RAV4 က Corolla ရောင်းအားကို ယှဉ်နိုင်လာ


RAV4 က Corolla ရောင်းအားကို ယှဉ်နိုင်လာ

၂၀၂၁ မှာ ယာဉ်အစိတ်အပိုင်းများနှင့် ချစ်ပ်များ လုံလုံလောက်လောက် မရသဖြင့် ထုတ်လုပ်မှု ရပ်ဆိုင်းထားရတဲ့ ရက်ကာလများ ရှိခဲ့သော်လည်း Toyota Corolla က စီးရေ သန်း ၅၀ မိုင်တိုင်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့အရောင်းရဆုံး ကား brand ဖြစ်တဲ့ Corolla ကို Toyota က ကမ္ဘာတစ်လွှားမှာ နှစ်စဉ် စီးရေ တစ်သန်းကျော် ထုတ်လုပ်ခဲ့ပါတယ်။ hatchback, sedan, coupe, wagon စသဖြင့် ခေတ်ကာလအလျောက် လူကြိုက်များတဲ့ အမျိုးအစားဖြင့် ထုတ်လုပ်ခဲ့ပြီး ယခုအခါ SUV အမျိုးအစား ရေပန်းစားချိန်မှာ Toyota Corolla Cross  မော်ဒယ် SUV အငယ်စားကို ထုတ်လုပ်ပါတယ်။

၂၀၂၁ မှာ Toyota ရဲ့ showroom တွေထဲမှ Corolla စီးရေ စုစု‌ေပါင်း ၁,၃၁၂,၅၀၀ ရောင်းထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေနဲ့ ချိန်ထိုးကြည့်ရင် ၂၀၁၅ မှာ Corolla စီးရေ ၁.၃ သန်း ရောင်းခဲ့ရပြီး နောက်နှစ်တွေမှာ ၁.၁~၁.၂ သန်း ဝန်းကျင်သာ ရောင်းခဲ့ရပါတယ်။ ရောင်းအား အကျဘက်ကို ရောက်ရှိနေခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ဘေး ဖိစီးနေချိန် စီးရေ ၁,၁၇၈,၄၀၀ ရောင်းရပါတယ်။ ၂၀၂၁ မှာ ၁.၃ သန်း စံချိန်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း Corolla နည်းတူ ‌အဝယ်လိုက်နေခဲ့တဲ့ မော်ဒယ်မှာ RAV4 ဖြစ်ပါတယ်။ 

၂၀၁၅ တွင် ကမ္ဘာတစ်လွှားတွင် RAV4 စီးရေ ၆၆၉,၂၀၀ ရောင်းရပါတယ်။ ယခင်က အကြမ်းအားဖြင့် တစ်နှစ်တာ ရောင်းအားပမာဏ ၅၆,၀၀၀ စီး ရှိခဲ့ရာမှ မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။
RAV4 ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တဲ့နှစ်မှာ ၂၀၁၉ ခုနှစ်ဖြစ်ပါတယ်။ စီးရေ ၉၆၅,၈၀၀ ရောင်းရပါတယ်။ ၂၀၁၈ ထက် စီးရေ ၁၂၆,၄၀၀ ပိုများသည်အထိ ရောင်းအား ခုန်တက်ခဲ့ခြင်း ဖြစ်ပါတယ်။ 

 ၂၀၂၁ မှာ RAV4 ရောင်းရစီးရေ ၁ သန်းကျော်ခဲ့ပါတယ်။ RAV4 အနေဖြင့် စီးရေ ၁ သန်းမိုင်တိုင်ကို ပထမဆုံး အကြိမ်ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
 စီးရေ ၁,၀၁၀,၀၀၀ ရောင်းရပါတယ်။
 RAV4 ရောင်းအား အရှိန်မကျ၊ Corolla Cross  က ရောင်းအား အရှိန်တက်အောင် မစွမ်းဆောင်နိုင်ခဲ့ရင် ယခုနှစ်အတွင်းမှာ RV4 က Corolla ကို ကျော်တက်ပါလိမ့်မယ်။

Read 3385 times