ရုရှားနိုင်ငံရှိ Volkswagen ပိုင်ဆိုင်မှုများကို ရုရှားတရားရုံးက သိမ်းဆည်းရန် စီရင်ချက်ချ


ရုရှားနိုင်ငံရှိ Volkswagen ပိုင်ဆိုင်မှုများကို ရုရှားတရားရုံးက သိမ်းဆည်းရန် စီရင်ချက်ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရုရှားမှ တရားရုံးတစ်ရုံးက ရုရှားနိုင်ငံရှိ Volkswagenassets အားလုံးကို  သိမ်းဆည်းရန် တနင်္လာနေ့(မတ် ၂၀)တွင် စီရင်ချက်ချလိုက်သည်။ 


ဂျာမန်ကားထုတ်လုပ်သူVolkswagen က ရုရှားမှ ၎င်း၏ လုပ်ငန်းကဏ္ဍကို ရုပ်သိမ်းရန် ကြိုးပမ်းနေသော တစ်နှစ်တာကြိုးပမ်းအားထုတ်မှုတွင် နောက်ဆုံးကြုံရသည့် အတားအဆီး တစ်ခု ဖြစ်သည်။ 

ယူကရိန်းအရေးကြောင့် အနောက်နိုင်ငံတို့က ရုရှားအပေါ် မကြုံစဖူး ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီးနောက် Volkswagen သည် အခြား ပြည်ပကားထုတ်လုပ်ရေး လုပ်ငန်းများနှင့် အတူ ရုရှားမှာ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းခဲ့ပါသည်။

တစ်နှစ်လျှင် ကားအစီးရေ ၂၂၅,၀၀၀ ထုတ်လုပ်နိုင်သော ရုရှားနိုင်ငံ Kaluga မြို့ရှိ ၎င်း၏ အထင်ကရ စက်ရုံအပါအဝင် ရုရှားမှ ပိုင်ဆိုင်မှုများကို ရောင်းချရန် ၂၀၂၂ ခုနှစ် မတ်လကတည်းက ကြိုးပမ်းလျက်ရှိသည်။

ရုရှားကားထုတ်လုပ်ရေး GAZ သည် Nizhny Novgorod ရှိ ၎င်း၏ စက်ရုံတွင် Volkswagen ကားများ ထုတ်လုပ်ရန် စာချုပ် ချုပ်ဆိုထားသည်ကို ၂၀၂၂  သြဂုတ်လတွင် Volkswagen က ထုတ်လုပ်ရေး သဘောတူညီချက်ကို ရပ်စဲလိုက်သည့်အတွက် နစ်နာကြေး ရရှိရန် တရားစွဲဆိုခဲ့သည်။

တရားရုံးစွဲချက်တင်ရာတွင် GAZ က Volkswagen သည် ရုရှားဈေးကွက်မှ ထွက်ရန် ကြိုးပမ်းမှုသည် GAZ ၏ ကိုယ်ပိုင်အကျိုးစီးပွားကိုနစ်နာစေပြီး  စာချုပ်ရပ်စဲခြင်းအတွက် နစ်နာကြေး ရူဘယ် ၁၅.၆ ဘီလီယံ (ကန်ဒေါ်လာ ၂၀၁.၃ သန်း) တောင်းခံခဲ့သည်။


GAZ နှင့် အငြင်းပွားမှု ဖြစ်ပွားနေချိန်တွင် ရုရှားနိုင်ငံရှိ Volkswagen ၏ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းထားရန် ရုရှားတရားရုံးက တနင်္လာနေ့တွင် စီရင်ချက်ချလိုက်သည်။ 

Volkswagen ၏ ရုရှားလုပ်ငန်းခွဲက တရားစွဲဆိုမှုကြောင့် အံ့အားသင့်ခဲ့ရပြီး စာချုပ်ရပ်ဆိုင်းခြင်းသည်  နှစ်ဦးနှစ်ဖက်သဘောတူထားသည့် စည်းကမ်းချက်များဖြင့် ပြီးမြောက်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားသည်။ 

