ထိုင်းဈေးကွက် BYD ဝင်ရောက်မည်
တရုတ်နိုင်ငံမှ အီးဗီထုတ်လုပ်ရေးလုပ်ငန်း BYD ရဲ့ ကားများ ရောင်းချဖို့အတွက် Rever Automotive Co ထူထောင်လိုက်ပါတယ်။
Rever က ထိုင်းဈေးကွက်အတွက် တဦးတည်းအရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်မှာ ဖြစ်ပြီး အရောင်းမြှင့်တင်ရေးအတွက် ဘတ် ၃ ဘီလီယံအထိ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ ဦးဆောင် အီးဗီလုပ်ငန်းဖြစ်အောင်လုပ်ဖို့ ရည်မှန်းချက်ထားရှိပါတယ်။
ထိုင်းနိုင်ငံမှာ Nissan အိမ်စီးကားများနှင့် ထရပ်ကားများ ထုတ်လုပ်တဲ့ Siam Motors Group ကို ပိုင်ဆိုင်တဲ့ Phornprapha မိသားစုက ထိုင်းဈေးကွက်မှာ BYD ကို တစ်ဦးတည်း အရောင်းကိုယ်စားလှယ်အဖြစ်လုပ်ကိုင်ဖို့ Rever Automotive Co ထူထောင်လိုက်တာ ဖြစ်ပါတယ်။
Rever Automotive ရဲ့ စီအီးအို Pratarnwong Phornprapha က "BYD ရဲ့ အီးဗီတွေကို တင်သွင်းပြီး ထိုင်းဈေးကွက်ထဲမှာ ရောင်းချဖို့ ကျွန်တော်တို့ BYD နှင့် လက်တွဲထားပါတယ်" လို့ ပြောကြားပါတယ်။
ပထမနှစ်မှာ BYD ကား စီးရေ ၁၀,၀၀၀ ရောင်းချဖို့ ရည်မှန်းထားပါတယ်။ ၅ နှစ်အတွင်းမှာ ရောင်းအား စီးရေ ၅၀,၀၀၀~၆၀,၀၀၀ အထိ ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။
နောက်နှစ်မှာ ထိုင်းနိုင်ငံတစ်လွှား အရောင်းကိုယ်စားလှယ် ၆၀~၇၀ ဖြင့် ကွန်ရက်ထူထောင်ပါမယ်။
Rever Automotive က အီးဗီထုတ်လုပ်ဖို့ စက်ရုံ တစ်ရုံ ထူထောင်ဖို့လည်း အစီအစဉ် ရှိပါတယ်။
"ကုမ္ပဏီအနေနဲ့ ထိုင်းနိုင်ငံမှာ ကုမ္ပဏီရဲ့ ပထမဆုံး ကားတပ်ဆင်ရေး စက်ရုံကို တည်ထောင်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး BYD နဲ့ ဆွေးနွေးထားပါတယ်" လို့ Mr Pratarnwong မှ ပြောကြားပါတယ်။
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U
Source: Bangkok post