သွားနိုင်သည့် ခရီးတာ ထိန်ချန်သဖြင့် Tesla ကို တောင်ကိုရီးယားတွင် ဒေါ်လာ ၂.၉၆ သန်း ဒဏ်တပ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အပူချိန်နိမ့်သောအခါ Tesla လျှပ်စစ်ကားများ သွားနိုင်သည့် ခရီးတာ သိသိသာသာ လျော့ကျသည်ကို သုံးစွဲသူများအား အသိပေး ပြောပြရန် ပျက်ကွက်သည့်အတွက် Tesla Inc ကို ဝမ် 2.85 ဘီလီယံ (S$ 2.96 သန်း) ဒဏ်ရိုက်မည်ဖြစ်ကြောင်း တောင်ကိုရီးယားမှ Korea Fair Trade Commission (KFTC) က ပြောကြားသည်။
၂၀၁၉ ခုနှစ် ဩဂုတ်လကတည်းက စ၍ မကြာသေးမီအထိ Tesla သည် ၎င်း၏တရားဝင် ၀က်ဘ်ဆိုက်တွင် Tesla ကားများ၏ ဘက်ထရီ အားအပြည့် တစ်ကြိမ်သွင်းပြီးသည့်နောက် မောင်းနှင်နိုင်မှု ခရီးတာကို ချဲ့ကားတင်ပြကြောင်း KFTC မှ ပြောကြားပါသည်။ အလားတူပင် ၎င်း၏ Superchargers အားသွင်းရုံ၏ စွမ်းဆောင်ရည်ကိုလည်း ချဲ့ကားပြီး ပြောကြားခဲ့သည်ဟု KFTC မှ ပြောကြားပါသည်။
Tesla ကားများ၏ မောင်းနှင်နိုင်သော ခရီးတာသည် အေးစက်နေသည့် ရာသီဥတု အခြေအနေအောက်တွင် ၅၉.၅% လျော့ကျပါသည်။ Tesla ၏ အွန်လိုင်းကြော်ငြာနှင့် တခြားစီ ဖြစ်နေကြောင်း KFTC က ၂၀၂၃ ဇန်နဝါရီလ ၃ ရက်တွင် ပြောကြားခဲ့သည်။
Tesla သည် ၎င်း၏ဝဘ်ဆိုဒ်တွင် ဆောင်းရာသီမောင်းနှင်မှုဆိုင်ရာ အကြံပြုချက်များကို ပေးထားပါသည်။ ပြင်ပ လျှပ်စစ်ဓာတ်အားဖြင့် ကားကို အနွေးဓာတ်ကြိုပေးထားရန်၊ နောက်ဆုံးထုတ် စွမ်းအင်အက်ပ်ကို အသုံးပြုပြီး စွမ်းအင် သုံးစွဲမှုကို စောင့်ကြည့်ရန် စသဖြင့် အကြံပြုထားသော်လည်း အအေးချိန် သုညအောက် အနုတ်ပြနေချိန်တွင် ခရီးတာ ထက်ဝက်မက လျော့ကျမည် ဖြစ်ကြောင်း ပြောဆိုထားခြင်း မရှိဘဲ ထိန်ချန်ထားပါသည်။
Source: Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U