Volkswagen သည် Volkswagen Group Rus မှ ၎င်း၏ရှယ်ယာများကို ရောင်းချရန် ရုရှားအစိုးရအာဏာပိုင်များထံ လျှောက်ထားဆဲဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ အဆိုပါ ရှယ်ယာများတွင် ဝန်ထမ်းဦးရေ ၄,၀၀၀ ကျော် ရှိသည့်  Kaluga စက်ရုံ၏ ရှယ်ယာများလည်း ပါဝင်ကြောင်း၊ ယုံကြည်စိတ်ချရသည့် ရုရှားရင်းနှီးမြှုပ်နှံသူတစ်ဦးထံ ရောင်းချရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းထံမှ အတည်ပြု ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း ၎င်းလုပ်ငန်းခွဲက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

Volkswagen Group ၏ အစိတ်အပိုင်တစ်ခုဖြစ်သောချက်မှ ကားထုတ်လုပ်သူ Skoda Auto က ၎င်း၏ ရုရှားပိုင်ဆိုင်မှုများကို ရောင်းချရန် သဘောတူညီချက်၏ နောက်ဆုံးအဆင့်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ယခုသီတင်းပတ်အစောပိုင်းက ပြောကြားခဲ့သည်။

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည့် “မိတ်ဘက်မဖြစ်သော” နိုင်ငံများမှ ကုမ္ပဏီများသည် ရုရှားပိုင်ဆိုင်မှုမှန်သမျှ ရောင်းချလိုပါက ရုရှားအစိုးရကော်မရှင်ထံမှ ခွင့်ပြုချက်ရရှိရန် မဖြစ်မနေ လိုအပ်သည်ဟု ရုရှားအစိုးရက အမိန့်ထုတ်ပြန်ထားသည်။

အနောက်တိုင်း ထိပ်တန်း ကားထုတ်လုပ်သူ များသည် ရုရှားဈေးကွက်မှ ထွက်ခွာသွားကြသည်။
ပြီးခဲ့သည့်နှစ်က ပြင်သစ်နိုင်ငံမှ Renault သည် ၎င်း၏ ရှယ်ယာအများစုကို ၂ ရူဘယ်တည်းဖြင့် ရုရှားနိုင်ငံပိုင် အဖွဲ့အစည်းတစ်ခုထံ ရောင်းချခဲ့သည်။ ယခင်က ယူရို ၂.၂ ဘီလီယံ (ကန်ဒေါ်လာ ၂.၃၅ ဘီလီယံ) တန်ကြေးရှိ ပိုင်ဆိုင်မှုများကို စာရင်းမှ ပယ်ဖျက်ခဲ့သည်။ 

Read more
Renault  က ရုရှားမှ လုပ်ငန်းကဏ္ဍအကုန်လုံးကို ၂ ရူဘယ် ဖြင့် ရောင်းချ
https://www.automobiledirectory.com.mm/article/renault-sells-russia-business.html


နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူများသည် မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများကို နိုင်ငံပိုင်အဖြစ် ရုရှားက ပြည်သူပိုင်သိမ်းမည်ကို စိုးရိမ်နေကြသည်။
ပြီးခဲ့သော ဇူလိုင်လတွင် သမ္မတ ဗလာဒီမာပူတင်သည် ရုရှားနိုင်ငံ အရှေ့ဖျားရှိ Sakhlain-2 ဓာတ်ငွေ့နှင့် ရေနံစီမံကိန်းကို အပြည့်အဝ ထိန်းချုပ်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး စီမံကိန်း၏ ၅၀ ရာခိုင်နှုန်းနီးပါးကို Shell နှင့် ဂျပန်ကုန်သွယ်ကုမ္ပဏီနှစ်ခုထံမှ ရယူခဲ့သည်။

ငွေလဲနှုန်းများ
($1 = 77.5000 roubles)
($1 = 0.9356 euros)
Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 286 times