော့ခ်ကျနေပါတယ်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ဝါယာရင်းစနစ်နဲ့ အာရုံခံဆင်ဆာတွေ ချို့ယွင်းတာ ဖြစ်နိုင်ပါတယ်။ လျှပ်စစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြသပါ။
အင်ဂျင် မီးမကူးတာ
==========
၁၉၉၉ မော်ဒယ်တွေမှာ စက်စတင်နှိုးတဲ့အခါ အင်ဂျင်က မီးမကူးတာအဖြစ်များပါတယ်။
ဘက်ထရီခလုတ်ဖွင့်သော်လည်း အင်ဂျင်က မလည်ပတ်ဘူးဆိုရင် အင်ဂျင်မီးပွားပလတ်နဲ့ ကွိုင်တွေမှာ ပြစ်ချက် ရှိနိုင်ပါတယ်။
မီးပေးစနစ် မှားယွင်းချိန်ညှိထားတာလည်း ဖြစ်နိုင်ပါတယ်။ မီးပွားပလတ်တွေကို ဖြုတ်ထုတ်ပြီး သန့်ရှင်းပေးရပါမယ်။
ကြားလပ် အကွာအဝေးကို ချိန်ပေးရမယ်။ မကောင်းရင် အသစ်လဲလှယ်ရပါမယ်။
ကွိုင်မှာ အတွက်ကောင်းမွန်တာ ရှိ မရှိ သိနိုင်ဖို့ ပလတ်ဝါယာအသီးသီးရဲ့အဆုံးမှာ စမ်းသပ်စစ်ဆေးရပါမယ်။
မကောင်းပါက အသစ်လဲလှယ်ပေးပါ။
အီလက်ထရစ်ဆလိုက်ဒိုးပြဿနာ
=================
၂၀၁၄ မော်ဒယ် Raum ရဲ့ အီလက်ထရစ် ဆလိုက်ဒိုးတွေမှာ ပြဿနာရှိတတ်ပါတယ်။
နောက်ဆလိုက်တံခါးကို ပိတ်ထားလျှင် ရှေ့ဆလိုက်တံခါးက ဖွင့်လို့မရတာပါ။ ၂၀၁၃ မော်ဒယ် Raum မှာ ဘယ်ဘက်ရှေ့ဆလိုက်တံခါးပိတ်ထားလျှင် ဘယ်ဘက်နောက်ဆလိုက်တံခါးဖွင့်မရတာတွေ ဖြစ်တတ်ပါတယ်။
လျှပ်စစ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိနေတာ ဖြစ်ပါတယ်။
ဂီယာပြဿနာ
=======
၂၀၀၂ မော်ဒယ် Raum ကို အင်ဂျင် အအေးပေးပန်ကာအော်တာနေတာနှင့် တိုင်မင်ကြိုးတွေ အသစ်လဲထားတယ်။
အင်ဂျင်ဝိုင်နျင့် ဆီစစ်တွေလည်း အသစ်လဲထားတယ်။
အဲသည်နောက် ဘက်ဂီယာထိုးတဲ့အခါ ကားကမရွေ့ဘဲ ဖြစ်နေတတ်ပါတယ်။
ဂီယာကို ကြမ်းခင်းရောက်အောင်ဖိလည်း မထူးခြားပါဘူး။
ရှေ့ဂီယာပြောင်းတော့လည်း ဖြည်းဖြည်းပဲ သွားပါတယ်။
ကုန်းတက်တွေမှာဆို ပိုနှေးသွားတယ်။
ဂီယာဝိုင်နဲ့ fuel filter လဲလှယ်ရပါမယ်.
ဂီယာဝိုင် အရည်အသွေးကျဆင်းနေတာဖြစ်ဖို့ များပါတယ်။
အပူထုတ်စက် အလုပ်မလုပ်တာ
=================
၂၀၀၆ မော်ဒယ် Raum ရဲ့ car heater က အလုပ်မလုပ်တာပါ။ အဲကွန်းကတော့ ပုံမှန်အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ လေပူထုတ်စက်ကို ဖွင့်တဲ့အခါ လေအေးတွေပဲ ထုတ်ပေးနေတာပါ။ လျှပ်စစ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပါတယ်။
ဖျူစ်ဘောက်စ်ကို စစ်ဆေးသင့်ပါတယ်။
စင်ထရယ်လော့ခ် အလုပ်မလုပ်တာ
==================
၁၉၉၈ မော်ဒယ် Raum ရဲ့ central locking က အလုပ်မလုပ်တာပါ။
ယာဉ်မောင်းသူဘက်က တံခါးကလွဲရင် ကျန်တဲ့တံခါးအားလုံးလော့ခ်ချလို့ မရတာပါ။
central locking စနစ် ကျွမ်းကျင်သူတွေနဲ့ ပြုပြင်ရပါမယ်။
ရုတ်တရက် စက်ရပ်သွားတတ်တာ
==================
၂၀၀၇ မော်ဒယ် Raum ကို မောင်းနှင်နေရင်း အင်ဂျင်မလည်ပတ်တော့ဘဲ ရပ်တန့်သွားတတ်ပါတယ်။
စက်ပြန်နှိုးတဲ့အခါ ပုံမှန်လည်ပတ်ပါတယ်။ ပုံမှန်မောင်းနှင်နေရင်း တစ်ခါတစ်ရံမှာ စက်ရပ်သွားတတ်တာ၊ မီးပေးကွိုင်၊ မီးပွားပလတ်နဲ့ ဆီလမ်းပြောင်းတွေကို စစ်ဆေးသင့်ပါတယ်။
Fuel pump ကိုလည်း စစ်ဆေးရပါမယ်။