နောက်နှစ် ၂၀၂၁ ခုနှစ်အတွင်းမှာ လျှပ်စစ်ကားမော်ဒယ်အသစ်တစ်မျိုးကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး အားကုန်နေတာကို အားအပြည့်သွင်းဖို့ ၁၀ မိနစ်ပဲ ကြာမယ့် ဘက်ထရီ တပ်ဆင်ပေးထားမယ်လို့ တိုယိုတာ ကားကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အားအပြည့်သွင်းထားပြီး ရင် ခရီး ကီလိုမီတာ ၅၀၀ (မိုင်ပေါင်း ၃၁၀) အထိ မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။
လက်ရှိ လျှပ်စစ်ကားတွေမှာ သုံးစွဲနေတဲ့ လစ်သီယံ အိုင်ရွန်း lithium-ion ဘက်ထရီတွေက အရည် သို့မဟုတ် အရည်ပျစ် ပိုလီမာဂျယ်ကို သုံးထားကြပြီး တိုယိုတာကတော့ အစိုင်အခဲများသာ သုံးစွဲတဲ့ အစိုင်အခဲ ဘက်ထရီ
ကို သုံးစွဲထားပါတယ်။
lithium-ion ဘက်ထရီတွေက အားသွင်းရင် အချိန်ကြာတယ်။ အားအပြည့်သွင်းပြီး မောင်းနှင်တဲ့အခါ ခရီးတာ ဝေးဝေး မရောက်ခင်မှာပဲ အားကုန်တယ်။ ဘက်ထရီ သက်တမ်းကြာတာနဲ့အမျှ
အားပြန် ထုတ်ပေးတဲ့ ပမာဏ လျော့ကျတယ်။
အစိုင်အခဲသုံး ဘက်ထရီက အားသွင်းရတာ မြန်ဆန်တယ်။ ခရီးတာ ပိုဝေးဝေးအထိ မောင်းလို့ ရတယ်။ တစ်နည်းပြောရရင် lithium-ion ဘက်ထရီရဲ့ အားနည်းချက်တွေ အစိုင်အခဲသုံး ဘက်ထရီမှာ မရှိဘူး။ ကားမှာ တပ်ဆင်သုံးစွဲမယ့် sollid-state ဘက်ထရီနဲ့ပတ်သက်တဲ့ မူပိုင်ခွင့် အမျိုးပေါင်း ၁,၀၀၀ ကျော်ကို တိုယိုတာက မူပိုင်ခွင့် ရယူထားပါတယ်။
sollid-state ဘက်ထရီဖြင့် ကားကို ထုတ်လုပ်ရောင်းချတာ တိုယိုတာက ပထမဆုံး ြဖစ်လိမ့်မယ်။ ရှေ့ပြေး နမူနာပုံစံကို လာမယ့်နှစ်မှာ ပွဲထုတ်ပြပြီးရင် ရောင်းချဖို့အတွက် လျှပ်စစ်ကားတွေကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။