SAIC ကားတင်သင်္ဘောအသစ် ဗွေဆော်ဦး ခရီး စတင်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
တရုတ်နိုင်ငံ၏ နိုင်ငံပိုင် မော်တော်ယာဥ်ကုမ္ပဏီကြီး SAIC Motor Corp ၏ ကားတင်သင်္ဘောအသစ်သည် ဗွေဆော်ဦး ပထမဆုံးခရီးစဉ်ကို စတင်ပါသည်။ SAIC, Dongfeng, Yutong Bus တို့မှ တင်ပို့သည့် ကားများ အစီးရေ ၅၀၀၀ ခန့်ကို ဥရောပသို့ ပို့ဆောင်မည်ဟု SAIC က သတင်းထုတ်ပြန်သည်။
SAIC သည် ပြည်ပသို့ တနှစ်လျှင် ကားအစီးရေ ၁.၂ သန်းကျော် တင်ပို့ပါသည်။
SAIC ၏ လော့ဂျစ္စတစ်လုပ်ငန်း Anji Logistics တွင် ကားတင်သင်္ဘော စုစုပေါင်း ၃၁ စီး ရှိသွားပြီ ဖြစ်ပါသည်။
Anji သည် တရုတ်ပြည်မှ အရှေ့တောင်အာရှ၊ မက္ကဆီကို၊တောင်အမေရိကနှင့် ဥရောပသို့ ကားတင်သင်္ဘောခရီးစဉ်များ ပြေးဆွဲပါသည်။
ကားတင်သင်္ဘောအသစ်သည် ကားအစ္းရေ ၇,၆၀၀ တင်ဆောင်နိုင်သည့် အရွယ်အစားဖြစ်ပြီး China State Shipbuilding Corporation က တည်ဆောက်ခဲ့ပါသည်။
လာမည့် ၃ နှစ်အတွင်း နောက်ထပ် ကားတင်သင်္ဘောအသစ် ၁၄ စီးထပ်တိုးမည် ဖြစ်ပြီး စီးရေ ၇၀၀၀၊ ၇၆၀၀၊ ၇၈၀၀၊ ၉၀၀၀ တင်ဆောင်နိုင်သည့် အရွယ်အစားများ ဖြစ်ပါသည်။
Source cnevpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL