ထိုင်းကားဈေးကွက် ကြွေးမဆပ် ကားသိမ်း စီးရေ မြင့်တက်


ထိုင်းကားဈေးကွက် ကြွေးမဆပ် ကားသိမ်း စီးရေ မြင့်တက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းနိုင်ငံ မော်တော်ယာဥ်ကဏ္ဍတွင် ကြွေးမဆပ်သော ချေးငွေများ non-performing loans (NPLs) ပိုများလာနေခြင်းသည် ထိုင်းနိုင်ငံ၏ မော်တော်ယာဥ်ထုတ်လုပ်မှုကို ယခုနှစ်တွင် ထိခိုက်စေနိုင်သည်။
လစဉ် ကား အစီးရေ ၂၀,၀၀၀ မှ ၂၅,၀၀၀ ဝန်းကျင်အထိ ကြွေးမဆပ်သဖြင့် သိမ်းဆည်းနေရသည်ဟု ထိုင်းစက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries(FTI) က ပြောကြားသည်။

"တကယ်လို့  ယခုနှစ်တွင် အဆိုးဆုံးအခြေအနေ တစ်လလျှင် ကားအစီးရေ ၃၀,၀၀၀ ကို သိမ်းဆည်းရတယ်ဆိုရင်  မော်တော်ကားထုတ်လုပ်မှုအပေါ် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး" FTI ၏ ဒုဥက္ကဋ္ဌနှင့် FTI ၏ မော်တော်ကားလုပ်ငန်းကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။

“ဒါပေမဲ့ ဒီ NPL နှုန်းဟာ ကမ္ဘာလုံးဆိုင်ရာ ကားကုမ္ပဏီတွေနဲ့ အရောင်းကိုယ်စားလှယ်တွေအတွက် ကြီးလေးတဲ့ စိုးရိမ်စရာဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်နေတုန်းပါပဲ။ ဘဏ်တွေနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေက ကားချေးငွေတွေကို ကိုင်တွယ်နိုင်မယ်လို့ သူတို့က ယူဆပါတယ်”

ယခုနှစ်အစောပိုင်းတွင် ကလပ်သည် ၎င်း၏ ကားထုတ်လုပ်မှု ရည်မှန်းချက်ကို အစီးရေ ၁.၉၅ သန်းမှ ၁.၉ သန်းသို့ လျှော့ချခဲ့သည်။

 ပြည်တွင်းကားရောင်းချမှု ကျဆင်းခြင်းနှင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော လျှပ်စစ်ကားများ တိုးလာခြင်းတို့ကြောင့် ကားထုတ်လုပ်မှု ရည်မှန်းချက်ကို လျှော့ချခဲ့ခြင်းဖြစ်သည်။


 ယခင်က ပြည်တွင်းဈေးကွက်အတွက် ကားထုတ်လုပ်မှုကို အစီးရေ ၉ သိန်းဟု ရည်မှန်းထားခဲ့ပြီးနောက် အစီးရေ ၅ သောင်းလျှော့ချကာ ၈ သိန်းခွဲဟု ပြင်ဆင်လျာထားခဲ့သည်။
 
ကလပ်သည် ပြည်ပတင်ပို့ရန် ကားထုတ်လုပ်မှုကို အစီးရေ ၁.၀၅ သန်းဟု ယခင်အတိုင်း ဆက်လက်လျာထားသည်။

ငွေရေးကြေးရေးအဖွဲ့အစည်းများက ကားချေးငွေအတွက် တင်းကျပ်သည့် စံနှုန်းများ ချမှတ်ထားခြင်းကြောင့် ကားချေးငွေ ရယူဖို့ ခဲယဉ်းသွားပြီး  ပြည်တွင်းကားရောင်းအား နှေးကွေးသွားပါသည်။

ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ပထမ ၇ လတ‌‌ွင် အစီးရေ ၄၆၄,၅၅၀ ရောင်းချခဲ့သည်
ယမန်နှစ် ပထမ ၇ လတွင် အစီးရေ ၄၉၁,၃၂၉ ရောင်းချခဲ့သည်ထက် ၅.၄% လျော့ကျသည်။

ပစ်ကပ်ထရပ် ရောင်းအား သိသိသာသာ ထိုးကျသည်။ ယမန်နှစ် ပထမ ၇ လတွင် အစီးရေ ၂၂၈,၀၇၀ ရောင်းချခဲ့ပြီး ယခုနှစ်တွင် ၁၆၉,၉၉၄ စီး ရောင်းချခဲ့သည်။ ၂၅.၅% လျော့ကျသည်။


ဇူလိုင်လကို ကြည့်လျှင် ယမန်နှစ်က ကားအစီးရေ ၆၄,၀၃၃ စီး ရောင်းချခဲ့ပြီး ယခုနှစ်တွင် ၅၈,၄၁၉ စီး ရောင်းချခဲ့သည်။ ၈.၇% လျေိာ့ကျသည်။
အင်ဂျင်ပါဝါကား ၄၇,၅၄၆ စီး ရောင်းချခဲ့ပြီး ဘက်ထရီပါဝါကား အီးဗီ ၄,၄၃၈ စီး ရောင်းချခဲ့သည်။

"အိမ်ထောင်စုကြွေးမြီမြင့်မားမှု၊ ဘဏ်များ၏ တင်းကျပ်သော ချေးငွေစံနှုန်းများနှင့် အီးဗီ တင်သွင်းမှုများကြောင့် ပြည်တွင်းထုတ်ကားများ ရောင်းအား ဆက်လက်ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်" ဟု Mr Surapong မှ ပြောကြားခဲ့သည်။

အိမ်ထောင်စုကြွေးမြီးသည် ဘတ် ၁၆ ထရီလီယံ ရှိသည်။ GDP ၏ ၉၀.၆% သို့ ရောက်ရှိနေသည်။ 
ငွေတိုးချေးစားသူများထံမှ ရယူထားသည့် ချေးငွေကြွေးမြီများကိုပါ ထည့်တွက်လျှင် GDP ၏ ၁၂၀% အထိ ရောက်ရှိမည် ဖြစ်သည်။

ဇူလိုင်လတွင် ကား ၁၄၉,၇၀၉ စီး ထုတ်လုပ်ခဲ့သည်။ 
 ပထမ ၇ လတွင် အစီးရေ ၁.၀၇ သန်း ထုတ်လုပ်ခဲ့သည်။

 


 
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 613 times