SAIC Volkswagen က ဒေါ်လာ ၅၃၇ သန်း သုံးစွဲပြီး ကားဝယ်သူတိုင်းကို ထောက်ပံ့ကြေး ပေးမည့် အစီအစဉ် ကြေညာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
SAIC Volkswagen Automotive Co သည် တရုတ်နိုင်ငံတွင် ကားဝယ်ယူမှုများအတွက် ယွမ် ၃.၇ ဘီလီယံ (ကန်ဒေါ်လာ ၅၃၇ သန်း) ကို ငွေသားထောက်ပံ့မှု ပေးလျက်ရှိသည်။
ကမ္ဘာ့အကြီးဆုံး ကားစျေးကွက်တည်ရှိရာ တရုတ်နိုင်ငံတွင် အလွန်တင်းကျပ်သည့် မော်တော်ယာဉ် ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ စည်းမျဉ်းများ စတင်သက်ရောက်မည့် အချိန်မတိုင်ခင် ကားအမှတ်တံဆိပ် ၄၀ ကျော်တို့က စျေးနှုန်းလျှော့ချကြရာတွင် SAIC Volkswagen လည်း ပါဝင်လာခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ SAIC Motor Corp Ltd နှင့် ဂျာမနီနိုင်ငံ Volkswagen AG တို့၏ ဖက်စပ်လုပ်ငန်း SAIC Volkswagen Automotive Co သည် Teramont ၊ Lavida နှင့် Phideon မော်ဒယ်များ အပါအဝင် ၎င်း၏ ကားမော်ဒယ်အတွက် ဧပြီလ ၃၀ ရက်အထိ ထောက်ပံ့ကြေး ယွမ် ၁၅,၀၀၀ မှ ၅၀,၀၀၀ အထိ ပေးအပ်မည်ကြောင်း SAIC-VW က ၎င်း၏ WeChat အကောင့်တွင် ကြေညာခဲ့သည်။
Honda Motor Co Ltd နှင့် Toyota Motor Corp တို့၏ တရုတ်မိတ်ဖက်ဖြစ်သော Guangzhou Automobile Group သည်လညမး မတ် ၁၅ ရက်မှ မတ် ၃၁ ရက်အထိ ထောက်ပံ့ကြေးများ ပေးအပ်မည်ဟု ကြေညာထားသည်။
တရုတ်အိမ်စီးကားများ ရောင်းအားသည် အချို့သော ကားထုတ်လုပ်သူတို့က ဝယ်လိုအားကို လှုံ့ဆော်ရန် လျှော့စျေးများကို ကမ်းလှမ်းခဲ့သော်လည်း ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ၂၀ % ကျဆင်းခဲ့သည်။
ဘက်ထရီသုံး နှင့် ပလပ်ထိုး ဘက်ထရီ-ဓာတ်ဆီ ဟိုက်ဘရစ်ကားများ ပါ၀င်သည့် စွမ်းအင်သစ်ကားများ ရောင်းအား ကြီးထွားမှုပိုမိုမြန်ဆန်လာခဲ့သည်။ ဖေဖော်ဝါရီလ ရောင်းအား၏ ၃၀% သည် စွမ်းအင်သစ်ကားများ ဖြစ်သည်။
တရုတ်အစိုးရ၏ ပိုမိုတင်းကျပ်သော ဓာတ်ငွေ့ထုတ်လွှတ်မှုစံနှုန်း ပြဋ္ဌာန်းချက်သည် ဇူလိုင်လ ၁ ရက်နေ့မှာ စတင်သက်ရောက်မည်။ စံနှုန်း မမီသောကားအသစ်များ ရောင်းချခြင်းကို တားမြစ် ပိတ်ပင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ၎င်းစံနှုန်းကို မမီသော ကားအသစ်များ လက်ထဲ ရှိနေသည့် ကားထုတ်လုပ်သူများသည် ဇူလိုင်လ ၁ ရက် မတိုင်ခင် ကားများ ရောင်းချနိုင်ဖို့ ကြိုးပမ်းနေသည့်အနေဖြင့် ဈေးလျှော့ခြင်း၊ ထောက်ပံ့ကြေးပေးခြင်းများ ကမ်းလှမ်းနေကြသည်။
တစ်ချိန်တည်းမှာပင် ရောင်းအားမြှင့်တင်နိုင်ရန်နှင့် ဈေးကွက်ဝေစု သိမ်းပိုက်နိုင်ရန် ဈေးလျှော့ရောင်းသည် ဈေးနှုန်းစစ်ပွဲကလည်း ပြင်းထန်နေသည်။
ဒေသန္တရအစိုးရများသည် ဒေသခံ ပြည်တွင်းကားထုတ်လုပ်သူများမှ ထုတ်လုပ်သောကားများဝယ်လိုအား ပြန်လည်ရှင်သန်လာစေရန် မက်လုံးများ ထပ်မံဖြည့်တင်းလျက်ရှိသည်။
တရုတ်ပြည် အလယ်ပိုင်းရှိ ဟူပေပြည်နယ်အစိုးရနှင့် တရုတ်အစိုးရကျောထောက်နောက်ခံပြု Dongfeng Motor Group Co Ltd တို့ ပူးပေါင်းပြီး Citroen C6 ဆီဒင် ဝယ်ယူသူကိုယွမ် ၉၀,၀၀၀ အထိ ထောက်ပံ့ကြေးများ ပေးအပ်သည်။
Citroen C6 ဆီဒင်ကို ဥရောပမှ Stellantis NV နှင့် Dongfeng Motor တို့၏ ဖက်စပ်လုပ်ငန်းမှ ဟူပေပြည်နယ်တွင် ထုတ်လုပ်ပါသည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U